YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 32:1-4

ထွက်မြောက်ရာ 32:1-4 JBMLE

မော​ရှေ​သည် တောင်​ပေါ်​မှာ ကြာ​မြင့်​စွာ​ရှိ​နေ​ကြောင်း​ကို လူ​များ​တို့​သည် သိ​မြင်​သော​အ​ခါ၊ အာ​ရုန်​ထံ​သို့​စည်း​ဝေး​ကြ၍၊ ထ​ပါ။ ငါ​တို့​ရှေ့​မှာ​သွား​ရ​သော ဘု​ရား​တို့​ကို ငါ​တို့​အ​ဖို့​လုပ်​ပါ။ ငါ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်​သော ထို​မော​ရှေ၌ အ​ဘယ်​သို့​ဖြစ်​သည်​ကို ငါ​တို့​မ​သိ​ပါ​ဟု ပြော​ဆို​ကြ၏။ အာ​ရုန်​က​လည်း၊ သင်​တို့​မ​ယား၊ သား​သ​မီး​များ၏​နား၌​ဆင်​သော ရွှေ​နား​တောင်း​များ​ကို​ချွတ်၍၊ ငါ့​ထံ​သို့​ဆောင်​ခဲ့​ကြ​ဟု​ဆို​လျှင်၊ လူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​နား၌​ဆင်​သော ရွှေ​နား​တောင်း​များ​ကို​ချွတ်၍၊ အာ​ရုန်​ထံ​သို့​ဆောင်​ခဲ့​ကြ၏။ အာ​ရုန်​သည်​လည်း​လက်​ခံ၍၊ နွား​သ​ငယ်​ရုပ်​ပုံ​သ​ဏ္ဌာန်​ကို က​ညစ်​နှင့်​ရေး​သား​ပြီး​လျှင် သွန်း​လေ၏။ လူ​များ​တို့​က​လည်း အို​ဣ​သ​ရေ​လ​အ​မျိုး၊ ဤ​ဘု​ရား​သည် သင့်​ကို အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်​သော သင်၏​ဘု​ရား​ဖြစ်​တော်​မူ​သည်​ဟု ဆို​ကြ၏။