YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧသတာ 3:7-11

ဧသတာ 3:7-11 JBMLE

ထို​ကြောင့် အာ​ရွှေ​ရု​နန်း​စံ​ဆယ်​နှစ်​နှစ်၊ နိ​သန် အ​မည်​ရှိ​သော ပ​ထ​မ​လ​တွင်၊ နေ့​ရက်​အ​စဉ်၊ လ​အ​စဉ် အ​တိုင်း​လိုက်၍၊ အာ​ဒါ​အ​မည်​ရှိ​သော ဒွါ​ဒ​သ​မ​လ​တိုင်​အောင်၊ ဟာ​မန်​ရှေ့​မှာ ပု​ရ​စာ​ရေး​တံ​ချ​ကြ၏။ တစ်​ဖန် ဟာ​မန်​သည် ရှင်​ဘု​ရင်​အာ​ရွှေ​ရု​ထံ​တော်​သို့ ဝင်၍၊ အ​ခြား​တစ်​ပါး​သော လူ​မျိုး​အ​ပေါင်း​တို့​နှင့် ကျင့်​ရာ​ထုံး​တမ်း​မ​တူ၊ အ​ရှင်​မင်း​ကြီး စီ​ရင်​တော်​မူ​ချက်​တို့​ကို နား​မ​ထောင်၊ နိုင်​ငံ​တော်​အ​တွင်း၊ တိုင်း​သူ​ပြည်​သား အ​မျိုး​မျိုး​တို့​တွင် အ​ရပ်​ရပ်​ကွဲ​ပြား​လျက်​နေ​သော လူ​မျိုး​တစ်​မျိုး​ရှိ​ပါ၏။ ထို​အ​မျိုး​ကို အ​ခွင့်​ပေး​တော်​မူ​ရာ၌ ကျေး​ဇူး​တော်​မ​ရှိ​ပါ။ ကိုယ်​တော်​သ​ဘော​တူ​လျှင် ထို​အ​မျိုး​ကို ဖျက်​ဆီး​စေ​ဟု အ​မိန့်​ရှိ​တော်​မူ​ပါ။ ထို​အ​မှု​ကို ဆောင်​ရွက်​သော သူ​တို့​သည် ဘ​ဏ္ဍာ​တော်​တိုက်​ထဲ​သို့ ငွေ​အ​ခွက်​တစ်​သိန်း​ကို သွင်း​စေ​ခြင်း​ငှာ၊ ကျွန်​တော်​အပ်​ပေး​ပါ​မည်​ဟု လျှောက်​လေ၏။ ရှင်​ဘု​ရင်​က​လည်း၊ ထို​ငွေ​ကို သင့်​အား​ငါ​ပေး၏။ ထို​လူ​မျိုး​ကို​လည်း သင်​သည် ပြု​ချင်​သ​မျှ ပြု​ရ​သော​အ​ခွင့် ရှိ​စေ​ခြင်း​ငှာ၊ သင်၌​ငါ​အပ်​သည်​ဟု လက်​စွပ်​တော်​ကို​ချွတ်၍ ယု​ဒ​အ​မျိုး၏ ရန်​သူ​ဖြစ်​သော အာ​ဂတ်​အ​မျိုး ဟ​မ္မေ​ဒါ​သ​သား ဟာ​မန်​အား ပေး​တော်​မူ၏။