YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 3:9-14

ထွက်မြောက်ရာ 3:9-14 JBMLE

ယ​ခု​တွင်​လည်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ငို​ကြွေး​သော​အ​သံ​သည် ငါ့​ထံ​သို့ တက်​ရောက်၍၊ သူ​တို့​ကို အဲ​ဂု​တ္တု​လူ​တို့​သည်​ညှဉ်း​ဆဲ​ခြင်း​အ​မှု​ကို​လည်း ငါ​မြင်​ရ​ပြီ။ ထို​ကြောင့် ယ​ခု​သွား​လော့။ သင်​သည် ငါ၏​လူ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​မည်​အ​ကြောင်း၊ သင့်​ကို​ဖာ​ရော​ဘု​ရင်​ထံ​သို့ ငါ​စေ​လွှတ်​မည်​ဟု မိန့်​တော်​မူ၏။ မော​ရှေ​က​လည်း၊ အ​ကျွန်ုပ်​သည်​အ​ဘယ်​သို့​သော​သူ​ဖြစ်၍၊ ဖာ​ရော​ဘု​ရင်​ထံ​သို့ ဝင်​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်​ရ​ပါ​မည်​နည်း​ဟု ဘု​ရား​သ​ခင်​အား​လျှောက်​လျှင်၊ ဘု​ရား​သ​ခင်​က၊ အ​ကယ်​စင်​စစ်​ငါ​သည် သင့်​ဘက်၌​ရှိ​လိမ့်​မည်။ ငါ​သည် သင့်​ကို​စေ​လွှတ်​ခြင်း​လ​က္ခ​ဏာ​သက်​သေ​ဟူ​မူ​ကား၊ သင်​သည်​ထို​လူ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်​ပြီး​လျှင်၊ ဤ​တောင်​ပေါ်​မှာ ဘု​ရား​သ​ခင်​အား ဝတ်​ပြု​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။ မော​ရှေ​က​လည်း၊ အ​ကျွန်ုပ်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှိ​ရာ​သို့​ရောက်၍၊ သင်​တို့​ဘိုး​ဘေး​များ၏​ဘု​ရား​သ​ခင်​သည် ငါ့​ကို​သင်​တို့​ရှိ​ရာ​သို့​စေ​လွှတ်​တော်​မူ​ပြီ​ဟု အ​ကျွန်ုပ်​ဆို​လျှင်၊ သူ​တို့​က၊ ထို​ဘု​ရား​သ​ခင်၏​နာ​မ​တော်​ကား အ​ဘယ်​သို့​နည်း​ဟု အ​ကျွန်ုပ်​ကို​ပြန်၍​မေး​သော​အ​ခါ၊ အ​ဘယ်​သို့​ပြန်​ပြော​ရ​ပါ​မည်​နည်း​ဟု ဘု​ရား​သ​ခင်​အား​မေး​လျှောက်​လေ၏။ ဘု​ရား​သ​ခင်​က​လည်း၊ ငါ​ဖြစ်​သည်​အ​တိုင်း​ငါ​ဖြစ်၏​ဟူ၍​လည်း​ကောင်း၊ ငါ​ဖြစ်​သည်​ဟု အ​မည်​ရှိ​သော​သူ​သည်၊ ငါ့​ကို​သင်​တို့​ရှိ​ရာ​သို့​စေ​လွှတ်​တော်​မူ​ပြီ​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ပြန်​ပြော​လော့​ဟူ၍​လည်း​ကောင်း၊ မော​ရှေ​အား​မိန့်​တော်​မူ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။