YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 31:19-22

တရားဟောရာ 31:19-22 JBMLE

ယ​ခု​မှာ ဓ​မ္မ​သီ​ချင်း​ကို ရေး​ထား​ကြ​လော့။ ထို​သီ​ချင်း​ကို ဣ​သ​ရေ​လ​အ​မျိုး​တစ်​ဖက်၌ ငါ့​အ​ဖို့ သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ၊ သူ​တို့​သည် နှုတ်​ကျက်​ရ​အောင် သင်​စေ​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သူ​တို့၏​ဘိုး​ဘေး​တို့​အား ငါ​ကျိန်​ဆို၍ နို့​နှင့်​ပျား​ရည်​စီး​သော​ပြည်​သို့ သူ​တို့​ကို ငါ​ဆောင်​သွင်း​သ​ဖြင့် သူ​တို့​သည် ဝ​စွာ​စား​ရ၍ ဆူ​ဖြိုး​သော​အ​ခါ၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​ထံ​သို့​လွှဲ​သွား၍ ဝတ်​ပြု​ကြ​လိမ့်​မည်။ ငါ့​ကို​ပုန်​ကန်၍ ငါ့​ပ​ဋိ​ညာဉ်​တ​ရား​ကို ဖျက်​ကြ​လိမ့်​မည်။ ဘေး​ဒဏ်​ရန်​မာန်​အ​ပေါင်း​တို့​နှင့် တွေ့​ကြုံ​သော​အ​ခါ၊ ထို​သီ​ချင်း​သည် သူ​တို့​တစ်​ဖက်၌ သက်​သေ​ခံ​လိမ့်​မည်။ သူ​တို့​အ​မျိုး​အ​နွယ်​သည် နှုတ်​ကျက်​မ​မေ့​လျော့​ရ။ ငါ​ကျိန်​ဆို​သော​ပြည်​သို့ ငါ​ဆောင်၍​မ​သွင်း​မီ၊ ယ​ခု​ပင် သူ​တို့​ကြံ​စည်​သော အ​ကြံ​အ​စည်​ကို​ငါ​သိ၏​ဟု မိန့်​တော်​မူ၏။ မော​ရှေ​သည်​လည်း၊ ထို​နေ့၌ ဓ​မ္မ​သီ​ချင်း​ကို​ရေး​ထား၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား သင်​လေ၏။