YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 14:15-31

ထွက်မြောက်ရာ 14:15-31 JBMLE

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အ​ဘယ်​ကြောင့် ငါ့​ကို​အော်​ဟစ်​သ​နည်း။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် တက်​သွား​စေ​ခြင်း​ငှာ​မှာ​လိုက်​လော့။ သင်​မူ​ကား၊ လှံ​တံ​ကို​ချီ​ပြီး​လျှင်၊ ပင်​လယ်​ပေါ်​မှာ လက်​ကို​ဆန့်၍ ပင်​လယ်​ရေ​ကို​ခွဲ​လော့။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပင်​လယ်​အ​လယ်၌ မြေ​ပေါ်​မှာ လျှောက်​သွား​ရ​ကြ​မည်။ ငါ​သည်​လည်း အဲ​ဂု​တ္တု​လူ​တို့၏ နှ​လုံး​ကို​ခိုင်​မာ​စေ​သ​ဖြင့်၊ သူ​တို့​သည် လိုက်​ကြ​လိမ့်​မည်။ ဖာ​ရော​ဘု​ရင်​နှင့် သူ၏​ဗိုလ်​ခြေ၊ ရ​ထား၊ မြင်း​စီး​သူ​ရဲ​များ​အား​ဖြင့် ငါ့​ဘုန်း​ပွင့်​လိမ့်​မည်။ ထို​သို့​ဖာ​ရော​ဘု​ရင်​နှင့် သူ၏​ရ​ထား​များ၊ မြင်း​စီး​သူ​ရဲ​များ​အား​ဖြင့် ငါ့​ဘုန်း​ပွင့်​သော​အ​ခါ၊ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို၊ အဲ​ဂု​တ္တု​လူ​တို့​သည် သိ​ရ​ကြ​လိမ့်​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ​၏။ ထို​အ​ခါ ဣ​သ​ရေ​လ​တပ်​ရှေ့​မှာ​သွား​သော ဘု​ရား​သ​ခင်၏ ကောင်း​ကင်​တ​မန်​သည် နောက်၌​လိုက်​သ​ဖြင့်၊ မိုး​တိမ်​တိုင်​သည် သူ​တို့​ရှေ့​က​ရွှေ့၍ နောက်၌​ရပ်​နေ​လေ​၏။ ထို​သို့ အဲ​ဂု​တ္တု​တပ်​နှင့် ဣ​သ​ရေ​လ​တပ်​စပ်​ကြား​သို့​ရောက်​လျှင်၊ အဲ​ဂု​တ္တု​လူ​တို့၌ မိုက်​သော​မိုး​တိမ်​ဖြစ်၍၊ ဣ​သ​ရေ​လ​လူ​တို့​အား အ​လင်း​ကို​ပေး​လျက်​နေ​သ​ဖြင့်၊ တစ်​ည​လုံး တပ်​တစ်​ဦး​နှင့် တစ်​ဦး​မ​ချဉ်း​နိုင်​ရာ။ မော​ရှေ​သည် ပင်​လယ်​ပေါ်​မှာ​လက်​ကို​ဆန့်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် တစ်​ည​လုံး၌ အား​ကြီး​သော​အ​ရှေ့​လေ​အား​ဖြင့် ပင်​လယ်​ရေ​ကို​လှန်​ပြန်၍၊ မြေ​ကို ပေါ်​စေ​တော်​မူ​သည်​နှင့်၊ ရေ​သည်​ကွဲ​ပြတ်​လျက်​ရှိ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပင်​လယ်​အ​လယ်၌ မြေ​ပေါ်​မှာ လျှောက်​သွား​ကြ၍၊ ရေ​သည် သူ​တို့​လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်​မှာ ကျောက်​ထ​ရံ​ကဲ့​သို့ ရှိ​နေ​၏။ အဲ​ဂု​တ္တု​လူ​များ၊ ဖာ​ရော​ဘု​ရင်၌​ပါ​သော မြင်း၊ ရ​ထား၊ မြင်း​စီး​သူ​ရဲ​အ​ပေါင်း​တို့​သည်၊ ပင်​လယ်​အ​လယ်​သို့​လိုက်​ဝင်​ကြ၏။ နံ​နက်​ယံ၌ ထာ​ဝ​ရ​ဘု​ရား​သည် မီး​မိုး​တိမ်​တိုင်​အား​ဖြင့် အဲ​ဂု​တ္တု​တပ်​ကို ကြည့်​ရှု၍​နှောင့်​ယှက်​တော်​မူ​၏။ သူ​တို့​ရ​ထား​အ​သွား​ခက်​စေ​ခြင်း​ငှာ ရ​ထား​ဘီး​များ​ကို ချို့​တဲ့​စေ​တော်​မူ၏။ အဲ​ဂု​တ္တု​လူ​တို့​က​လည်း၊ ဣ​သ​ရေ​လ​လူ​တို့​ထံ​မှ ပြေး​ကြ​စို့။ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ဘက်၊ အဲ​ဂု​တ္တု​လူ​တို့​တစ်​ဖက်၌ စစ်​တိုက်​သည်​ဟု​ပြော​ဆို​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ပင်​လယ်​ရေ​သည် အဲ​ဂု​တ္တု​လူ​များ၊ ရ​ထား​များ၊ မြင်း​စီး​သူ​ရဲ​များ​တို့​အ​ပေါ်​သို့​ပြန်​စေ​ခြင်း​ငှာ၊ ပင်​လယ်​အ​ပေါ်​မှာ လက်​ကို​ဆန့်​လော့​ဟု မော​ရှေ​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ မိုး​လင်း​သော​အ​ခါ၊ မော​ရှေ​သည်​လက်​ကို ပင်​လယ်​ပေါ်​မှာ​ဆန့်​သ​ဖြင့်၊ ပင်​လယ်​ရေ​သည် အား​ကြီး၍​ပြန်​လာ​သည်​ကို၊ အဲ​ဂု​တ္တု​လူ​တို့​သည် ပြေး​ကြ​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို ပင်​လယ်​အ​လယ်၌​လှဲ​တော်​မူ၏။ ထို​သို့ ပင်​လယ်​ရေ​သည်​ပြန်​လာ၍၊ ပင်​လယ်​ထဲ​သို့​လိုက်​ဝင်​သော ဖာ​ရော​ဘု​ရင်၏​ရ​ထား၊ မြင်း​စီး​သူ​ရဲ၊ ဗိုလ်​ခြေ​အ​ပေါင်း​တို့​ကို​လွှမ်း​မိုး​သ​ဖြင့်၊ တစ်​စုံ​တစ်​ယောက်​မျှ မ​ကျန်​ရစ်​ရ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မူ​ကား၊ ပင်​လယ်​အ​လယ်၌​မြေ​ပေါ်​မှာ​လျှောက်​သွား၍၊ ရေ​သည် သူ​တို့​လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်​မှာ ကျောက်​ထ​ရံ​ကဲ့​သို့​ရှိ​နေ၏။ ထို​သို့​ထာ​ဝ​ရ​ဘု​ရား​သည် ထို​နေ့၌​ဣ​သ​ရေ​လ​လူ​တို့​ကို၊ အဲ​ဂု​တ္တု​လူ​တို့​လက်​မှ ကယ်​လွှတ်​တော်​မူ​သ​ဖြင့်၊ ပင်​လယ်​ကမ်း​နား​မှာ အဲ​ဂု​တ္တု​လူ​အ​သေ​ကောင်​တို့​ကို မြင်​ရ​ကြ၏။ ထို​သို့ အဲ​ဂု​တ္တု​လူ​တို့၌ ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော​အ​မှု​ကြီး​ကို၊ ဣ​သ​ရေ​လ​လူ​တို့​သည်​မြင်၍၊ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​နှင့် ကိုယ်​တော်၏​ကျွန်​မော​ရှေ​ကို ယုံ​ကြည်​ကြ၏။