YouVersion လိုဂို
ရှာရန် အိုင်ကွန်

ယေဇကျေလ 27:1-36

ယေဇကျေလ 27:1-36 JBMLE

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ဆီ​သို့ ရောက်​လာ၍၊ အ​ချင်း​လူ​သား၊ တု​ရု​မြို့​အ​တွက် မြည်​တမ်း​ခြင်း​ကို​ပြု၍၊ တု​ရု​မြို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ အို ပင်​လယ်​ဝ၌​တည်​သော​မြို့၊ များ​စွာ​သော ကျွန်း​သူ​ကျွန်း​သား​တို့​အ​ဖို့ ကုန်​သွယ်​တတ်​သော​မြို့၊ သင့်​ကို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အို​တု​ရု​မြို့၊ သင်​က၊ ငါ၏​တင့်​တယ်​ခြင်း​စုံ​လင်​ပြီ​ဟု ဆို​တတ်၏။ သင်၏​နံ​ပါး​တို့​သည် ပင်​လယ်​ထဲ​မှာ ရှိ၏။ သင်၏​ဗိ​သု​ကာ​တို့​သည် သင့်​ကို​စုံ​လင်​စွာ တင့်​တယ်​စေ​ခြင်း​ငှာ ပြု​ကြ​ပြီ။ သင်၏​ပျဉ်​ပြား​ရှိ​သ​မျှ​တို့​ကို စေ​နိ​ရ​ထင်း​ရှူး​သစ်​သား​ဖြင့် လုပ်၍၊ ရွက်​တိုင်​ဖို့ လေ​ဗ​နုန်​အာ​ရဇ်​ပင်​တို့​ကို ယူ​ကြ​ပြီ။ ဗာ​ရှန်​သ​ပိတ်​သစ်​သား​ဖြင့် တက်​တို့​ကို​လည်း​ကောင်း၊ ခိ​တ္တိမ်​ကျွန်း​တို့​မှ ယူ​ခဲ့၍ ဆင်​စွယ်​နှင့် စီ​ချယ်​သော တာ​ရှု​ရ​သစ်​သား​ဖြင့် ကန့် တို့​ကို​လည်း​ကောင်း လုပ်​ကြ​ပြီ။ အဲ​ဂု​တ္တု​ပြည်၌ ချယ်​လှယ်​သော ပိတ်​ချော​ရွက်​တို့​ကို​ဖြန့်၍၊ ဧ​လိ​ရှ​ကျွန်း​တို့​မှ ယူ​ခဲ့​သော အ​ထည်​ပြာ၊ အ​ထည်​မောင်း​ဖြင့်​လုပ်​သော မျက်​နှာ​ကြက်​နှင့် ပြည့်​စုံ၏။ ဇိ​ဒုန်​မြို့​သား၊ အာ​ဝဒ်​မြို့​သား​တို့​သည် သင်္ဘော​သား​ဖြစ်၍၊ တု​ရု​ပ​ညာ​ရှိ​တို့​သည် လမ်း​ပြ​မာ​လိန်​ဖြစ်​ကြ၏။ ဂေ​ဗ​လ​လူ​ကြီး၊ ပ​ညာ​ရှိ​တို့​သည် သင့်​ကို ပြု​ပြင်​လျက် လိုက်​ကြ၏။ ပင်​လယ်​ကူး​တတ်​သော သင်္ဘော​ရှိ​သ​မျှ၊ သင်္ဘော​သား​တို့​နှင့်​တ​ကွ သင်​နှင့် ဖောက်​ကား​ရောင်း​ဝယ်​ခြင်း​ငှာ ပါ​ကြ၏။ ပေ​ရ​သိ​လူ၊ လု​ဒ​လူ၊ ဖု​တ​လူ​တို့​သည် သင်၏​တပ်​သား၊ စစ်​သူ​ရဲ လုပ်​ကြ၏။ ဒိုင်း၊ လွှား၊ သံ​ခ​မောက်​လုံး​တို့​ကို ပြင်​ဆင်၍၊ သင်၏​ဂုဏ်​အ​သ​ရေ​ကို ထင်​ရှား​စေ​ကြ၏။ အာ​ဝဒ်​အ​မျိုး​သား​တို့​သည် သင်၏​တပ်​သား​တို့​နှင့်​တ​ကွ မြို့​ရိုး​ပတ်​လည်၌ စီး​ကြ၏။ ဂ​မ္မ​ဒိမ်​လူ​တို့​သည် ပြ​အိုး​တို့​ကို​စောင့်၍၊ မြို့​ရိုး​ပတ်​လည်၌ မြား​တောင့်​တို့​ကို ပြင်​ဆင်​သ​ဖြင့်၊ သင်၏​တင့်​တယ်​ခြင်း​ကို စုံ​လင်​စေ​ကြ၏။ သင်၌​ကုန်​သွယ်​ရန်​ဥ​စ္စာ​များ​သော​ကြောင့်၊ တာ​ရှု​မြို့​သည် ငွေ၊ သံ၊ သံ​ဖြူ၊ ခဲ​တို့​ကို သင့်​ဝိုင်း​သို့​ယူ​ခဲ့၍ သင်​နှင့် ကုန်​သွယ်​ခြင်း​ကို ပြု​လေ၏။ ယာ​ဝန်​မြို့၊ တု​ဗ​လ​မြို့၊ မေ​ရှက်​မြို့​တို့​သည် သင်​နှင့်​ကုန်​သွယ်၍၊ လူ​ကျွန်​တို့​နှင့် ကြေး​နီ​ဖ​လား​တို့​ကို သင့်​ဈေး၌ ရောင်း​ကြ၏။ တော​ဂါ​မ​အ​မျိုး​သား​တို့​သည် မြင်း၊ မြင်း​စီး​သူ၊ လား​တို့​ကို သင့်​ဝိုင်း၌ သွင်း​ကြ၏။ ဒေ​ဒန်​မြို့​သား​တို့​သည်​လည်း သင်​နှင့်​ကုန်​သွယ်​ကြ၏။ များ​စွာ​သော တစ်​ကျွန်း​တစ်​နိုင်​ငံ​အ​ရပ်​သား​တို့​သည် သင်​လုပ်​သော​ဥ​စ္စာ​ကို​ဝယ်၍၊ ဦး​ချို၊ ဆင်​စွယ်၊ သစ်​သား​နက်​ကို​ပြန်​ပေး​ကြ၏။ သင်​လုပ်​သော ဥ​စ္စာ​များ​သော​ကြောင့် ရှု​ရိ​ပြည်​သည် သင်​နှင့်​ကုန်​သွယ်၍၊ န​ပက်​ကျောက်၊ ပြာ​သော​အ​ထည်၊ ခြယ်​လှယ်​သော​အ​ဝတ်၊ ပိတ်​ချော၊ သ​န္တာ၊ ကျောက်​နီ​တို့​ကို သင့်​ဝိုင်း၌ သွင်း​ကြ၏။ ယု​ဒ​ပြည်​နှင့် ဣ​သ​ရေ​လ​ပြည်​သည် သင်​နှင့်​ကုန်​သွယ်၍၊ ဂျုံ​စ​ပါး၊ မု​ရန်​စေး၊ ပ​နက်​စေး၊ ဗာ​လ​စံ​စေး၊ ဆီ၊ ပျား​ရည်​တို့​ကို​သင့်​ဈေး၌ သွင်း​ကြ၏။ ဒ​မာ​သက်​မြို့​သည် သင်​လုပ်​သော