YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧသတာ 4:10-17

ဧသတာ 4:10-17 JBMLE

တစ်​ဖန် ဧ​သ​တာ​သည် ဟာ​တက်​အား​ဖြင့်၊ မော်​ဒ​ကဲ​ကို မှာ​လိုက်​သည်​ကား၊ ယောက်ျား​ဖြစ်​စေ၊ မိန်း​မ​ဖြစ်​စေ၊ ရှင်​ဘု​ရင်​ခေါ်​တော်​မ​မူ​ဘဲ အ​တွင်း​တံ​တိုင်း၊ ရှင်​ဘု​ရင်​ထံ​တော်​သို့ ဝင်​မိ​သော​သူ​သည် အ​သက်​ချမ်း​သာ​ရ​မည်​အ​ကြောင်း၊ ရွှေ​ရာ​ဇ​လှံ​တံ​ကို ကမ်း​တော်​မ​မူ​လျှင်၊ အ​မှန်​သေ​ရ​မည်​အ​ကြောင်း အ​မိန့်​တော်​ရှိ​သည်​ကို၊ ရှင်​ဘု​ရင်၏ ကျွန်​တော်​မျိုး​များ​နှင့် နိုင်​ငံ​တော် ပြည်​သူ​ပြည်​သား​များ​အ​ပေါင်း​တို့​သည် သိ​ကြ၏။ အ​ကျွန်ုပ်​ကို​ကား အ​ရက်​သုံး​ဆယ်​ပတ်​လုံး၊ ရှင်​ဘု​ရင်​ထံ​တော်​သို့ ခေါ်​တော်​မ​မူ​ဟု၊ ဧ​သ​တာ​စ​ကား​ကို မော်​ဒ​ကဲ​အား ပြန်​ပြော​သော​အ​ခါ၊ မော်​ဒ​ကဲ​က၊ အ​ခြား​သော ယု​ဒ​လူ အ​သက်​မ​လွတ်​လျှင်၊ နန်း​တော်၌​နေ​သော်​လည်း သင့်​အ​သက်​လွတ်​မည်​ဟု မ​ထင်​နှင့်။ ယ​ခု​ကာ​လ သင်​သည် တိတ်​ဆိတ်​စွာ​နေ​လျှင်၊ သင်​နှင့်​သင်၏ အ​ဆွေ​အ​မျိုး​သည် ပျက်​စီး၍၊ ယု​ဒ​လူ​တို့ အ​သက်​ရှင်​ခြင်း၊ ကယ်​တင်​ခြင်း​အ​ကြောင်း တစ်​စုံ​တစ်​ခု ပေါ်​လိမ့်​မည်။ ယ​ခု​အ​မှု​ကို​ဆောင်​ဖို့​ရာ သင်​သည် မိ​ဖု​ရား​အ​ရာ​ကို​ရ​သည်​ဟု ထင်​စ​ရာ​ရှိ​သည်​မ​ဟုတ်​လော​ဟု ဧ​သ​တာ​အား ပြန်​ပြော​စေ​ခြင်း​ငှာ မှာ​လိုက်၏။ ဧ​သ​တာ​က​လည်း၊ ရှု​ရှန်​မြို့၌​ရှိ​သော ယု​ဒ​လူ​အ​ပေါင်း​တို့​ကို စု​ဝေး​စေ​ခြင်း​ငှာ သွား​ပါ။ နေ့​ည​မ​ပြတ် သုံး​ရက်​ပတ်​လုံး မ​စား​မ​သောက်​ဘဲ​နေ၍၊ အ​ကျွန်ုပ်​အ​ဖို့ အ​စာ​ရှောင်​ခြင်း​အ​ကျင့်​ကို ကျင့်​ကြ​ပါ။ အ​ကျွန်ုပ်​သည်​လည်း ကျွန်​မ​တို့​နှင့်​တ​ကွ အ​စာ​ရှောင်​ခြင်း​အ​ကျင့်​ကို ကျင့်​ပါ​မည်။ ထို​နောက် အာ​ဏာ​တော်​ကို ဆန်​ရ​သော်​လည်း၊ ရှင်​ဘု​ရင်​ထံ​တော်​သို့ ဝင်​မည်။ သေ​လျှင် အ​သေ​ခံ​ပါ​မည်​ဟု မော်​ဒ​ကဲ​အား ပြန်​ပြော​စေ​ခြင်း​ငှာ မှာ​လိုက်​သ​မျှ​အ​တိုင်း၊ မော်​ဒ​ကဲ​သည် သွား၍ ပြု​လေ၏။