YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧသတာ 1:1-9

ဧသတာ 1:1-9 JBMLE

အိ​န္ဒိ​ယ​ပြည်​မှ​စ၍ ကု​ရှ​ပြည်​တိုင်​အောင် တိုင်း​ပြည် တစ်​ရာ​နှစ်​ဆယ်​ခု​နစ်​ပြည်​တို့​ကို အ​စိုး​ရ​သော ရှင်​ဘု​ရင်​အာ​ရွှေ​ရု​သည်၊ ရှု​ရှန်​နန်း​တော် ရာ​ဇ​ပ​လ္လင်​ပေါ်​မှာ ထိုင်၍ နန်း​စံ​သုံး​နှစ်​တွင်၊ ပေ​ရ​သိ​ဗိုလ်၊ မေ​ဒိ​ဗိုလ်​များ၊ အ​ပြည်​ပြည်​သော မှူး​မတ်​ဝန်​မင်း​များ​တို့​ကို ခေါ်၍၊ မှူး​တော် မတ်​တော် ကျွန်​တော်​အ​ပေါင်း​တို့​အ​ဖို့ ပွဲ​လုပ်​တော်​မူ၏။ ထို​အ​ခါ နိုင်​ငံ​တော်​စည်း​စိမ်၊ ဘုန်း​အာ​နု​ဘော်​တော်​ကို အ​ရက်​တစ်​ရာ​ရှစ်​ဆယ်​ပတ်​လုံး ပြ​တော်​မူ၏။ ထို​ကာ​လ​လွန်​ပြီး​မှ၊ ရှင်​ဘု​ရင်​သည် ရှု​ရှန်​နန်း​တော်၌ စည်း​ဝေး​သော​သူ အ​ကြီး​အ​ငယ်​အ​ပေါင်း​တို့​အ​ဖို့ နန်း​တော်​အ​နား ဥ​ယျာဉ်​တော်​ဝင်း​ထဲ​မှာ ခု​နစ်​ရက်​ပတ်​လုံး ပွဲ​ခံ​တော်​မူ၏။ ငွေ​ကွင်း​တပ်​သော ကျောက်​ဖြူ​တိုင်​တို့၌ မောင်း​သော ပိတ်​ချော​ကြိုး​ဖြင့် ဆွဲ​ကာ​သော ပိတ်​ချော​ကု​လား​ကာ အ​ဖြူ​အ​စိမ်း​အ​ပြာ တို့​နှင့်​လည်း​ကောင်း၊ ခင်း​သော​ကျောက်​ပြား အ​နီ​အ​ပြာ​အ​ဖြူ​အ​နက်​တို့ အ​ပေါ်​မှာ​ထား​သော ရွှေ​ငွေ အ​နေ​အ​ထိုင်​တို့​နှင့်​လည်း​ကောင်း ဥ​ယျာဉ်​တော်​သည် ပြည့်​စုံ၏။ ရှင်​ဘု​ရင်​စည်း​စိမ်​နှင့် လျော်​စွာ ထူး​ခြား​သော​ရွှေ​ဖ​လား​တို့​နှင့် များ​စွာ​သော စ​ပျစ်​ရည်​ကို သောက်​ကြ၏။ စ​ပျစ်​ရည် သောက်​ခြင်း​အ​မှု​သည် တ​ရား​အ​တိုင်း ဖြစ်၏။ အ​ဘယ်​သူ​ကို​မျှ အ​နိုင်​မ​သောက်​စေ၊ လူ​အ​ပေါင်း​တို့​သည် ကိုယ်​အ​လို​အ​လျောက် ပြု​ကြ​မည်​အ​ကြောင်း၊ နန်း​တော်​အ​ရာ​ရှိ​အ​ပေါင်း​တို့​ကို ရှင်​ဘု​ရင် မိန့်​တော်​မူ၏။ မိ​ဖု​ရား​ဝါ​ရှ​တိ​သည်​လည်း၊ ရှင်​ဘု​ရင်​အာ​ရွှေ​ရု နန်း​တော်​သား မိန်း​မ​တို့​အ​ဖို့ ပွဲ​လုပ်​လေ၏။