YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 9:1-8

တရားဟောရာ 9:1-8 JBMLE

အို ဣ​သ​ရေ​လ​အ​မျိုး၊ နား​ထောင်​လော့။ သင့်​ထက်​အား​ကြီး၍ များ​ပြား​သော​လူ​မျိုး​တို့​ကို​လည်း​ကောင်း၊ မိုး​ကောင်း​ကင်​ကို​ထိ​သော​မြို့​ရိုး​နှင့် ပြည့်​စုံ​သော မြို့​ကြီး​တို့​ကို​လည်း​ကောင်း၊ အာ​န​က​အ​မျိုး​သား​ရှေ့​မှာ အ​ဘယ်​သူ​ရပ်​နိုင်​သ​နည်း​ဟူ​သော​စ​ကား​ကို သင်​ကြား၍၊ သင်​သိ​သော အာ​န​က​အ​မျိုး​သား​တည်း​ဟူ​သော အ​လွန်​ကြီး​မြင့်​သော​လူ​မျိုး​ကို​လည်း​ကောင်း တိုက်​ယူ​ခြင်း​ငှာ၊ ယ​ခု ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ ကူး​လု​ပြီ။ သို့​ဖြစ်၍ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ရှေ့​မှာ​ကြွ​သ​ဖြင့်၊ လောင်​သော​မီး​ကဲ့​သို့​ဖြစ်​လျက် သူ​တို့​ကို​ဖျက်​ဆီး၍၊ သင့်​မျက်​မှောက်၌ နှိမ့်​ချ​တော်​မူ​မည်​အ​ကြောင်း​ကို ယ​ခု​သ​ဘော​ကျ​လော့။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​အ​တိုင်း၊ သင်​သည် သူ​တို့​ကို​နှင်​ထုတ်၍ အ​လျင်​အ​မြန် ဖျက်​ဆီး​ရ​လိမ့်​မည်။ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို​သင့်​ရှေ့​မှ နှင်​ထုတ်​တော်​မူ​သော​နောက်၊ သင်​က၊ ငါ့​ကု​သိုလ်​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​သွင်း၍၊ ဤ​ပြည်​ကို အ​ပိုင်​ပေး​တော်​မူ​သည်​ဟူ၍ မ​အောက်​မေ့​ရ။ ထို​လူ​မျိုး​တို့၏ မ​ကောင်း​မှု​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို ငါ့​ရှေ့​မှ​နှင်​ထုတ်​တော်​မူ​သည်​ဟူ၍ စိတ်​ထဲ​မှာ အောက်​မေ့​ရ​မည်။ သင်​ပြု​သော​ကု​သိုလ်​ကြောင့်​လည်း​ကောင်း၊ ဖြောင့်​မတ်​သော သ​ဘော​ကြောင့်​လည်း​ကောင်း၊ ထို​ပြည်​ကို​သွား၍ ဝင်​စား​ရ​မည်​မ​ဟုတ်။ ထို​လူ​မျိုး​တို့၏​မ​ကောင်း​မှု​ကြောင့်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​အ​ဘ အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား ကျိန်​ဆို​တော်​မူ​သော​စ​ကား​တော်​ကို တည်​စေ​လို​သော​ငှာ​လည်း​ကောင်း၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို သင့်​ရှေ့​မှ​နှင်​ထုတ်​တော်​မူ၏။ သို့​ဖြစ်၍ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​ကု​သိုလ်​ကြောင့်၊ ထို​ကောင်း​မွန်​သော​ပြည်​ကို ပေး​တော်​မူ​သည်​မ​ဟုတ်။ သင်​သည် လည်​ပင်း​ခိုင်​မာ​သော​အ​မျိုး​ဖြစ်၏။ သင်​သည်၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို အ​မျက်​တော်​ထွက်​စေ​ခြင်း​ငှာ၊ တော၌​ပြု​မိ​သည်​ကို​မ​မေ့​နှင့်၊ အောက်​မေ့​လော့။ သင်​သည် အဲ​ဂု​တ္တု​ပြည်​ထဲ​က ထွက်​သော​နေ့​မှ​စ၍ ဤ​အ​ရပ်​သို့​ရောက်​သည်​တိုင်​အောင် ထာ​ဝ​ရ​ဘု​ရား​ကို​ပုန်​ကန်​ပြီ။ ဟော​ရပ်​အ​ရပ်၌ ထာ​ဝ​ရ​ဘု​ရား​ကို အ​မျက်​တော်​ထွက်​စေ​သ​ဖြင့်၊ သင့်​ကို ဖျက်​ဆီး​လောက်​အောင် အ​မျက်​ထွက်​တော်​မူ၏။