YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 2:1-10

ထွက်မြောက်ရာ 2:1-10 JBMLE

ထို​ကာ​လ၌ လေ​ဝိ​အ​မျိုး​သား​တစ်​ယောက်​သည်၊ လေ​ဝိ​အ​မျိုး​သ​မီး​နှင့် အိမ်​ထောင်​ဘက်​ပြု​၍၊ မိန်း​မ​သည်​ပ​ဋိ​သ​န္ဓေ​ယူ​သ​ဖြင့် သား​ယောက်ျား​ကို​ဖွား​မြင်​လေ၏။ ထို​သား​သည် အ​ဆင်း​လှ​ကြောင်း​ကို​အ​မိ​မြင်​လျှင်၊ သုံး​လ​ပတ်​လုံး​ဝှက်​ထား​လေ​၏။ နောက်​တစ်​ဖန်​ဝှက်၍​မ​ထား​နိုင်​သော​အ​ခါ၊ ဂ​မာ​ကိုင်း​ပင်​ဖြင့် ရက်​သော​ပု​ခက်​ကို​ယူ၍ ရေ​ညှိ​နှင့်​သစ်​စေး​ဖြင့်​လူး​ပြီး​လျှင်၊ ပု​ခက်​ထဲ​တွင် သူ​ငယ်​ကို​ထည့်​၍ မြစ်​ကမ်း​နား​ကိုင်း​တော၌ ထား​လေ​၏။ သူ​ငယ်​အစ်​မ​လည်း အ​ဘယ်​သို့​ဖြစ်​မည်​ကို​သိ​မြင်​ခြင်း​ငှာ အ​ဝေး၌​ရပ်​နေ​လေ​၏။ ဖာ​ရော​ဘု​ရင်၏​သ​မီး​တော်​သည် ရေ​ချိုး​ခြင်း​ငှာ​ဆင်း​လာ၍၊ ကျွန်​မ​တို့​နှင့် မြစ်​ကမ်း​နား၌​လှည့်​လည်​စဉ်၊ ကိုင်း​တော၌​ပု​ခက်​ကို​မြင်၍ ဆောင်​ယူ​စေ​ခြင်း​ငှာ ကျွန်​မ တစ်​ယောက်​ကို​စေ​လွှတ်​လေ​၏။ ပု​ခက်​ဖုံး​ကို​ဖွင့်​သော​အ​ခါ၊ ငို​လျက်​နေ​သော​သူ​ငယ်​ကို​မြင်၍၊ သ​နား​သော​စိတ်​ရှိ​လျှင်၊ ဤ​သူ​ငယ်​သည် ဟေ​ဗြဲ​အ​မျိုး​ဖြစ်​လိမ့်​မည်​ဟု​ဆို​ပြီး​သော်၊ သူ​ငယ်၏​အစ်​မ​က၊ ကိုယ်​တော်​အ​တွက် သူ​ငယ်​ကို​ထိန်း​ရ​သော ဟေ​ဗြဲ​အ​ထိန်း​ကို ကျွန်​မ​သွား၍​ခေါ်​ရ​ပါ​မည်​လော​ဟု ဖာ​ရော​ဘု​ရင်၏​သ​မီး​တော်​အား မေး​လျှောက်​၍၊ မင်း​သ​မီး​က​သွား​လော့​ဟု အ​ခွင့်​ပေး​လျှင်၊ မိန်း​မ​ငယ်​သွား​၍ သူ​ငယ်၏​အ​မိ​ကို​ခေါ်​လေ​၏။ ဖာ​ရော​ဘု​ရင်၏​သ​မီး​တော်​က၊ ဤ​သူ​ငယ်​ကို​ယူ​သွား၍ ငါ့​ဖို့​ထိန်း​လော။ အ​ခ​ကို ငါ​ပေး​မည်​ဟု​မှာ​ထား​သည်​အ​တိုင်း၊ ထို​မိန်း​မ​သည် သူ​ငယ်​ကို​ယူ​သွား၍ ထိန်း​လေ၏။ သူ​ငယ်​ကြီး​ပွား​သော​အ​ခါ၊ ဖာ​ရော​ဘု​ရင်၏​သ​မီး​တော်​ထံ​သို့ ပို့​ဆောင်၍ မင်း​သ​မီး​သည် သား​အ​ရာ၌​ခန့်​ထား​လျက်၊ မော​ရှေ​အ​မည်​ဖြင့်​မှည့်၏။ အ​ကြောင်း​မူ​ကား၊ ရေ​ထဲ​က​ငါ​နုတ်​ယူ​သည်​ဟု ဆို​သ​တည်း။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။