YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဧဖက် 5:1-14

ဧဖက် 5:1-14 JBMLE

ထို​သို့​သင်​တို့​သည် ဘု​ရား​သ​ခင်၏ ချစ်​သား​ဖြစ်​ကြ​သည်​နှင့်​အ​ညီ၊ ဘု​ရား​သ​ခင် ကျင့်​တော်​မူ​သည် နည်း​တူ ကျင့်​ကြ​လော့။- ခ​ရစ်​တော်​သည် ငါ​တို့​ကို ချစ်​တော်​မူ​သော​အား​ဖြင့် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ မွှေး​ကြိုင်​သော အ​နံ့​ရှိ​စေ​ခြင်း​ငှာ၊ ကိုယ်​ကို​ကိုယ်​ဆက်​ကပ်၍ ယဇ်​ပူ​ဇော်​လျက်၊ ငါ​တို့​အ​တွက် စွန့်​တော်​မူ​သည်​နည်း​တူ၊ သင်​တို့​သည် မေ​တ္တာ​တ​ရား၌ ကျင်​လည်​ကြ​လော့။ မ​တ​ရား​သော မေ​ထုန်၌​မှီ​ဝဲ​ခြင်း၊ အ​မျိုး​မျိုး​သော ကိ​လေ​သာ​ညစ်​ညူး​ခြင်း၊ လော​ဘ​လွန်​ကျူး​ခြင်း အ​မှု​တို့​ကို သန့်​ရှင်း​သူ​တို့​သည် ရှောင်​သင့်​သည်​အ​တိုင်း၊ စ​ကား​ဖြင့်​မျှ မ​ဆက်​ဆံ​ကြ​နှင့်။- မ​တော်​မ​လျော်​သော ညစ်​ညူး​ပြက်​ပြယ် ပြက်​ရယ်​သော စ​ကား​များ​ကို​လည်း​ပယ်၍ ကျေး​ဇူး​တော် ချီး​မွမ်း​ခြင်း​စ​ကား​ကို သုံး​ကြ​လော့။- မ​တ​ရား​သော မေ​ထုန်၌ မှီ​ဝဲ​သော​သူ၊ ညစ်​ညူး​စွာ ပြု​သော​သူ၊ ရုပ်​တု​ကို ကိုး​ကွယ်​သော​သူ​ဖြစ်​သော လော​ဘ​လွန်​ကျူး​သော​သူ တစ်​စုံ​တစ်​ယောက်​မျှ ခ​ရစ်​တော်​နှင့် ဘု​ရား​သ​ခင်၏​နိုင်​ငံ၌ အ​မွေ​မ​ခံ​ရ​သည်​ကို သင်​တို့ သိ​ကြ၏။- လျှပ်​ပေါ်​သော​စ​ကား​ဖြင့် အ​ဘယ်​သူ​မျှ သင်​တို့​ကို မ​လှည့်​ဖြား​စေ​နှင့်။ ထို​အ​မှု​ကြောင့် ဘု​ရား​သ​ခင်၏ အ​မျက်​တော်​သည် ငြင်း​ဆန်​တတ်​သော သူ​တို့ အ​ပေါ်​သို့ သင့်​ရောက်​ပေ၏။- ထို​ကြောင့် သူ​တို့​နှင့် ဆက်​ဆံ၍ မ​ကျင့်​ကြ​နှင့်။- အ​ထက်​ကာ​လ၌ သင်​တို့​သည် မှောင်​မိုက်​အ​တိ ဖြစ်​ကြ၏။ ယ​ခု​မူ​ကား၊ သ​ခင်​ဘု​ရား၌ အ​လင်း​ဖြစ်​ကြ၏။ သို့​ဖြစ်၍ အ​လင်း၏​သား​ကဲ့​သို့ ကျင့်​နေ​ကြ​လော့။- အ​လင်း​တော်၏ အ​ကျိုး​မူ​ကား၊ အ​လုံး​စုံ​သော ကောင်း​မွန်​ခြင်း၊ ဖြောင့်​မတ်​ခြင်း၊ သ​စ္စာ​စောင့်​ခြင်း ဖြစ်​သ​တည်း။- သ​ခင်​ဘု​ရား​နှစ်​သက်​တော်​မူ​သော အ​ရာ​သည် အ​ဘယ်​အ​ရာ​ဖြစ်​သည်​ကို သင်​ကြ​လော့။- အ​ကျိုး​မဲ့​သော မှောင်​မိုက်​အ​မှု​တို့​နှင့် မ​ဆက်​ဆံ​သည်​သာ​မ​က၊ ထို​အ​မှု​တို့၏ အ​ပြစ်​ကို ပြ​ကြ​လော့။- အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ဆိတ်​ကွယ်​ရာ၌ ပြု​သော​အ​မှု​အ​ရာ​တို့​ကို စ​ကား​ပြော​ကာ​မျှ၌ ညစ်​ညူး​ခြင်း ပါ​သေး၏။- အ​ပြစ်​ထင်​ရှား​သော​အ​ရာ ရှိ​သ​မျှ​တို့​သည် အ​လင်း​ဖြင့် ထင်​ရှား​ကြ၏။ ထင်​ရှား​စေ​တတ်​သော အ​ရာ​ရှိ​သ​မျှ​တို့​သည်​လည်း အ​လင်း​ဖြစ်၏။- ထို​ကြောင့် အိပ်​ပျော်​သော​သူ​နိုး​လော့။ သေ​ခြင်း​မှ ထ​မြောက်​လော့။ သို့​ပြု​လျှင် ခ​ရစ်​တော်​သည် အ​လင်း​ကို သင့်​အား ပေး​တော်​မူ​မည်​ဟု ဆို​သ​တည်း။