YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 16:1-23

ထွက်မြောက်ရာ 16:1-23 JBMLE

တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​သား​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည်၊ ဧ​လိမ်​အ​ရပ်​မှ​ထွက်၍ ခ​ရီး​သွား​ကြ၏။ အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​သွား​သော​နောက်၊ ဒု​တိ​ယ​လ​ဆယ်​ငါး​ရက်​နေ့​တွင်၊ ဧ​လိမ်​အ​ရပ်​နှင့် သိ​နာ​တောင်​စပ်​ကြား​မှာ သိန်​တော​သို့​ရောက်​ကြ၏။ ထို​တော၌ ဣ​သ​ရေ​လ​အ​မျိုး​သား​ပ​ရိ​သတ်​အ​ပေါင်း​တို့​က၊ ငါ​တို့​သည် အဲ​ဂု​တ္တု​ပြည်၌ အ​မဲ​သား​ချက်​သော​အိုး​ကင်း​နား​မှာ​ထိုင်၍ ဝ​စွာ​စား​ရ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​ဖြင့်​သေ​လျှင် သာ၍​ကောင်း၏။ ယ​ခု​မူ​ကား၊ ဤ​စည်း​ဝေး​လျက်​ရှိ​သော လူ​အ​ပေါင်း​တို့​ကို ငတ်​မွတ်​ခြင်း​အား​ဖြင့် သတ်​လို​သော​ငှာ၊ ဤ​တော​အ​ရပ်​သို့​ဆောင်​ခဲ့​ပြီ​တ​ကား​ဟု မော​ရှေ​နှင့် အာ​ရုန်​ကို အ​ပြစ်​တင်၍ မြည်​တမ်း​လျက်​ဆို​ကြ၏။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​က ကြည့်​ရှု​လော့။ ငါ​သည် သင်​တို့​အ​ဖို့ မိုး​ကောင်း​ကင်​က မုန့်​မိုး​ကို​ရွာ​စေ​မည်။ လူ​တို့​သည်​နေ့​တိုင်း​ထွက်​၍ တစ်​နေ့​စား​လောက်​အောင် သိမ်း​ယူ​ရ​ကြ​မည်။ ငါ၏​တ​ရား​အ​တိုင်း​ကျင့်​မည်​လော၊ မ​ကျင့်​လော​ဟု ထို​သို့​သော​အား​ဖြင့် သူ​တို့​ကို​ငါ​စုံ​စမ်း​မည်။ နေ့​တိုင်း​သိမ်း​ယူ​သော​အ​ရာ​ထက်၊ ခြောက်​ရက်​မြောက်​သော​နေ့၌ နှစ်​ဆ​ကို သိမ်း​ယူ၍​ပြင်​ရ​ကြ​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ​၏။ မော​ရှေ​နှင့်​အာ​ရုန်​တို့​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်​တော်​မူ​သည်​ဟု ယ​နေ့​ညဉ့်​ဦး​ယံ၌ သင်​တို့​သိ​ကြ​လိမ့်​မည်။ နံ​နက်​ယံ၌​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​ကို မြင်​ရ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို​အ​ပြစ်​တင်​လျက် မြည်​တမ်း​ကြ​သော​အ​သံ​ကို​ကြား​တော်​မူ​ပြီ။ ငါ​တို့​ကို အ​ပြစ်​တင်​လျက် မြည်​တမ်း​စေ​ခြင်း​ငှာ၊ ငါ​တို့​သည် အ​ဘယ်​သို့​သော သူ​ဖြစ်​သ​နည်း​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား​ဆို​လေ​၏။ တစ်​ဖန်​လည်း​မော​ရှေ​က၊ ထာ​ဝ​ရ​ဘု​ရား​သည် ညဉ့်​ဦး​ယံ၌ သင်​တို့​စား​စ​ရာ​အ​မဲ​သား​ကို​လည်း​ကောင်း၊ နံ​နက်​ယံ၌​ဝ​လောက်​အောင် မုန့်​ကို​လည်း​ကောင်း ပေး​တော်​မူ​သော​အ​ခါ၊ ဤ​စ​ကား​ပြည့်​စုံ​လိမ့်​မည်။ သင်​တို့​သည် အ​ပြစ်​တင်​လျက်​မြည်​တမ်း​ကြ​သော​အ​သံ​ကို ထာ​ဝ​ရ​ဘု​ရား​ကြား​တော်​မူ​ပြီ။ ငါ​တို့​သည် အ​ဘယ်​သို့​သော​သူ​ဖြစ်​သ​နည်း။ သင်​တို့​သည်​အ​ပြစ်​တင်​လျက် မြည်​တမ်း​ကြ​သော စ​ကား​သည်၊ ငါ​တို့​ကို​မ​ထိ​မ​ခိုက်၊ ထာ​ဝ​ရ​ဘု​ရား​ကို​ထိ​ခိုက်​သည်​ဟု ဆို​လေ​၏။ တစ်​ဖန်​သင်​တို့​သည်​အ​ပြစ်​တင်​လျက်၊ မြည်​တမ်း​သော​အ​သံ​ကို ထာ​ဝ​ရ ဘု​ရား​ကြား​တော်​မူ​သည်​ဖြစ်၍၊ အ​ထံ​တော်​သို့ ချဉ်း​ကပ်​ကြ​လော့​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​အား