ဥ​စ္စာ​များ၊ စည်း​စိမ်​များ​ပြား​သော​ကြောင့်၊ ဟေ​လ​ဗုန်​စ​ပျစ်​ရည်၊ ဖြူ​သော​သိုး​မွေး​ကို ဖ​လှယ်​လျက် ဖောက်​ကား​တတ်၏။ ဝေ​ဒန်​မြို့​နှင့် ယာ​ဝန်​ပြည် ဥ​ဇာ​လ​မြို့​သည်​လည်း သံ​ပြောင်​ကို သင့်​ဝိုင်း​သို့​ယူ​ခဲ့၍၊ သင့်​ဈေး၌ သစ်​ကြံ​ပိုး​နှင့် ကြံ​လည်း​ရှိ၏။ ဒေ​ဒန်​မြို့​သည် မြင်း​စီး​သူ​ရဲ​သုံး​စ​ရာ ချော​သော​အ​ထည်​မျိုး​ကို​ရောင်း၍ သင်​နှင့်​ကုန်​သွယ်၏။ အာ​ရပ်​ပြည်​နှင့် ကေ​ဒါ​မင်း​အ​ပေါင်း​တို့​သည် သင်​လုပ်​သော ဥ​စ္စာ​ကို​ရ​ခြင်း​ငှာ သိုး​သ​ငယ်၊ သိုး​ထီး၊ ဆိတ်​များ​တို့​နှင့် ဖ​လှယ်၍ ကုန်​သွယ်​ကြ၏။ ရှေ​ဘ​ကုန်​သည်၊ ရာ​ဂ​မ​ကုန်​သည်​တို့​သည် သင်​နှင့် ကုန်​သွယ်၍ အ​မြတ်​ဆုံး​သော နံ့​သာ​မျိုး၊ အ​ဖိုး​ကြီး​သော ကျောက်​မျိုး၊ ရွှေ​မျိုး​ကို သင့်​ဝိုင်း၌ သွင်း​ကြ၏။ ခါ​ရန်​မြို့​သား၊ က​န္နေ​မြို့​သား၊ ဧ​ဒင်​မြို့​သား၊ ရှေ​ဘ​ကုန်​သည်၊ အာ​ရှု​ရိ​ကုန်​သည်၊ ခိ​လ​မဒ်​ကုန်​သည်​တို့​လည်း၊ သင်​နှင့်​ကုန်​သွယ်၍၊ ထူး​ဆန်း​သော ဥ​စ္စာ၊ ပြာ​သော​အ​ထည်၊ ခြယ်​လှယ်​သော​အ​ထည်၊ အ​ဖိုး​ထိုက်​သော အ​ဝတ်​တန်​ဆာ​ပါ၍၊ ကြိုး​နှင့်​ပတ်​ရစ်​သော အာ​ရဇ်​သေ​တ္တာ​တို့​ကို သင်၏​ကုန်​ထဲ​သို့ သွင်း​ကြ၏။ တာ​ရှု​သင်္ဘော​သား​တို့​သည် သင်၏​ကုန်​ကို​ဆောင်​လျက် သွား​လာ​သ​ဖြင့်၊ သင်​သည် ပင်​လယ်​အ​လယ်၌ ကြွယ်​ဝ၍ အ​လွန်​ဘုန်း​ကြီး​လေ၏။ ယ​ခု​မူ​ကား၊ သင်၏​တက်​ခတ်​သား​တို့​သည် သင့်​ကို ကြီး​စွာ​သော​ရေ​ထဲ​သို့ ဆောင်​သွား၍၊ အ​ရှေ့​လေ​သည်​လည်း ပင်​လယ်​အ​လယ်၌ ချိုး​လေ​ပြီ။ သင်​သည် လဲ​ပျက်​သော​အ​ခါ သင်၏​ဥ​စ္စာ၊ ဝိုင်း၊ ကုန်၊ သင်္ဘော​သား၊ လမ်း​ပြ​မာ​လိန်၊ ပြု​ပြင်​သူ၊ ကုန်​သည်၊ စစ်​သူ​ရဲ​အ​လုံး​အ​ရင်း