YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဖက် 6:10-17

ဧဖက် 6:10-17 JBMLE

ကြွင်း​သေး​သော စ​ကား​ဟူ​မူ​ကား၊ ညီ​အစ်​ကို​တို့၊ သ​ခင်​ဘု​ရား​အား​ဖြင့်​လည်း​ကောင်း၊ တန်​ခိုး​တော်​အ​ရှိန် အား​ဖြင့်​လည်း​ကောင်း၊ ခိုင်​ခံ့​ခြင်း​ရှိ​ကြ​လော့။- မာရ်​နတ်၏ ပ​ရိ​ယာယ်​တို့​ကို တား​ဆီး​နိုင်​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင် ပြင်​ဆင်​တော်​မူ​သော လက်​နက်​စုံ​ကို ဝတ်​ဆောင်​ကြ​လော့။- အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် အ​သွေး​အ​သား​ရှိ​သော ရန်​သူ​တို့​နှင့် ဆိုင်​ပြိုင် တိုက်​လှန်​ရ​ကြ​သည်​မ​ဟုတ်။ အ​ထွတ်​အ​မြတ်​တို့​နှင့်​လည်း​ကောင်း၊ အာ​ဏာ​စက်​တို့​နှင့်​လည်း​ကောင်း၊ လော​ကီ​မှောင်​မိုက်၌ အ​စိုး​တ​ရ​ပြု​လုပ်​သော မင်း​တို့​နှင့်​လည်း​ကောင်း၊ မိုး​ကောင်း​ကင်၌​နေ​သော နတ်​ဆိုး​တို့​နှင့်​လည်း​ကောင်း ဆိုင်​ပြိုင်​တိုက်​လှန် ရ​ကြ၏။- ထို​ကြောင့်၊ ခဲ​ယဉ်း​ဆိုး​ယုတ်​သော နေ့​ရက်​ကာ​လ၌ ဆီး​တား​နိုင်​သ​ဖြင့်၊ ကိ​စ္စ​အ​လုံး​စုံ​တို့​ကို ပြီး​စီး၍ ခံ​ရပ်​နိုင်​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင် ပြင်​ဆင်​တော်​မူ​သော လက်​နက်​စုံ​ကို ယူ​ဆောင်​ကြ​လော့။- သ​စ္စာ​တည်း​ဟူ​သော ခါး​ပန်း​ကို​စည်း​လျက်၊ ဖြောင့်​မတ်​ခြင်း ပါ​ရ​မီ​တည်း​ဟူ​သော ရင်​အုပ်​တန်​ဆာ​ကို ဝတ်​ဆင်​လျက်၊- ငြိမ်​သက်​ခြင်း​နှင့်​ယှဉ်​သော ဧ​ဝံ​ဂ​လိ​တ​ရား​ကို ဟော​ပြော​အံ့​သော​ငှာ ပြင်​ဆင်​သော အ​ဖြစ်​တည်း​ဟူ​သော ခြေ​စွပ်​ကို​စွပ်​လျက် ခံ​ရပ်​ကြ​လော့။- မာရ်​နတ်​ပစ်​ခတ်​သော မီး​စက်​လက်​နက်​ကို ကာ​သတ်​နိုင်​သော ယုံ​ကြည်​ခြင်း​တည်း​ဟူ​သော လွှား​ကို​လည်း ခပ်​သိမ်း​သော လက်​နက်​တို့​အ​ပေါ်​မှာ ထပ်​ဆင့်၍ ယူ​ဆောင်​ကြ​လော့။- ကယ်​တင်​ခြင်း​တည်း​ဟူ​သော သံ​ခ​မောက်​လုံး​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တည်း​ဟူ​သော ဝိ​ညာဉ်​တော်၏ ဓား​ကို​လည်း​ကောင်း ယူ​ကြ​လော့။

​ဧဖက် 6:10-17 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။