YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 28:1-14

တရားဟောရာ 28:1-14 JBMLE

ယ​နေ့ ငါ​ဆင့်​ဆို​သ​မျှ​သော ပ​ညတ်​တော်​တို့​ကို သင်​သည်​ကျင့်​စောင့်​ခြင်း​ငှာ၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ စ​ကား​တော်​ကို စေ့​စေ့​နား​ထောင်​လျှင်၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် လူ​မျိုး​တ​ကာ​တို့​ထက် သင့်​ကို ချီး​မြှောက်​တော်​မူ​မည်။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ စ​ကား​တော်​ကို နား​ထောင်​လျှင်၊ သင့်​အ​ပေါ်​မှာ သက်​ရောက်​လ​တ္တံ့​သော ကောင်း​ချီး​မင်္ဂ​လာ​များ ဟူ​မူ​ကား။ သင်​သည် မြို့၌ မင်္ဂ​လာ​ရှိ​လိမ့်​မည်၊ တော၌ မင်္ဂ​လာ​ရှိ​လိမ့်​မည်။ သား​သ​မီး​အား​ဖြင့်​လည်း​ကောင်း၊ မြေ​အ​သီး​အ​နှံ​အား​ဖြင့်​လည်း​ကောင်း၊ တိ​ရ​စ္ဆာန်​ဖွား​သော သား​ငယ်​အား​ဖြင့်​လည်း​ကောင်း၊ သိုး​နွား အ​စီး​အ​ပွား​အား​ဖြင့်​လည်း​ကောင်း မင်္ဂ​လာ​ရှိ​လိမ့်​မည်။ ခြင်​တောင်း၌​လည်း​ကောင်း၊ မုန့်​နယ်​သော​ခွက်၌​လည်း​ကောင်း မင်္ဂ​လာ​ရှိ​လိမ့်​မည်။ မိ​မိ​အိမ်​ထဲ​သို့ ဝင်​သော​အ​ခါ မင်္ဂ​လာ​ရှိ​လိမ့်​မည်၊ ပြင်​သို့​ထွက်​သော​အ​ခါ မင်္ဂ​လာ​ရှိ​လိမ့်​မည်။ သင့်​တစ်​ဖက်၌​ထ​သော ရန်​သူ​တို့​ကို သင့်​မျက်​မှောက်၌ ထာ​ဝ​ရ​ဘု​ရား​သည် ဒဏ်​ခံ​စေ​တော်​မူ​မည်။ သူ​တို့​သည် တစ်​လမ်း​တည်း​ဖြင့် သင်​ရှိ​ရာ​သို့​လာ​သော်​လည်း၊ လမ်း​ခု​နစ်​သွယ်​ဖြင့် သင့်​ရှေ့​မှ​ပြေး​ကြ​လိမ့်​မည်။ သင်၏​ဘ​ဏ္ဍာ​တိုက်၌​လည်း​ကောင်း၊ သင်​ပြု​လေ​ရာ​ရာ၌​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အ​ပေါ်​မှာ မင်္ဂ​လာ​ရောက်​စေ​ခြင်း​ငှာ မိန့်​တော်​မူ​မည်။ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ပြည်၌ သင့်​ကို ကောင်း​ချီး​မင်္ဂ​လာ​ပေး​တော်​မူ​မည်။ သင်​သည် သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ ပ​ညတ်​တော်​တို့​ကို​စောင့်၍ လမ်း​တော်​သို့​လိုက်လျှင်၊ ထာ​ဝ​ရ​ဘု​ရား​ကျိန်​ဆို​သည်​အ​တိုင်း၊ သင့်​ကို​ကိုယ်​တော်​အ​ဖို့ သ​န့်​ရှင်း​သော​အ​မျိုး အ​စဉ်​အ​မြဲ​ဖြစ်​စေ​တော်​မူ​မည်။ သင်​သည် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ဖြင့် ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ကို​ခံ​ရ​သည်​ဟု လူ​မျိုး​ခပ်​သိမ်း​တို့​သည် သိ​မြင်၍ သင့်​ကို​ကြောက်​ရွံ့​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​ပေး​ခြင်း​ငှာ ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော​ပြည်၌ ဥ​စ္စာ​ပ​စ္စည်း၊ သား​သ​မီး၊ တိ​ရ​စ္ဆာန်​အ​တိုး​အ​ပွား၊ မြေ​အ​သီး​အ​နှံ​များ​ကို ကြွယ်​ဝ​စေ​တော်​မူ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် အ​ချိန်​တန်​မှ သင်၏​ပြည်၌ မိုး​ရွာ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​ပြု​လေ​ရာ​ရာ၌ ကောင်း​ချီး​ပေး​ခြင်း​ငှာ​လည်း​ကောင်း၊ ဘ​ဏ္ဍာ​တော်​တိုက်​တည်း​ဟူ​သော မိုး​ကောင်း​ကင်​ကို​ဖွင့်​တော်​မူ​မည်။ သင်​သည် လူ​မျိုး​များ​တို့​အား ချေး​ငှား​ရ​သော​အ​ခွင့် ရှိ​လိမ့်​မည်။ သူ​တို့​သည် သင့်​အား​ချေး​ငှား​ရ​သော​အ​ခွင့် မ​ရှိ​ရ။ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​အ​မြီး​မ​ဖြစ်​စေ​ဘဲ ခေါင်း​ဖြစ်​စေ​တော်​မူ​သ​ဖြင့်၊ သင်​သည် အောက်၌​မ​နေ​ရ​ဘဲ အ​ပေါ်၌​သာ​နေ​ရ​သော​အ​ခွင့် ရှိ​လိမ့်​မည်။ ယ​နေ့ ငါ​ဆင့်​ဆို​သော၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ ပ​ညတ်​တော်​တို့​ကို ကျင့်​စောင့်​ခြင်း​ငှာ နား​ထောင်​လျှင်​လည်း​ကောင်း၊ ယ​နေ့ ငါ​ဆင့်​ဆို​သော စ​ကား​တော်​လမ်း​မှ​ထွက်၍ လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်​သို့​မ​လွှဲ၊ အ​ခြား​တစ်​ပါး​သော​ဘု​ရား​နောက်​သို့ လိုက်၍ ဝတ်​မ​ပြု​ဘဲ​နေ​လျှင်​လည်း​ကောင်း၊ ထို​သို့​သော​ကျေး​ဇူး​တော်​ကို ခံ​ရ​လိမ့်​မည်။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။