YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဖက် 5:8-14

ဧဖက် 5:8-14 JBMLE

အ​ထက်​ကာ​လ၌ သင်​တို့​သည် မှောင်​မိုက်​အ​တိ ဖြစ်​ကြ၏။ ယ​ခု​မူ​ကား၊ သ​ခင်​ဘု​ရား၌ အ​လင်း​ဖြစ်​ကြ၏။ သို့​ဖြစ်၍ အ​လင်း၏​သား​ကဲ့​သို့ ကျင့်​နေ​ကြ​လော့။- အ​လင်း​တော်၏ အ​ကျိုး​မူ​ကား၊ အ​လုံး​စုံ​သော ကောင်း​မွန်​ခြင်း၊ ဖြောင့်​မတ်​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း ဖြစ်​သ​တည်း။- သ​ခင်​ဘု​ရား​နှစ်​သက်​တော်​မူ​သော အ​ရာ​သည် အ​ဘယ်​အ​ရာ​ဖြစ်​သည်​ကို သင်​ကြ​လော့။- အ​ကျိုး​မဲ့​သော မှောင်​မိုက်​အ​မှု​တို့​နှင့် မ​ဆက်​ဆံ​သည်​သာ​မ​က၊ ထို​အ​မှု​တို့၏ အ​ပြစ်​ကို ပြ​ကြ​လော့။- အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ဆိတ်​ကွယ်​ရာ၌ ပြု​သော​အ​မှု​အ​ရာ​တို့​ကို စ​ကား​ပြော​ကာ​မျှ၌ ညစ်​ညူး​ခြင်း ပါ​သေး၏။- အ​ပြစ်​ထင်​ရှား​သော​အ​ရာ ရှိ​သ​မျှ​တို့​သည် အ​လင်း​ဖြင့် ထင်​ရှား​ကြ၏။ ထင်​ရှား​စေ​တတ်​သော အ​ရာ​ရှိ​သ​မျှ​တို့​သည်​လည်း အ​လင်း​ဖြစ်၏။- ထို​ကြောင့် အိပ်​ပျော်​သော​သူ​နိုး​လော့။ သေ​ခြင်း​မှ ထ​မြောက်​လော့။ သို့​ပြု​လျှင် ခ​ရစ်​တော်​သည် အ​လင်း​ကို သင့်​အား ပေး​တော်​မူ​မည်​ဟု ဆို​သ​တည်း။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။