YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 32:1-35

ထွက်မြောက်ရာ 32:1-35 JBMLE

မော​ရှေ​သည် တောင်​ပေါ်​မှာ ကြာ​မြင့်​စွာ​ရှိ​နေ​ကြောင်း​ကို လူ​များ​တို့​သည် သိ​မြင်​သော​အ​ခါ၊ အာ​ရုန်​ထံ​သို့​စည်း​ဝေး​ကြ၍၊ ထ​ပါ။ ငါ​တို့​ရှေ့​မှာ​သွား​ရ​သော ဘု​ရား​တို့​ကို ငါ​တို့​အ​ဖို့​လုပ်​ပါ။ ငါ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်​သော ထို​မော​ရှေ၌ အ​ဘယ်​သို့​ဖြစ်​သည်​ကို ငါ​တို့​မ​သိ​ပါ​ဟု ပြော​ဆို​ကြ၏။ အာ​ရုန်​က​လည်း၊ သင်​တို့​မ​ယား၊ သား​သ​မီး​များ၏​နား၌​ဆင်​သော ရွှေ​နား​တောင်း​များ​ကို​ချွတ်၍၊ ငါ့​ထံ​သို့​ဆောင်​ခဲ့​ကြ​ဟု​ဆို​လျှင်၊ လူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​နား၌​ဆင်​သော ရွှေ​နား​တောင်း​များ​ကို​ချွတ်၍၊ အာ​ရုန်​ထံ​သို့​ဆောင်​ခဲ့​ကြ၏။ အာ​ရုန်​သည်​လည်း​လက်​ခံ၍၊ နွား​သ​ငယ်​ရုပ်​ပုံ​သ​ဏ္ဌာန်​ကို က​ညစ်​နှင့်​ရေး​သား​ပြီး​လျှင် သွန်း​လေ၏။ လူ​များ​တို့​က​လည်း အို​ဣ​သ​ရေ​လ​အ​မျိုး၊ ဤ​ဘု​ရား​သည် သင့်​ကို အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်​သော သင်၏​ဘု​ရား​ဖြစ်​တော်​မူ​သည်​ဟု ဆို​ကြ၏။ အာ​ရုန်​သည် ထို​အ​မှု​ကို​သိ​မြင်​လျှင်၊ ရုပ်​တု​ရှေ့​မှာ ယဇ်​ပ​လ္လင်​ကို​တည်၍၊ နက်​ဖြန်​နေ့​သည် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ပွဲ​ခံ​ရ​သော​နေ့​ဖြစ်​သည်​ဟု တပ်​ကို​လည်၍​ကြော်​ငြာ​စေ၏။ နက်​ဖြန်​နံ​နက်​စော​စော လူ​တို့​သည်​ထ၍၊ မီး​ရှို့​ရာ​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို ပူ​ဇော်​ပြီး​မှ၊ စား​သောက်​လျက်​ထိုင်​နေ​ကြ၏။ နောက်​တစ်​ဖန် က​ခုန်​မြူး​ထူး​ခြင်း​ငှာ ထ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည်​ဆင်း​သွား​လော့။ အဲ​ဂု​တ္တု​ပြည်​မှ သင်​နုတ်​ဆောင်​ခဲ့​သော သင်၏​လူ​တို့​သည် ဖောက်​ပြန်​ကြ​ပြီ။ ငါ​မှာ​ထား​သော​လမ်း​မှ အ​လျင်​အ​မြန်​လွှဲ​သွား၍၊ နွား​သ​ငယ်​ရုပ်​ကို​သွန်း​ပြီး​လျှင်၊ အို​ဣ​သ​ရေ​လ​အ​မျိုး၊ ဤ​ဘု​ရား​သည် သင့်​ကို​အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​ခဲ့​သော ဘု​ရား​ဖြစ်​တော်​မူ၏​ဟု​ဆို​လျက်၊ ရုပ်​တု​ရှေ့​မှာ ယဇ်​ပူ​ဇော်​ကိုး​ကွယ်​ကြ​ပြီ​ဟူ၍​လည်း​ကောင်း၊ ဤ​လူ​မျိုး​ကို ငါ​ကြည့်​မြင်​ပြီ။ လည်​ပင်း​ခိုင်​မာ​သော အ​မျိုး​ဖြစ်၏။ သို့​ဖြစ်၍ ငါ့​ကို​ရှိ​စေ​တော့။ ငါ​သည် အ​မျက်​ပြင်း​စွာ​ထွက်၍ သူ​တို့​ကို​ဖျက်​ဆီး​မည်။ သင့်​ကို​ကား ကြီး​သော​အ​မျိုး​ဖြစ်​စေ​မည်​ဟူ၍​လည်း​ကောင်း၊ မော​ရှေ​အား​မိန့်​တော်​မူ၏။ မော​ရှေ​က​လည်း၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် မ​ဟာ​တန်​ခိုး​အား​ကြီး​သော​လက်​နှင့် အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်​ခဲ့​သော ကိုယ်​တော်၏​လူ​တို့​ကို၊ အ​ဘယ်​ကြောင့် အ​မျက်​ပြင်း​စွာ ထွက်​တော်​မူ​သ​နည်း။ အဲ​ဂု​တ္တု​လူ​တို့​က​လည်း၊ ဘု​ရား​သ​ခင်​သည် မ​ကောင်း​သော​အ​ကြံ​ရှိ​သ​ဖြင့်၊ သူ​တို့​ကို​တော​တောင်​များ၌​သတ်၍ မြေ​ကြီး​ပေါ်​က သုတ်​သင်​ပယ်​ရှင်း​ခြင်း​အ​လို​ငှာ​သာ၊ နုတ်​ဆောင်​လေ​သည်​ဟု အ​ဘယ်​ကြောင့်​ဆို​ဖွယ်​အ​ကြောင်း ရှိ​ရ​ပါ​မည်​နည်း။ ပြင်း​စွာ​သော​အ​မျက်​တော်​ကို ပယ်​တော်​မူ​ပါ။ ကိုယ်​တော်၏​လူ​တို့၌ ဤ​သို့​အ​ပြစ်​ပေး​မည်​အ​ကြံ​ကို နောင်​တ​ရ​တော်​မူ​ပါ။ ကိုယ်​တော်​က သင်​တို့​အ​မျိုး​အ​နွယ်​ကို ကောင်း​ကင်​ကြယ်​ကဲ့​သို့ ငါ​များ​ပြား​စေ​မည်။ ငါ​ပြော​ခဲ့​သော ဤ​မြေ​ရှိ​သ​မျှ​ကို သင်​တို့​အ​မျိုး​အ​နွယ်​အား ငါ​ပေး​သ​ဖြင့်၊ သူ​တို့​သည် အ​စဉ်​အ​မြဲ​အ​မွေ​ခံ​ရ​ကြ​လိမ့်​မည်​ဟု ကိုယ်​ကို​ကိုယ်​တိုင်​တည်၍ ကျိန်​ဆို​တော်​မူ​သော​စ​ကား​ကို ခံ​ခဲ့​ပြီး​သော ကိုယ်​တော်၏​ကျွန် အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ဣ​သ​ရေ​လ​တို့​ကို အောက်​မေ့​တော်​မူ​ပါ​ဟု မိ​မိ​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တောင်း​ပန်​လေ၏။ ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​လူ​တို့​အား အ​ပြစ်​ပေး​မည်​အ​ကြံ​ကို နောင်​တ​ရ​တော်​မူ၏။ မော​ရှေ​သည် သက်​သေ​ခံ​ချက် ကျောက်​ပြား​နှစ်​ပြား​ကို​ကိုင်​ယူ​လျက်၊ လှည့်၍ တောင်​ပေါ်​က​ဆင်း​သွား​လေ၏။ ထို​ကျောက်​ပြား​နှစ်​မျက်​နှာ၌ အ​က္ခ​ရာ​တင်​လျက်​ရှိ၏။ ထို​ကျောက်​ပြား​တို့​သည် ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ​သော​ကျောက်​ပြား၊ စာ​သည်​လည်း ဘု​ရား​သ​ခင်​အ​က္ခ​ရာ​တင်​တော်​မူ​သော​စာ ဖြစ်​သ​တည်း။ လူ​များ​ကြွေး​ကြော်​သံ​ကို ယော​ရှု​သည်​ကြား​လျှင်၊ တပ်၌​စစ်​တိုက်​သံ​ကို ကြား​ပါ​သည်​ဟု မော​ရှေ​အား​ဆို၏။ မော​ရှေ​က​လည်း၊ ငါ​ကြား​သော​အ​သံ​သည် အောင်၍​ကြွေး​ကြော်​သံ​မ​ဟုတ်၊ ရှုံး၍​ငို​ကြွေး​သံ​လည်း​မ​ဟုတ်၊ သီ​ချင်း​ဆို​သံ​ဖြစ်​သ​တည်း​ဟု ပြန်​ပြော၏။ တပ်​အ​နီး​သို့​ရောက်​သော​အ​ခါ၊ နွား​သ​ငယ်​ကို​လည်း​ကောင်း၊ က​ခုန်​ခြင်း​ကို​လည်း​ကောင်း​မြင်​လျှင်၊ မော​ရှေ​သည်​အ​မျက်​ထွက်​သ​ဖြင့် ကျောက်​ပြား​တို့​ကို​ချ၍ တောင်​ခြေ​ရင်း၌​ချိုး​ဖဲ့၏။ သူ​တို့​လုပ်​သော နွား​သ​ငယ်​ကို​လည်း​ယူ၍ အ​ရည်​ကျို၏။ ညက်​ညက်​ခြေ​ပြီး​မှ ရေ​ပေါ်​မှာ​ဖြူး၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို သောက်​စေ၏။ အာ​ရုန်​ကို​လည်း​ခေါ်၍၊ သင်​သည်​သူ​တို့၌ ဤ​မျှ​လောက်​ကြီး​သော​အ​ပြစ်​ကို ရောက်​စေ​ခြင်း​ငှာ သူ​တို့​သည် သင်၌​အ​ဘယ်​သို့​ပြု​သ​နည်း​ဟု​မေး​လျှင်၊ အာ​ရုန်​က၊ သ​ခင်၊ အ​မျက်​မ​ထွက်​ပါ​နှင့်။ ဤ​လူ​တို့​သည် မ​ကောင်း​သော အ​ကြံ​ရှိ​ကြောင်း​ကို ကိုယ်​တော်​သိ​ပါ၏။ သူ​တို့​က​လည်း၊ ငါ​တို့​ရှေ့​မှာ​သွား​ရ​သော​ဘု​ရား​တို့​ကို ငါ​တို့​အ​ဖို့​လုပ်​ပါ။ ငါ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်​ခဲ့​သော​သူ၊ ထို​မော​ရှေ၌ အ​ဘယ်​သို့​ဖြစ်​သည်​ကို ငါ​တို့​မ​သိ​ပါ​ဟု အ​ကျွန်ုပ်​အား​ပြော​ဆို​ကြ​လျှင်၊ အ​ကျွန်ုပ်​က၊ ရွှေ​ရှိ​သော​သူ​သည်​ချွတ်​စေ​ဟု ဆို​သည်​နှင့်​အ​ညီ၊ သူ​တို့​ပေး​သော ရွှေ​ကို အ​ကျွန်ုပ်​သည်​မီး​ထဲ၌​ထည့်​လျှင်၊ ဤ​နွား​သ​ငယ်​ထွက်​လာ​ပါ​သည်​ဟု ပြန်​ပြော၏။ ထို​သို့ အာ​ရုန်​သည်​လူ​များ​ကို ရန်​သူ​တို့​ရှေ့​မှောက်၌ အ​ဝတ်​တန်​ဆာ​ကို ချွတ်​စေ​သည်​ဖြစ်၍၊ အ​ဝတ်​တန်​ဆာ​အ​ချည်း​စည်း​ရှိ​ကြ​ကြောင်း​ကို မော​ရှေ​မြင်​သော​အ​ခါ၊ တပ်​တံ​ခါး​ဝ​မှာ​ရပ်​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ဘက်၌ အ​ဘယ်​သူ​နေ​သ​နည်း။ ငါ့​ထံ​သို့ လာ​စေ​ဟု​ဆို​လျှင်၊ လေ​ဝိ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် သူ့​ထံ၌​စည်း​ဝေး​ကြ၏။ မော​ရှေ​က​လည်း၊ လူ​တိုင်း​ဓား​လွယ်​လျက် တပ်​တစ်​မျက်​နှာ​တံ​ခါး​မှ တစ်​မျက်​နှာ တံ​ခါး​တိုင်​အောင်​ထုတ်​ချင်း​ခပ်​သွား၍၊ အ​သီး​အ​သီး မိ​မိ​ညီ​အစ်​ကို၊ မိ​မိ​အ​ပေါင်း​အ​ဖော်၊ မိ​မိ​အိမ်​နီး​ချင်း​ကို​သတ်​စေ​ဟု ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အ​မိန့်​ရှိ​တော်​မူ​သည်​ဟု၊ မော​ရှေ​စီ​ရင်​သည်​အ​တိုင်း၊ လေ​ဝိ​အ​မျိုး​သား​တို့​သည်​ပြု၍၊ ထို​နေ့၌ လူ​သုံး​ထောင်​လောက်​သေ​ကြ၏။ တစ်​ဖန်​မော​ရှေ​က၊ ထာ​ဝ​ရ​ဘု​ရား​သည် ယ​နေ့​ကောင်း​ချီး​ပေး​တော်​မူ​စေ​ခြင်း​ငှာ၊ သင်​တို့​သည် အ​သီး​အ​သီး ကိုယ်​သား၊ ကိုယ်​ညီ​အစ်​ကို​ကို​ထိ​ခိုက်​သော​အား​ဖြင့်၊ သင်​တို့​သည် ယ​နေ့​ကိုယ်​ကို​ချီး​မြှောက်​ကြ​ပြီ​ဟု ဆို​လေ၏။ နက်​ဖြန်​နေ့၌​လည်း၊ သင်​တို့​ပြစ်​မှား​သော​အ​ပြစ်​ကြီး​လှ၏။ ယ​ခု​မှာ ထာ​ဝ​ရ​ဘု​ရား​အ​ထံ​တော်​သို့ ငါ​တက်​သွား၍၊ သင်​တို့​အ​ပြစ်​ဖြေ​နိုင်​လျှင် ဖြေ​စေ​ခြင်း​ငှာ​ပြု​မည်​ဟု မော​ရှေ​သည် လူ​များ​တို့​အား​ဆို​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား​အ​ထံ​တော်​သို့​ပြန်​သွား၍၊ အို​ဘု​ရား​သ​ခင်၊ ဤ​လူ​တို့​သည် ပြစ်​မှား​သော​အ​ပြစ်​ကြီး​လှ​ပါ၏။ မိ​မိ​တို့​အ​ဖို့ ရွှေ​ဘု​ရား​ကို​လုပ်​ပါ​ပြီ။ သို့​သော်​လည်း သူ​တို့​အ​ပြစ်​ကို​လွှတ်​ခြင်း​ငှာ အ​လို​တော်​ရှိ​လျှင် လွှတ်​တော်​မူ​ပါ။ သို့​မ​ဟုတ်၊ ကိုယ်​တော်​စီ​ရင်​တော်​မူ​သော​စာ​ရင်း၌ အ​ကျွန်ုပ်​နာ​မ​ကို ချေ​တော်​မူ​ပါ။ အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏​ဟု လျှောက်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​က၊ အ​ကြင်​သူ​သည်​ငါ့​ကို​ပြစ်​မှား၏၊ ထို​သူ၏​နာ​မ​ကို ငါ့​စာ​ရင်း၌ ငါ​ချေ​မည်။ သို့​ဖြစ်၍ ငါ​မှာ​ထား​သော​အ​ရပ်​သို့ သူ​တို့​ကို ယ​ခု​သွား၍​ပို့​ဆောင်​လော့။ ငါ့​တ​မန်​သည် သင့်​ရှေ့​မှာ​သွား​လိမ့်​မည်။ သို့​သော်​လည်း ငါ​သည်​အ​ကြည့်​အ​ရှု ကြွ​လာ​သော​အ​ခါ၊ သူ​တို့၌​အ​ပြစ်​ပေး​လျက်​ကြွ​လာ​မည်​ကို မိန့်​တော်​မူ၏။ အာ​ရုန်​နှင့် လူ​များ​တို့​သည် နွား​သ​ငယ်​ကို​လုပ်​ကြ​သော​ကြောင့် သူ​တို့​ကို​ဒဏ်​ခတ်​တော်​မူ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။