ထာဝရဘုရားသည် အဲဂုတ္တုပြည်၌ မောရှေနှင့်အာရုန်တို့အား မိန့်တော်မူသည်ကား၊ ဤလသည် သင်တို့၌ လဦးတည်းဟူသော နှစ်စဉ်တွင် ပထမလဖြစ်ရမည်။ သင်တို့သည် ဣသရေလအမျိုးပရိသတ်အပေါင်းတို့ကို မှာထားရသောစကားဟူမူကား၊ ဤလဆယ်ရက်နေ့၌ သင်တို့ရှိသမျှသည်၊ မိမိအိမ်ထောင်အသီးအသီးအတိုင်း တစ်အိမ်ထောင်လျှင် သိုးသငယ်တစ်ကောင်စီ ယူရမည်။ အိမ်ထောင်ငယ်၍ သိုးသငယ်တစ်ကောင်နှင့် မတန်လျှင်၊ နီးစပ်သောအိမ်နီးချင်းနှင့် စပ်ဖက်၍ လူမည်မျှရှိသည်ဟု ရေတွက်ပြီးလျှင်၊ တစ်ကောင်ကို စားလောက်သောသူများကိုထောက်၍ သိုးသငယ်တစ်ကောင်ကို ယူရမည်။ သိုးသငယ်ဖြစ်စေ၊ ဆိတ်သငယ်ဖြစ်စေ၊ သင်တို့ယူသောအကောင်သည် အပြစ်မပါ၊ အခါလည်သော အထီးဖြစ်ရမည်။ ထိုသိုးသငယ်တို့ကို၊ ထိုလဆယ်လေးရက်တိုင်အောင် စောင့်ထားပြီးမှ၊ ညဉ့်ဦးအချိန်၌ ဣသရေလအမျိုးအစည်းအဝေးပရိသတ်အပေါင်းတို့သည် သတ်ရကြမည်။ သိုးသငယ်၏အသားကို စားရသောအိမ်၏ တံခါးထုပ်နှင့် တံခါးတိုင်နှစ်ဖက်၌၊ သိုးသငယ်၏အသွေးကိုယူ၍ ထိုးရမည်။ အသားကို မီးနှင့်ကင်ပြီးမှ၊ ထိုညချင်းတွင်တဆေးမပါသောမုန့်၊ ခါးသော ဟင်းသီးဟင်းရွက်နှင့် စားရမည်။ အသားစိမ်းသည်ဖြစ်စေ၊ ရေနှင့်ပြုတ်သည်ဖြစ်စေ မစားရ။ ခေါင်း၊ ခြေထောက်၊ အသည်း၊ နှလုံးစသည်တို့နှင့်တကွ၊ မီးကင်ပြီးမှ စားရမည်။ နံနက်တိုင်အောင် ထိုအသားကိုမကြွင်းစေရ။ အနည်းငယ်ကြွင်းလျှင် မီးနှင့်ရှို့ရမည်။ အဘယ်သို့စားရမည်နည်းဟူမူကား၊ ခါးစည်းကိုစည်းလျက်၊ ခြေနင်းကိုစီးလျက်၊ တောင်ဝှေးကိုကိုင်လျက် အလျင်အမြန်စားရမည်။ ထာဝရဘုရား၏ ပသခါဖြစ်သတည်း။ အကြောင်းမူကား၊ ယနေ့ညတွင် အဲဂုတ္တုပြည်ကို ငါသည် ထုတ်ချင်းခပ်သွား၍၊ အဲဂုတ္တုပြည်၌ရှိသော လူတို့၏သားဦးများနှင့် တိရစ္ဆာန်တို့၏ သားဦးများအပေါင်းတို့ကိုဒဏ်ခတ်၍၊ အဲဂုတ္တုပြည်၏ဘုရားတို့ကို တရားစီရင်မည်။ ငါသည်ထာဝရဘုရားဖြစ်၏။ သိုးသငယ်၏အသွေးသည် သင်တို့နေရာအိမ်၌ သင်တို့၏လက္ခဏာသက်သေဖြစ်၍၊ ထိုအသွေးကိုငါမြင်သောအခါ၊ သင်တို့ကို ငါလွန်သွားမည်။ ထိုသို့အဲဂုတ္တုပြည်ကို ငါသည်ဒဏ်ခတ်သောအခါ၊ ဖျက်ဆီးခြင်း ဘေးဥပဒ်သည် သင်တို့ကိုမသင့်မရောက်ရ။
ထွက်မြောက်ရာ 12 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ထွက်မြောက်ရာ 12:1-13
3 Days
When darkness surrounds you, how should you respond? For the next 3 days, immerse yourself in the Easter story and discover how to hold onto hope when you feel forsaken, alone, or unworthy.
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