ပါ​သ​မျှ​တို့​သည် ပင်​လယ်​အ​လယ်၌​ကျ​ရ​ကြ​လိမ့်​မည်။ သင်၏​လမ်း​ပြ​မာ​လိန်​တို့​အော်​ဟစ်​သံ​ကြောင့်၊ ပတ်​ဝန်း​ကျင်​အ​ရပ်​တို့​သည် လှုပ်​ရှား​ကြ​လိမ့်​မည်။ တက်​ခတ်​သော​သူ​အ​ပေါင်း​တို့​သည် သင်္ဘော​မှ​ဆင်း၍၊ သင်္ဘော​သား​များ​နှင့် ပင်​လယ်​လမ်း​ပြ မာ​လိန်​အ​ပေါင်း​တို့​သည် ကုန်း​ပေါ်​မှာ​ရပ်​လျက်၊ သင့်​အ​ဖို့​အော်​ဟစ်၍ ပြင်း​စွာ​ငို​ကြွေး​ကြ​လိမ့်​မည်။ မြေ​မှုန့်​ကို မိ​မိ​တို့​ခေါင်း​ပေါ်​မှာ ပစ်​တင်၍ ပြာ၌​လူး​ကြ​လိမ့်​မည်။ ဆံ​ပင်​ကို​လည်း​ဖြတ်၍ လျှော်​တေ​အ​ဝတ်​ကို ဝတ်​စည်း​လျက်၊ ညှိုး​ငယ်​သော​စိတ်​နှင့် သင့်​အ​ဖို့ ပြင်း​စွာ ငို​ကြွေး​မြည်​တမ်း​ရ​သည်​ကား၊ ပင်​လယ်​အ​လယ်၌ ဆုံး​သော​မြို့​တည်း​ဟူ​သော တု​ရု​မြို့​နှင့် အ​ဘယ်​မြို့​တူ​သ​နည်း။ သင်၏​ဥ​စ္စာ​တို့​သည် ပင်​လယ်​လမ်း​ဖြင့်​ထွက်​သွား​သော​အ​ခါ၊ လူ​မျိုး​များ​တို့​ကို ရောင့်​ရဲ​စေ၍၊ များ​ပြား​သော​ဥ​စ္စာ၊ ကုန်​စ​လယ်​တို့​ဖြင့် လော​ကီ​ရှင်​ဘု​ရင်​တို့​ကို ကြွယ်​ဝ​စေ​တတ်၏။ ယ​ခု​မူ​ကား၊ သင်​သည် ပင်​လယ်၌​လည်း​ကောင်း၊ သင့်​ကုန်​သွယ်​ရန် ဥ​စ္စာ​တို့​သည် လှိုင်း​တံ​ပိုး​အ​လယ်၌​လည်း​ကောင်း၊ ကျိုး​ပဲ့၍၊ သင်​နှင့်​ပါ​သော​သူ အ​ပေါင်း​တို့​သည် ဆုံး​ရှုံး​ကြ​ပြီ။ ကျွန်း​သူ​ကျွန်း​သား​အ​ပေါင်း​တို့​သည် သင့်​အ​မှု​ကြောင့် မိန်း​မော​တွေ​ဝေ၍၊ ရှင်​ဘု​ရင်​တို့​သည် မျက်​နှာ​ပျက်​လျက် ကြက်​သီး​မွေး​ညင်း ထ​ကြ၏။ အ​မျိုး​မျိုး​သော ကုန်​သည်​တို့​သည် သင့်​အား​ကဲ့​ရဲ့​သံ​ကို ပြု​ကြ၏။ သင်​သည် ကြောက်​မက်​ဖွယ်​ဖြစ်​လေ​ပြီ​တ​ကား။ နောက်​တစ်​ဖန် မ​ပေါ်​လာ​ရ​ပါ​တ​ကား​ဟု ငို​ကြွေး​မြည်​တမ်း​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။