ဆင့်​ဆို​လော့​ဟု အာ​ရုန်​ကို မှာ​ထား​သည်​အ​တိုင်း၊ အာ​ရုန်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​အား ဆင့်​ဆို​သော​အ​ခါ၊ သူ​တို့​သည် တော​သို့​မျှော်​ကြည့်၍၊ မိုး​တိမ်၌​ထင်​ရှား​သော ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​ကို မြင်​ရ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အ​ပြစ်​တင်​လျက် မြည်​တမ်း​သော​အ​သံ​ကို​ငါ​ကြား​ရ​ပြီ။ ညဉ့်​ဦး​ယံ၌ သင်​တို့​သည်​အ​မဲ​သား​ကို စား​ရ​ကြ​လိမ့်​မည်။ နံ​နက်​ယံ၌​လည်း မုန့်​နှင့်​ဝ​ရ​ကြ​လိမ့်​မည်။ ငါ​သည် သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ကြ​လိမ့်​မည်​ဟု သူ​တို့​ကို​ပြော​လော့​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။ ညဉ့်​ဦး​ယံ၌​ငုံး​ငှက်​တို့​သည် တပ်​ကို​အ​နှံ့​အ​ပြား​တက်​လာ​ကြ၏။ နံ​နက်​ယံ၌​လည်း တပ်​ပတ်​လည်​အ​ရပ်​ရပ်​တွင် နှင်း​ကျ​လျက်​ရှိ၏။ နှင်း​တက်​ပြီး​သော​အ​ခါ၊ နှင်း​ခဲ​ကဲ့​သို့ သေး​သေး​လုံး​လုံး​အ​ရာ​သည် မြေ​မျက်​နှာ​ပေါ်​မှာ​ရှိ​ရစ်​လေ၏။ ထို​အ​ရာ​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​မြင်​သော​အ​ခါ၊ အ​ဘယ်​အ​ရာ​နည်း​ဟု မ​သိ​သော​ကြောင့်၊ တစ်​ယောက်​ကို​တစ်​ယောက်​မေး​ကြ၏။ မော​ရှေ​က​လည်း၊ ဤ​အ​ရာ​သည်​သင်​တို့​စား​စ​ရာ​ဖို့ ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​သော​မုန့်​ဖြစ်၏။ လူ​တိုင်း မိ​မိ​တဲ၌​ရှိ​သော​သူ​အ​ရေ​အ​တွက်​နှင့်​အ​ညီ၊ လူ​အ​သီး​အ​သီး​စား​လောက်​အောင် တစ်​ယောက်​တစ်​ဩ​မဲ​စီ သိမ်း​ယူ​ကြ​လော့​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ကြောင်း​ကို ပြန်​ပြော​လေ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ထို​သို့​ပြု၍၊ အ​နည်း​အ​များ​အ​လိုက် သိမ်း​ယူ​ကြ၏။ ဩ​မဲ​တောင်း​နှင့်​ခြင်​ကြ​သော​အ​ခါ၊ များ​များ​ရ​သော​သူ​မ​ပို၊ နည်း​နည်း​ရ​သော​သူ မ​လို၊ အ​သီး​အ​သီး​တို့​သည် စား​လောက်​အောင်​သိမ်း​ယူ​ကြ၏။ မော​ရှေ​က​လည်း၊ နံ​နက်​တိုင်​အောင် အ​ဘယ်​သူ​မျှ​မ​ကျန်​စေ​နှင့်​ဟု ဆို​သော်​လည်း၊ အ​ချို့​တို့​သည် မော​ရှေ​စ​ကား​ကို​နား​မ​ထောင်​ဘဲ၊ နံ​နက်​တိုင်​အောင် ကျန်​စေ​သ​ဖြင့်၊ ပိုး​ဖြစ်၍​နံ​လေ​သော်၊ မော​ရှေ​သည် အ​မျက်​ထွက်၏။ ထို​သူ​အ​သီး​အ​သီး​တို့​သည် နေ့​တိုင်း​မိ​မိ​တို့​စား​လောက်​သ​မျှ​ကို သိမ်း​ယူ​ကြ၏။ နေ​ပူ​သော​အ​ခါ​အ​ရေ​ဖြစ်​လေ၏။ ခြောက်​ရက်​မြောက်​သော​နေ့၌၊ မုန့်​နှစ်​ဆ​တည်း​ဟူ​သော တစ်​ယောက်​နှစ်​ဩ​မဲ​စီ သိမ်း​ရ​ကြ၏။ ထို​အ​ကြောင်း​ကို ပ​ရိ​သတ်​အုပ်​အ​ပေါင်း​တို့​သည် မော​ရှေ​အား​ကြား​ပြော​လေ၏။ သူ​က​လည်း၊ နက်​ဖြန်​နေ့​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့၌ သန့်​ရှင်း​သော​ဥ​ပုသ်​နေ့၊ ငြိမ်​ဝပ်​စွာ​နေ​ရ​သော​နေ့​ဖြစ်၏။ မုန့်​ကို​ပေါင်း​ချင်​သည်​အ​တိုင်း ပေါင်း​ကြ​လော့။ ပြုတ်​ချင်​သည်​အ​တိုင်း​ပြုတ်​ကြ​လော့။ ကျန်​သော​အ​ရာ​ကို နံ​နက်​တိုင်​အောင်​စောင့်၍ သို​ထား​ကြ​လော့​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ကြောင်း​ကို ပြန်​ပြော​လေ၏။