YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 6:1-17

တရားဟောရာ 6:1-17 JBMLE

သင်​တို့​နှင့် သား​မြေး​တို့​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့၍၊ ငါ​ပေး​ထား​သော ပ​ညတ်​တ​ရား​တော်​ရှိ​သ​မျှ​တို့​ကို တစ်​သက်​လုံး စောင့်​ရှောက်​မည်​အ​ကြောင်း​နှင့် သင်​တို့၏​အ​သက်​တာ ရှည်​စေ​မည်​အ​ကြောင်း၊ သင်​တို့​သွား၍ ဝင်​စား​လ​တ္တံ့​သော​ပြည်၌​ကျင့်​ဖို့​ရာ သင်​တို့​အား ငါ​သွန်​သင်​စိမ့်​သော​ငှာ၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သော စီ​ရင်​ထုံး​ဖွဲ့​ချက် ပ​ညတ်​တ​ရား​ဟူ​မူ​ကား၊ အို​ဣ​သ​ရေ​လ​အ​မျိုး၊ ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား က​တိ​တော်​ရှိ​သည်​အ​တိုင်း၊ သင်​သည် နို့​နှင့်​ပျား​ရည်​စီး​သော​ပြည်၌ ချမ်း​သာ​ရ၍ အ​လွန်​ပွား​များ​မည်​အ​ကြောင်း နား​ထောင်​လော့။ သ​တိ​နှင့် ကျင့်​စောင့်​လော့။ အို​ဣ​သ​ရေ​လ​အ​မျိုး၊ နား​ထောင်​လော့။ ငါ​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် တစ်​ဆူ​တည်း​သော ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ၏။ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို စိတ်၊ နှ​လုံး​အ​ကြွင်း​မဲ့၊ အ​စွမ်း​သ​တ္တိ​ရှိ​သ​မျှ​နှင့် ချစ်​လော့။ ယ​နေ့ ငါ​မှာ​ထား​သော​စ​ကား​ကို နှ​လုံး​သွင်း​ရ​မည်။ ထို​စ​ကား​ကို သင်၏​သား​သ​မီး​တို့​အား ကြိုး​စား၍​သွန်​သင်​ရ​မည်။ အိမ်၌​ထိုင်​လျက် နေ​သည်​ဖြစ်​စေ၊ ခ​ရီး၌​သွား​သည်​ဖြစ်​စေ၊ အိပ်​လျက်၊ ထ​လျက်​ရှိ​သည်​ဖြစ်​စေ၊ ထို​စ​ကား​ကို​ပြော​ရ​မည်။ ထို​စ​ကား​ကို​လည်း သင်၏​လက်၌ လ​က္ခ​ဏာ​သက်​သေ​ဖို့​ရာ​လည်း​ကောင်း၊ သင်၏​မျက်​စိ​ကြား​မှာ သင်း​ကျစ်​ကဲ့​သို့​လည်း​ကောင်း ချည်​ထား​ရ​မည်။ အိမ်​တံ​ခါး၊ မြို့​တံ​ခါး​တို့၌ လည်း​ရေး​ထား​ရ​မည်။ သင်​မ​တည်​သော မြို့​ကြီး​မြို့​မြတ်​တို့​ကို​လည်း​ကောင်း၊ သင်​မ​ဖြည့်​ဘဲ ကောင်း​သော​အ​ရာ​နှင့် ပြည့်​သော​အိမ်​တို့​ကို​လည်း​ကောင်း၊ သင်​မ​တူး​သော ရေ​တွင်း​တို့​ကို​လည်း​ကောင်း၊ သင်​မ​စိုက်​မ​ပျိုး​သော စ​ပျစ်​ဥ​ယျာဉ်​နှင့် သံ​လွင်​ပင်​တို့​ကို​လည်း​ကောင်း၊ သင့်​အား​ပေး​ခြင်း​ငှာ၊ သင်၏​အ​ဘ​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား ကျိန်​ဆို​တော်​မူ​သော​ပြည်​သို့ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​ဆောင်​သွင်း​တော်​မူ၍၊ သင်​သည် ဝ​စွာ​စား​လျက်​နေ​ရ​သော​အ​ခါ၊ ကျွန်​ခံ​နေ​ရာ​အဲ​ဂု​တ္တု​ပြည်​မှ သင့်​ကို​ကယ်​နုတ်​ဆောင်​ယူ​ခဲ့​သော ထာ​ဝ​ရ​ဘု​ရား​ကို မ​မေ့​လျော့​မည်​အ​ကြောင်း၊ ကိုယ်​ကို​ကိုယ်​သ​တိ​ပြု​လော့။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​ရ​မည်။ ထို​ဘု​ရား​သ​ခင်​ကို​သာ ဝတ်​ပြု​ရ​မည်။ နာ​မ​တော်​အား​ဖြင့်​လည်း ကျိန်​ဆို​ခြင်း​ကို​ပြု​ရ​မည်။ အ​ခြား​တစ်​ပါး​သော​ဘု​ရား၊ သင့်​ပတ်​လည်၌​နေ​သော လူ​မျိုး​တို့၏​ဘု​ရား​ကို မ​ဆည်း​မ​ကပ်​ရ။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့၌​အ​ပြစ်​ရှိ​သည်​ဟု ယုံ​လွယ်​သော​ဘု​ရား ဖြစ်​တော်​မူ၏။ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို အ​မျက်​ထွက်၍ မြေ​ကြီး​ပြင်​မှာ သုတ်​သင်​ပယ်​ရှင်း​တော်​မူ​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ၏။ သင်​သည် မဿာ​အ​ရပ်၌​ပြု​သ​ကဲ့​သို့၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို အ​စုံ​အ​စမ်း​မ​ပြု​ရ။ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထား​တော်​မူ​သော​သက်​သေ​ခံ​ချက်၊ စီ​ရင်​ချက်၊ ပ​ညတ်​တ​ရား​တို့​ကို ကြိုး​စား၍​စောင့်​ရှောက်​ရ​မည်။