YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဖက် 5:9-13

ဧဖက် 5:9-13 JBMLE

အ​လင်း​တော်၏ အ​ကျိုး​မူ​ကား၊ အ​လုံး​စုံ​သော ကောင်း​မွန်​ခြင်း၊ ဖြောင့်​မတ်​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း ဖြစ်​သ​တည်း။- သ​ခင်​ဘု​ရား​နှစ်​သက်​တော်​မူ​သော အ​ရာ​သည် အ​ဘယ်​အ​ရာ​ဖြစ်​သည်​ကို သင်​ကြ​လော့။- အ​ကျိုး​မဲ့​သော မှောင်​မိုက်​အ​မှု​တို့​နှင့် မ​ဆက်​ဆံ​သည်​သာ​မ​က၊ ထို​အ​မှု​တို့၏ အ​ပြစ်​ကို ပြ​ကြ​လော့။- အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ဆိတ်​ကွယ်​ရာ၌ ပြု​သော​အ​မှု​အ​ရာ​တို့​ကို စ​ကား​ပြော​ကာ​မျှ၌ ညစ်​ညူး​ခြင်း ပါ​သေး၏။- အ​ပြစ်​ထင်​ရှား​သော​အ​ရာ ရှိ​သ​မျှ​တို့​သည် အ​လင်း​ဖြင့် ထင်​ရှား​ကြ၏။ ထင်​ရှား​စေ​တတ်​သော အ​ရာ​ရှိ​သ​မျှ​တို့​သည်​လည်း အ​လင်း​ဖြစ်၏။