YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 40:34-38

ထွက်မြောက်ရာ 40:34-38 JBMLE

ထို​အ​ခါ မိုး​တိမ်​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​ကို​လွှမ်း​မိုး၍၊ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် တဲ​တော်​ကို​ဖြည့်​လေ၏။ ထို​သို့ မိုး​တိမ်​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​အ​ပေါ်၌ နေ​သော​ကြောင့်၊ မော​ရှေ​သည် အ​ထဲ​သို့​မ​ဝင်​ရ။ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် တဲ​တော်​ကို ဖြည့်​လျက်​နေ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ခ​ရီး​သွား​လေ​ရာ​ရာ​တွင်၊ မိုး​တိမ်​သည် တဲ​တော်​အ​ပေါ်​မှ ကွာ​မြောက်​သော​အ​ခါ ခ​ရီး​သွား​ကြ၏။ မိုး​တိမ်​မ​ကွာ​မ​မြောက်​လျှင်၊ မ​ကွာ​မ​မြောက်​မီ​နေ့​တိုင်​အောင်၊ ခ​ရီး​မ​သွား​ဘဲ နေ​ကြ၏။ ခ​ရီး​သွား​လေ​ရာ​ရာ​တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ရှေ့​မှောက်၌ ထာ​ဝ​ရ​ဘု​ရား၏​မိုး​တိမ်​သည် နေ့​အ​ခါ​တဲ​တော်​အ​ပေါ်​မှာ တည်​နေ၏။ ည​အ​ခါ မီး​လျှံ​ဖြစ်​လျက် တည်​နေ​လေ​သ​တည်း။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။