ထာဝရဘုရားကလည်း၊ ငါသည်ဖာရောမင်း၌ အဘယ်သို့ပြုမည်ကို သင်သည် ယခုသိလိမ့်မည်။ သူသည်ကြီးစွာသောတန်ခိုးကိုတွေ့မြင်၍၊ ငါ၏လူတို့ကို လွှတ်ရလိမ့်မည်။ ကြီးစွာသော တန်ခိုးကိုတွေ့မြင်၍ သူတို့ကို မိမိပြည်မှနှင်ရလိမ့်မည်ဟု မောရှေအားမိန့်တော်မူ၏။ တစ်ဖန်ဘုရားသခင်သည် မောရှေ၌ ဗျာဒိတ်ထားတော်မူသည်ကား၊ ငါသည် ထာဝရဘုရားဖြစ်၏။ ငါသည် အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား၊ အနန္တတန်ခိုးရှင်၊ ဘုရားသခင်နာမနှင့် ထင်ရှားသော်လည်း၊ ထာဝရဘုရားနာမအားဖြင့် သူတို့သည် ငါ့ကိုမသိကြ။ သူတို့သည်အရပ်ရပ်လည်၍၊ ဧည့်သည်နေရာပြည်၊ ခါနာန်ပြည်ကို သူတို့အား ပေးခြင်းငှာ၊ သူတို့နှင့်ငါပြုသောပဋိညာဉ်ကို ငါတည်စေပြီ။ အဲဂုတ္တုလူတို့သည်အစေကျွန်ခံစေသော ဣသရေလအမျိုးသားတို့၏ ညည်းတွားမြည်တမ်းခြင်းအသံကို ငါကြားရပြီ။ ငါ့ပဋိညာဉ်ကိုလည်း ငါအောက်မေ့၏။ ထိုကြောင့် ဣသရေလအမျိုးသားတို့အား ပြောရသောစကားဟူမူကား၊ ငါသည် ထာဝရဘုရားဖြစ်၏။ ငါသည်လည်း သင်တို့ကို အဲဂုတ္တုလူတို့လက်မှလွှတ်၍၊ သူတို့၏ ညှဉ်းဆဲခြင်းထဲက နုတ်ယူမည်။ လက်ဆန့်ခြင်း၊ ကြီးစွာသောဒဏ်ခတ်ခြင်းအားဖြင့် သင်တို့ကိုငါရွေးမည်။ ငါ၏လူမျိုးဖြစ်စေခြင်းငှာ၊ သင်တို့ကိုငါသိမ်းယူမည်။ ငါသည်လည်း သင်တို့၏ ဘုရားသခင်ဖြစ်မည်။ ငါသည်သင်တို့ကို အဲဂုတ္တုလူတို့လက်မှလွှတ်သော သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိကြလိမ့်မည်။ ငါသည်လည်း၊ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားပေးမည်ဟု ကျိန်ဆိုသောပြည်သို့ငါပို့ဆောင်၍၊ အမွေခံစရာဖို့ပေးမည်။ ငါသည် ထာဝရဘုရားဖြစ်၏ဟုမိန့်တော်မူ၏။ ထိုသို့မောရှေသည် ဣသရေလအမျိုးသားတို့အားဆင့်ဆိုသော်လည်း၊ သူတို့သည် အလွန်စိတ်ပင်ပန်း၍ ကြမ်းတမ်းစွာညှဉ်းဆဲခြင်းကိုခံရသောကြောင့်၊ မောရှေစကားကိုနားမထောင်ဘဲနေကြ၏။
ထွက်မြောက်ရာ 6 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ထွက်မြောက်ရာ 6:1-9
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