YouVersion လိုဂို
ရှာရန် အိုင်ကွန်

ထွက်မြောက်ရာ 12:5-13

ထွက်မြောက်ရာ 12:5-13 JBMLE

သိုး​သ​ငယ်​ဖြစ်​စေ၊ ဆိတ်​သ​ငယ်​ဖြစ်​စေ၊ သင်​တို့​ယူ​သော​အ​ကောင်​သည် အ​ပြစ်​မ​ပါ၊ အ​ခါ​လည်​သော အ​ထီး​ဖြစ်​ရ​မည်။ ထို​သိုး​သ​ငယ်​တို့​ကို၊ ထို​လ​ဆယ်​လေး​ရက်​တိုင်​အောင် စောင့်​ထား​ပြီး​မှ၊ ညဉ့်​ဦး​အ​ချိန်၌ ဣ​သ​ရေ​လ​အ​မျိုး​အ​စည်း​အ​ဝေး​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် သတ်​ရ​ကြ​မည်။ သိုး​သ​ငယ်၏​အ​သား​ကို စား​ရ​သော​အိမ်​၏ တံ​ခါး​ထုပ်​နှင့် တံ​ခါး​တိုင်​နှစ်​ဖက်၌၊ သိုး​သ​ငယ်၏​အ​သွေး​ကို​ယူ​၍ ထိုး​ရ​မည်။ အ​သား​ကို မီး​နှင့်​ကင်​ပြီး​မှ၊ ထို​ည​ချင်း​တွင်​တ​ဆေး​မ​ပါ​သော​မုန့်၊ ခါး​သော ဟင်း​သီး​ဟင်း​ရွက်​နှင့် စား​ရ​မည်။ အ​သား​စိမ်း​သည်​ဖြစ်​စေ၊ ရေ​နှင့်​ပြုတ်​သည်​ဖြစ်​စေ မ​စား​ရ။ ခေါင်း၊ ခြေ​ထောက်၊ အ​သည်း၊ နှ​လုံး​စ​သည်​တို့​နှင့်​တ​ကွ၊ မီး​ကင်​ပြီး​မှ စား​ရ​မည်။ နံ​နက်​တိုင်​အောင် ထို​အ​သား​ကို​မ​ကြွင်း​စေ​ရ။ အ​နည်း​ငယ်​ကြွင်း​လျှင် မီး​နှင့်​ရှို့​ရ​မည်။ အ​ဘယ်​သို့​စား​ရ​မည်​နည်း​ဟူ​မူ​ကား၊ ခါး​စည်း​ကို​စည်း​လျက်၊ ခြေ​နင်း​ကို​စီး​လျက်၊ တောင်​ဝှေး​ကို​ကိုင်​လျက် အ​လျင်​အ​မြန်​စား​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​၏ ပ​သ​ခါ​ဖြစ်​သ​တည်း။ အ​ကြောင်း​မူ​ကား၊ ယ​နေ့​ည​တွင် အဲ​ဂု​တ္တု​ပြည်​ကို ငါ​သည် ထုတ်​ချင်း​ခပ်​သွား၍၊ အဲ​ဂု​တ္တု​ပြည်၌​ရှိ​သော လူ​တို့၏​သား​ဦး​များ​နှင့် တိ​ရ​စ္ဆာန်​တို့၏ သား​ဦး​များ​အ​ပေါင်း​တို့​ကို​ဒဏ်​ခတ်၍၊ အဲ​ဂု​တ္တု​ပြည်၏​ဘု​ရား​တို့​ကို တ​ရား​စီ​ရင်​မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ သိုး​သ​ငယ်​၏​အ​သွေး​သည် သင်​တို့​နေ​ရာ​အိမ်၌ သင်​တို့၏​လ​က္ခ​ဏာ​သက်​သေ​ဖြစ်၍၊ ထို​အ​သွေး​ကို​ငါ​မြင်​သော​အ​ခါ၊ သင်​တို့​ကို ငါ​လွန်​သွား​မည်။ ထို​သို့​အဲ​ဂု​တ္တု​ပြည်​ကို ငါ​သည်​ဒဏ်​ခတ်​သော​အ​ခါ၊ ဖျက်​ဆီး​ခြင်း ဘေး​ဥ​ပဒ်​သည် သင်​တို့​ကို​မ​သင့်​မ​ရောက်​ရ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။