YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧသတာ 2:15-17

ဧသတာ 2:15-17 JBMLE

မိ​မိ​သ​မီး​ကဲ့​သို့ မော်​ဒ​ကဲ​မွေး​မြူ​သော ဘ​ထွေး အ​ဘိ​ဟဲ​လ​သ​မီး ဧ​သ​တာ​သည် အ​လှည့်​သင့်၍၊ ရှင်​ဘု​ရင်​ထံ​သို့ ဝင်​ရ​သော​အ​ခါ၊ နန်း​တော်​မိန်း​မ​စိုး၊ အ​ပျို​တော်​အုပ် ဟေ​ဂဲ​စီ​ရင်​သော အ​ရာ​မှ​တစ်​ပါး အ​ဘယ်​အ​ရာ​ကို​မျှ မ​တောင်း၊ ဧ​သ​တာ​ကို တွေ့​မြင်​သ​မျှ​သော​သူ​တို့​သည် ချစ်​တတ်​ကြ၏။ ထို​သို့ ရှင်​ဘု​ရင်​အာ​ရွှေ​ရု​သည် နန်း​စံ​ခု​နစ်​နှစ်၊ တေ​ဗက်​အ​မည်​ရှိ​သော ဒ​သ​မ​လ​တွင်၊ ဧ​သ​တာ​ကို နန်း​တော်၌ သိမ်း​တော်​မူ​ပြီး​လျှင်၊ အ​ခြား​သော သ​မီး​က​ညာ​အ​ပေါင်း​တို့​ထက် ဧ​သ​တာ​သည် စိတ်​တော်​ကို​နူး​ညွတ်​စေ၍၊ အ​ထံ​တော်၌ မျက်​နှာ​ရ​သ​ဖြင့်၊ ရှင်​ဘု​ရင်​သည် အ​ခြား​သော မိန်း​မ​တ​ကာ​တို့​ကို ချစ်​သည်​ထက် ဧ​သ​တာ​ကို​သာ၍ ချစ်​သော​ကြောင့်၊ သူ့​ခေါင်း​ပေါ်​မှာ ရာ​ဇ​သ​ရ​ဖူ​ကို​တင်၍ မိ​ဖု​ရား​ဝါ​ရှ​တိ​အ​ရာ၌ ချီး​မြှောက်​တော်​မူ၏။