YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧသတာ 4:1-17

ဧသတာ 4:1-17 JBMLE

ထို​အ​မှု​ရှိ​သ​မျှ​ကို မော်​ဒ​ကဲ​သိ​သော​အ​ခါ၊ မိ​မိ အ​ဝတ်​ကို ဆုတ်၍ ပြာ​နှင့်​လူး​လျက်၊ လျှော်​တေ​အ​ဝတ်​ကို ဝတ်​လျက်၊ မြို့​အ​လယ်​သို့​သွား၍ ကြီး​ကျယ်​သော​အ​သံ​နှင့် ငို​ကြွေး​လေ၏။ လျှော်​တေ​အ​ဝတ်​ကို ဝတ်​လျက် နန်း​တော်​တံ​ခါး​ထဲ​သို့ အ​ဘယ်​သူ​မျှ မ​ဝင်​ရ​သော​ကြောင့်၊ နန်း​တော်​တံ​ခါး​ရှေ့​မှာ ရပ်​နေ၏။ ရှင်​ဘု​ရင်​အ​မိန့်​တော်​စာ ရောက်​လေ​သော အ​ပြည်​ပြည်​တို့၌ ယု​ဒ​လူ​တို့​သည် အ​လွန်​ညည်း​တွား​ခြင်း၊ အ​စာ​ရှောင်​ခြင်း၊ ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု၍၊ လူ​များ​တို့​သည် ပြာ​နှင့်​လျှော်​တေ​အ​ဝတ်၌ အိပ်​ကြ၏။ မော်​ဒ​ကဲ​အ​မှု​ကို ဧ​သ​တာ၏​ကျွန်​မ​တို့​နှင့် မိန်း​မ​စိုး​တို့​သည် ကြား​ပြော​သော​အ​ခါ၊ မိ​ဖု​ရား​သည် အ​လွန်​ဝမ်း​နည်း​လျက်၊ မော်​ဒ​ကဲ​ဝတ်​သော လျှော်​တေ​ကို​ပယ်၍ အ​ခြား​သော​အ​ဝတ်​ကို ဝတ်​စေ​ခြင်း​ငှာ ပေး​လိုက်​သော်​လည်း၊ မော်​ဒ​ကဲ​သည် မ​ခံ​မ​ယူ​ဘဲ​နေ၏။ တစ်​ဖန် ဧ​သ​တာ​သည် ရှင်​ဘု​ရင်​အ​မိန့်​တော်​နှင့် ခ​စား​သော မိန်း​မ​စိုး​ဟာ​တက်​ကို ခေါ်၍၊ အ​ဘယ်​အ​မှု ရှိ​သ​နည်း။ အ​ဘယ်​ကြောင့် ဤ​သို့​ပြု​သ​နည်း​ဟု မော်​ဒ​ကဲ​ကို မေး​စေ​ခြင်း​ငှာ စေ​လွှတ်​သည်​အ​တိုင်း၊ ဟာ​တက်​သည် မော်​ဒ​ကဲ​ရှိ​ရာ နန်း​တော်​တံ​ခါး​ရှေ့၊ မြို့​တော်​လမ်း​သို့​သွား၍၊ မော်​ဒ​ကဲ​သည် မိ​မိ၌​ရောက်​သော​အ​မှု ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ ဟာ​မန်​သည် ယု​ဒ​လူ​တို့​ကို ဖျက်​ဆီး​ခြင်း​ငှာ၊ ငွေ​မည်​မျှ​ကို ဘ​ဏ္ဍာ​တော်​တိုက်​ထဲ​သို့ သွင်း​ပါ​မည်​ဟု က​တိ​ထား​ကြောင်း​ကို​လည်း​ကောင်း ကြား​ပြော​လျက်၊ ယု​ဒ​လူ​တို့​ကို ဖျက်​ဆီး​ခြင်း​ငှာ၊ ရှု​ရှန်​နန်း​တော်၌​ထုတ်​သော အ​မိန့်​တော်​စာ​လက်​ခံ​ကို ဧ​သ​တာ​အား​ပြ​ဖို့​ပေး၍၊ ဧ​သ​တာ​သည် မိ​မိ​လူ​မျိုး​အ​ဖို့ တောင်း​လျှောက်​ခြင်း​ငှာ၊ ရှင်​ဘု​ရင်​ထံ​သို့ ဝင်​ရ​မည်​အ​ကြောင်း