YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒေသနာ 2:1-8

ဒေသနာ 2:1-8 JBMLE

တစ်​ဖန် ငါ​သည် ကိုယ်​စိတ်​နှ​လုံး​ထဲ​မှာ​ပြော​သည်​ကား၊ လာ​ပါ။ ရွှင်​လန်း​ခြင်း​အား​ဖြင့် သင့်​ကို​ငါ​စုံ​စမ်း​မည်။ သို့​ဖြစ်၍၊ ကာ​မ​ဂုဏ်၌ ပျော်​မွေ့​လော့​ဟု​ဆို​ရာ​တွင်၊ ထို​အ​မှု​အ​ရာ​သည်​လည်း အ​န​တ္တ​ဖြစ်လေ၏။ ရယ်​မော​ခြင်း​ကို သင်​သည်​အ​ရူး​ဖြစ်၏ ဟူ၍​လည်း​ကောင်း၊ ရွှင်​လန်း​ခြင်း​ကို အ​ဘယ်​ကြောင့် ဤ​သို့​ပြု​သ​နည်း ဟူ၍​လည်း​ကောင်း ငါ​ဆို​ရ၏။ တစ်​ဖန် လူ​သား​တို့​သည် မိုး​ကောင်း​ကင်​အောက်၌၊ တစ်​သက်​လုံး ပြု​သင့်​သော​အ​မှု​ကောင်း​ကို သိ​အံ့​သော​ငှာ၊ ပ​ညာ​တ​ရား​ကို​လေ့​ကျက်​လျက်​နှင့်၊ စ​ပျစ်​ရည်​အ​လို​သို့​လိုက်၍၊ မိုက်​သော​အ​ကျင့်​ဓ​လေ့၌ ကျင်​လည်​ခြင်း​ငှာ၊ ငါ​ကြံ​စည်၏။ ကြီး​ကျယ်​သော​အ​လုပ်​ကို စီ​ရင်၍ အိမ်​တို့​ကို ဆောက်၏။ စ​ပျစ်​ဥ​ယျာဉ်​တို့​ကို​လည်း စိုက်၏။ ဥ​ယျာဉ်​အ​မျိုး​မျိုး​ကို ပြု​စု၍၊ ခပ်​သိမ်း​သော အ​သီး​မျိုး​ကို​သီး​သော​အ​ပင်​တို့​ကို​လည်း စိုက်၏။ သစ်​ပင်​မျိုး​နှင့် ပြည့်​စုံ​သော​တော​ကို ရေ​လောင်း​စ​ရာ​ဖို့ ရေ​ကန်​တို့​ကို​လည်း လုပ်၏။ ကျွန်​ယောက်ျား၊ ကျွန်​မိန်း​မ​တို့​ကို သိမ်း​ယူ၍၊ ကျွန်​သား​ပေါက်​များ​လည်း ရှိ​ကြ၏။ ငါ့​အ​ရင်၊ ယေ​ရု​ရှ​လင်​မြို့၌ ဖြစ်​ဖူး​သော သူ​အ​ပေါင်း​တို့​ထက်၊ ငါ​သည် တိ​ရ​စ္ဆာန်​အ​ကြီး​အ​ငယ်​တို့​နှင့် အ​လွန်​ရ​တတ်၏။ ရွှေ​ငွေ​ကို​လည်း​ကောင်း၊ ရှင်​ဘု​ရင်​နှင့်​ဆိုင်​သော ဘ​ဏ္ဍာ၊ ကျေး​ရွာ​တို့၌​ခွဲ​သော အ​ခွန်​ကို​လည်း​ကောင်း ငါ​ဆည်း​ပူး၏။ အ​ငြိမ့်​သ​မား ယောက်ျား​မိန်း​မ​တို့​ကို​လည်း​ကောင်း၊ လူ​သား​တို့ ပျော်​မွေ့​တတ်​သော ကြင်​ရာ မိန်း​မ​မောင်း​မ​မိဿံ​တို့​ကို​လည်း​ကောင်း ငါ​သိမ်း​ယူ၏။