YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧသတာ 2:1-10

ဧသတာ 2:1-10 JBMLE

တစ်​ဖန် ရှင်​ဘု​ရင်​အာ​ရွှေ​ရု​သည် စိတ်​တော်​ပြေ​သော​အ​ခါ၊ ဝါ​ရှ​တိ​ကို​လည်း​ကောင်း၊ သူ​ပြု​သော​အ​မှု​နှင့် သူ့​တစ်​ဖက်၌​စီ​ရင်​သော အ​မှု​ကို​လည်း​ကောင်း အောက်​မေ့​တော်​မူ၏။ အ​ထံ​တော်၌ ခ​စား​သော ကျွန်​တော်​တို့​က​လည်း၊ အ​ဆင်း​လှ​သော သ​မီး​က​ညာ​တို့​ကို အ​ရှင်​မင်း​ကြီး​အ​ဖို့ ရှာ​ရ​ပါ​မည်​အ​ကြောင်း အ​ခွင့်​ပေး​တော်​မူ​ပါ။ အ​ဆင်း​လှ​သော သ​မီး​က​ညာ​အ​ပေါင်း​တို့​ကို ရှု​ရှန်​နန်း​တော်​တွင် အ​ပျို​တော်​နေ​ရာ​သို့ စု​ဝေး​စေ၍၊ နန်း​တော်​မိန်း​မ​စိုး၊ အ​ပျို​တော်​အုပ်​ဟေ​ဂဲ၌ အပ်​စေ​ခြင်း​ငှာ၊ နိုင်​ငံ​တော် အ​တိုင်း​တိုင်း​အ​ပြည်​ပြည် မင်း​အ​ရာ​ရှိ​တို့​ကို ခန့်​ထား​တော်​မူ​ပါ။ စင်​ကြယ်​စေ​ခြင်း​ငှာ ဆေး​မျိုး​ကို အပ်​ပေး​တော်​မူ​ပါ။ နှစ်​သက်​တော်​မူ​သော သ​မီး​က​ညာ​ကို မိ​ဖု​ရား​ဝါ​ရှ​တိ​အ​ရာ၌ ခန့်​ထား​တော်​မူ​ပါ​ဟု လျှောက်​သော​စ​ကား​ကို ရှင်​ဘု​ရင်​နှစ်​သက်၍ ထို​သို့ စီ​ရင်​တော်​မူ၏။ ထို​ကာ​လ​တွင် ရှု​ရှန်​မြို့​တော်၌၊ ဗင်္ယာ​မိန်​အ​မျိုး ကိ​ရှ၊ ရှိ​မိ၊ ယာ​ဣ​ရ​တို့​မှ ဆင်း​သက်​သော မော်​ဒ​ကဲ​အ​မည်​ရှိ​သော ယု​ဒ​လူ​တစ်​ယောက်​ရှိ၏။ ထို​သူ​သည် ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ သိမ်း​သွား​သော ယု​ဒ​ရှင်​ဘု​ရင် ယေ​ခေါ​နိ​မှ​စ၍၊ ဖမ်း​ဆီး​သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော​လူ​စု၌ ပါ​သ​တည်း။ ထို​သူ​သည် ဘ​ထွေး​သ​မီး ဟ​ဒဿ​တည်း​ဟူ​သော ဧ​သ​တာ​ကို မွေး​မြူ၏။ ထို​သ​တို့​သ​မီး​သည် မိ​ဘ​မ​ရှိ၊ ပုံ​ပြင်​ယဉ်​ကျေး၍ အ​သွေး​အ​ဆင်း​လည်း လှ၏။ မိ​ဘ​သေ​သော​အ​ခါ၊ မော်​ဒ​ကဲ​သည် ယူ၍ ကိုယ်​သ​မီး​ကဲ့​သို့ မှတ်​သ​တည်း။ ရှင်​ဘု​ရင် အ​မိန့်​တော်​ကို​ထုတ်၍ ကျော်​သော​အ​ခါ၊ အ​ပျို​များ​တို့​ကို ရှု​ရှန်​နန်း​တော်​သို့ စု​ဝေး​စေ၍၊ မိန်း​မ​စိုး​ဟေ​ဂဲ၌ အပ်​ရာ​တွင်၊ ဧ​သ​တာ​ကို​လည်း နန်း​တော်​သို့ ခေါ်​ဆောင်၍ ဟေ​ဂဲ၌ အပ်​ကြ၏။ ဧ​သ​တာ​သည် ဟေ​ဂဲ​စိတ်​နှင့်​တွေ့၍ မျက်​နှာ​ရ​သ​ဖြင့်၊ ဟေ​ဂဲ​သည် စင်​ကြယ်​စေ​သော​ဆေး​မျိုး​နှင့် ပေး​ရ​သော အ​ဝတ်​အ​စား​ကို အ​လျင်​အ​မြန်​ပေး၏။ နန်း​တော်၌ ရွေး​ကောက်​သော ကျွန်​မ​ခု​နစ်​ယောက်​တို့​ကို​လည်း ပေး၍၊ ဧ​သ​တာ​နှင့် သူ၏​ကျွန်​မ​တို့​ကို အ​ပျို​တော်​နန်း​တွင် အ​မြတ်​ဆုံး​သော​နေ​ရာ၌ ချီး​မြှောက်​လေ၏။ ဧ​သ​တာ​သည် မိ​မိ​အ​မျိုး​နှင့် မိ​မိ​ဆွေ​ညာ​တ​ကာ​ကို မ​ဖော်​မ​ပြ​မည်​အ​ကြောင်း၊ မော်​ဒ​ကဲ သ​တိ​ပေး​သည်​အ​တိုင်း မ​ဖော်​မ​ပြ​ဘဲ နေ၏။