မှာ​လိုက်​လေ၏။ ဟာ​တက်​သည်​လည်း လာ၍ မော်​ဒ​ကဲ​စ​ကား​ကို ဧ​သ​တာ​အား ပြန်​ပြော၏။ တစ်​ဖန် ဧ​သ​တာ​သည် ဟာ​တက်​အား​ဖြင့်၊ မော်​ဒ​ကဲ​ကို မှာ​လိုက်​သည်​ကား၊ ယောက်ျား​ဖြစ်​စေ၊ မိန်း​မ​ဖြစ်​စေ၊ ရှင်​ဘု​ရင်​ခေါ်​တော်​မ​မူ​ဘဲ အ​တွင်း​တံ​တိုင်း၊ ရှင်​ဘု​ရင်​ထံ​တော်​သို့ ဝင်​မိ​သော​သူ​သည် အ​သက်​ချမ်း​သာ​ရ​မည်​အ​ကြောင်း၊ ရွှေ​ရာ​ဇ​လှံ​တံ​ကို ကမ်း​တော်​မ​မူ​လျှင်၊ အ​မှန်​သေ​ရ​မည်​အ​ကြောင်း အ​မိန့်​တော်​ရှိ​သည်​ကို၊ ရှင်​ဘု​ရင်၏ ကျွန်​တော်​မျိုး​များ​နှင့် နိုင်​ငံ​တော် ပြည်​သူ​ပြည်​သား​များ​အ​ပေါင်း​တို့​သည် သိ​ကြ၏။ အ​ကျွန်ုပ်​ကို​ကား အ​ရက်​သုံး​ဆယ်​ပတ်​လုံး၊ ရှင်​ဘု​ရင်​ထံ​တော်​သို့ ခေါ်​တော်​မ​မူ​ဟု၊ ဧ​သ​တာ​စ​ကား​ကို မော်​ဒ​ကဲ​အား ပြန်​ပြော​သော​အ​ခါ၊ မော်​ဒ​ကဲ​က၊ အ​ခြား​သော ယု​ဒ​လူ အ​သက်​မ​လွတ်​လျှင်၊ နန်း​တော်၌​နေ​သော်​လည်း သင့်​အ​သက်​လွတ်​မည်​ဟု မ​ထင်​နှင့်။ ယ​ခု​ကာ​လ သင်​သည် တိတ်​ဆိတ်​စွာ​နေ​လျှင်၊ သင်​နှင့်​သင်၏ အ​ဆွေ​အ​မျိုး​သည် ပျက်​စီး၍၊ ယု​ဒ​လူ​တို့ အ​သက်​ရှင်​ခြင်း၊ ကယ်​တင်​ခြင်း​အ​ကြောင်း တစ်​စုံ​တစ်​ခု ပေါ်​လိမ့်​မည်။ ယ​ခု​အ​မှု​ကို​ဆောင်​ဖို့​ရာ သင်​သည် မိ​ဖု​ရား​အ​ရာ​ကို​ရ​သည်​ဟု ထင်​စ​ရာ​ရှိ​သည်​မ​ဟုတ်​လော​ဟု ဧ​သ​တာ​အား ပြန်​ပြော​စေ​ခြင်း​ငှာ မှာ​လိုက်၏။ ဧ​သ​တာ​က​လည်း၊ ရှု​ရှန်​မြို့၌​ရှိ​သော ယု​ဒ​လူ​အ​ပေါင်း​တို့​ကို စု​ဝေး​စေ​ခြင်း​ငှာ သွား​ပါ။ နေ့​ည​မ​ပြတ် သုံး​ရက်​ပတ်​လုံး မ​စား​မ​သောက်​ဘဲ​နေ၍၊ အ​ကျွန်ုပ်​အ​ဖို့ အ​စာ​ရှောင်​ခြင်း​အ​ကျင့်​ကို ကျင့်​ကြ​ပါ။ အ​ကျွန်ုပ်​သည်​လည်း ကျွန်​မ​တို့​နှင့်​တ​ကွ အ​စာ​ရှောင်​ခြင်း​အ​ကျင့်​ကို ကျင့်​ပါ​မည်။ ထို​နောက် အာ​ဏာ​တော်​ကို ဆန်​ရ​သော်​လည်း၊ ရှင်​ဘု​ရင်​ထံ​တော်​သို့ ဝင်​မည်။ သေ​လျှင် အ​သေ​ခံ​ပါ​မည်​ဟု မော်​ဒ​ကဲ​အား ပြန်​ပြော​စေ​ခြင်း​ငှာ မှာ​လိုက်​သ​မျှ​အ​တိုင်း၊ မော်​ဒ​ကဲ​သည် သွား၍ ပြု​လေ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။