YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒေသနာ 5:1-3

ဒေသနာ 5:1-3 JBMLE

ဘု​ရား​သ​ခင့်​အိမ်​တော်​သို့​သွား​သော​အ​ခါ၊ သင့်​ခြေ​တို့​ကို စောင့်​လော့။ လူ​မိုက်​ပြု​သော ယဇ်​ပူ​ဇော်​ခြင်း​အ​မှု​ထက်၊ တ​ရား​နာ​ခြင်း​အ​မှု​ကို သာ၍​ကြိုး​စား​လော့။ လူ​မိုက်​တို့​သည် ကိုယ်​အ​ပြစ်​ကို မ​ဆင်​ခြင်​တတ်​ကြ။ သင်၏​နှုတ်​သည် သ​တိ​မ​လစ်​စေ​နှင့်။ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ စ​ကား​ပြော​ခြင်း​ငှာ၊ သင်၏​စိတ်​နှ​လုံး မ​လျင်​မ​မြန်​စေ​နှင့်။ ဘု​ရား​သ​ခင်​သည် ကောင်း​ကင်​ဘုံ၌​ရှိ​တော်​မူ၏။ သင်​သည် မြေ​ကြီး​ပေါ်​မှာ​ရှိ၏။ ထို​ကြောင့် သင်၏​စ​ကား မ​များ​စေ​နှင့်။ အ​မှု​များ​သော​အား​ဖြင့် အိပ်​မက်​မြင်​တတ်​သ​ကဲ့​သို့၊ စ​ကား​များ​သော​အား​ဖြင့် မိုက်​သော​သူ၏​အ​သံ​ကို ကြား​ရ၏။