YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 32:11-14

ထွက်မြောက်ရာ 32:11-14 JBMLE

မော​ရှေ​က​လည်း၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် မ​ဟာ​တန်​ခိုး​အား​ကြီး​သော​လက်​နှင့် အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်​ခဲ့​သော ကိုယ်​တော်၏​လူ​တို့​ကို၊ အ​ဘယ်​ကြောင့် အ​မျက်​ပြင်း​စွာ ထွက်​တော်​မူ​သ​နည်း။ အဲ​ဂု​တ္တု​လူ​တို့​က​လည်း၊ ဘု​ရား​သ​ခင်​သည် မ​ကောင်း​သော​အ​ကြံ​ရှိ​သ​ဖြင့်၊ သူ​တို့​ကို​တော​တောင်​များ၌​သတ်၍ မြေ​ကြီး​ပေါ်​က သုတ်​သင်​ပယ်​ရှင်း​ခြင်း​အ​လို​ငှာ​သာ၊ နုတ်​ဆောင်​လေ​သည်​ဟု အ​ဘယ်​ကြောင့်​ဆို​ဖွယ်​အ​ကြောင်း ရှိ​ရ​ပါ​မည်​နည်း။ ပြင်း​စွာ​သော​အ​မျက်​တော်​ကို ပယ်​တော်​မူ​ပါ။ ကိုယ်​တော်၏​လူ​တို့၌ ဤ​သို့​အ​ပြစ်​ပေး​မည်​အ​ကြံ​ကို နောင်​တ​ရ​တော်​မူ​ပါ။ ကိုယ်​တော်​က သင်​တို့​အ​မျိုး​အ​နွယ်​ကို ကောင်း​ကင်​ကြယ်​ကဲ့​သို့ ငါ​များ​ပြား​စေ​မည်။ ငါ​ပြော​ခဲ့​သော ဤ​မြေ​ရှိ​သ​မျှ​ကို သင်​တို့​အ​မျိုး​အ​နွယ်​အား ငါ​ပေး​သ​ဖြင့်၊ သူ​တို့​သည် အ​စဉ်​အ​မြဲ​အ​မွေ​ခံ​ရ​ကြ​လိမ့်​မည်​ဟု ကိုယ်​ကို​ကိုယ်​တိုင်​တည်၍ ကျိန်​ဆို​တော်​မူ​သော​စ​ကား​ကို ခံ​ခဲ့​ပြီး​သော ကိုယ်​တော်၏​ကျွန် အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ဣ​သ​ရေ​လ​တို့​ကို အောက်​မေ့​တော်​မူ​ပါ​ဟု မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တောင်း​ပန်​လေ၏။ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့​အား အ​ပြစ်​ပေး​မည်​အ​ကြံ​ကို နောင်​တ​ရ​တော်​မူ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။