YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 33:12-23

ထွက်မြောက်ရာ 33:12-23 JBMLE

မော​ရှေ​က​လည်း၊ ဤ​လူ​တို့​ကို​ပို့​ဆောင်​လော့​ဟု ကိုယ်​တော်​မိန့်​တော်​မူ​သည်​တွင် အ​ကျွန်ုပ်​နှင့်​အ​တူ အ​ဘယ်​သူ​ကို စေ​လွှတ်​တော်​မူ​သည်​ကို အ​ကျွန်ုပ်​မ​သိ​ရ။ သို့​သော်​လည်း ကိုယ်​တော်​က သင့်​ကို​သင်၏​နာ​မ​ဖြင့်​ငါ​သိ၏။ သင်​သည် ငါ့​ရှေ့၌​မျက်​နှာ​ရ​ပြီ​ဟု အ​ကျွန်ုပ်​အား မိန့်​တော်​မူ​ပြီ။ သို့​ဖြစ်၍ အ​ကျွန်ုပ်​သည်​ရှေ့​တော်၌ မျက်​နှာ​ရ​လျှင်၊ မျက်​နှာ​ရ​ကြောင်း​ကို အ​ကျွန်ုပ်​သိ​ပါ​မည်​အ​ကြောင်း၊ ကိုယ်​တော်၏​လမ်း​ကို ပြ​တော်​မူ​ပါ။ ဤ​လူ​မျိုး​သည် ကိုယ်​တော်၏​လူ​ဖြစ်​ကြောင်း​ကို ဆင်​ခြင်​တော်​မူ​ပါ၊ အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏​ဟု ထာ​ဝ​ရ​ဘု​ရား​အား​လျှောက်​ဆို၏။ ငါ​ကိုယ်​တိုင်​သွား၍ ငြိမ်​ဝပ်​ခြင်း​ချမ်း​သာ​ကို​ပေး​မည်​ဟု မိန့်​တော်​မူ၏။ တစ်​ဖန်​မော​ရှေ​က၊ ကိုယ်​တော်​တိုင်​မ​သွား​လျှင် အ​ကျွန်ုပ်​တို့​ကို ဤ​အ​ရပ်​မှ ပို့​တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်​နှင့် ကိုယ်​တော်၏​လူ​တို့​သည် ရှေ့​တော်၌​မျက်​နှာ​ရ​သော​အ​ကြောင်း​သည် အ​ဘယ်​သို့​ထင်​ရှား​ပါ​မည်​နည်း။ အ​ကျွန်ုပ်​တို့​နှင့် ကြွ​သွား​တော်​မူ​သော​အား​ဖြင့်​သာ ထင်​ရှား​ပါ​မည်​မ​ဟုတ်​လော။ ထို​သို့ အ​ကျွန်ုပ်​နှင့် ကိုယ်​တော်၏​လူ​တို့​သည် မြေ​ကြီး​ပေါ်​မှာ​ရှိ​သ​မျှ​သော​လူ​တို့​နှင့် ခြား​နား​ရ​ပါ​မည်​ဟု လျှောက်​ဆို​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​က၊ သင်​လျှောက်​သည်​အ​တိုင်း ငါ​ပြု​မည်။ သင်​သည် ငါ့​ရှေ့၌ မျက်​နှာ​ရ​ပြီ။ သင့်​ကို သင်၏​နာ​မ​ဖြင့်​ငါ​သိ၏​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။ တစ်​ဖန်​တုံ၊ ကိုယ်​တော်၏​ဘုန်း​ကို အ​ကျွန်ုပ်​အား​ပြ​တော်​မူ​ပါ။ အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏​ဟု​လျှောက်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​က ငါ၏​ကောင်း​မွန်​ခြင်း​ရှိ​သ​မျှ​ကို သင့်​ရှေ့၌ ငါ​လျှောက်​သွား​စေ​မည်။ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို​လည်း၊ သင့်​ရှေ့၌ ငါ​ကြွေး​ကြော်​မည်။ ငါ​သည် ကျေး​ဇူး​ပြု​လို​သော​သူ​ကို ကျေး​ဇူး​ပြု​မည်။ သ​နား​လို​သော​သူ​ကို​လည်း သ​နား​မည်။ သို့​ရာ​တွင် သင်​သည်​ငါ့​မျက်​နှာ​ကို မ​မြင်​နိုင်​ရာ။ ငါ့​မျက်​နှာ​ကို​မြင်​လျှင် အ​သက်​ရှင်​ရ​သော လူ​တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ ဟူ၍​လည်း​ကောင်း၊ ငါ့​အ​နား​မှာ​နေ​ရာ​တစ်​ခု​ရှိ၏။ သင်​သည်​ကျောက်​ပေါ်​မှာ​ရပ်​ရ​မည်။ ငါ့​ဘုန်း​လျှောက်​သွား​သော​အ​ခါ၊ သင့်​ကို​ကျောက်​ကြား၌ ငါ​သွင်း​ထား၍ ငါ​ကြွ​သွား​သည်​အ​ခိုက်၊ သင့်​ကို ငါ့​လက်​နှင့်​ဖုံး​အုပ်​မည်။ ငါ​လက်​ကို သိမ်း​ရုပ်​သော​အ​ခါ၊ ငါ့​ကျော​ကို​သာ​မြင်​ရ​မည်၊ ငါ့​မျက်​နှာ​ကို​မ​မြင်​ရ​ဟူ၍​လည်း​ကောင်း မိန့်​တော်​မူ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။