YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 23:1-18

တရားဟောရာ 23:1-18 JBMLE

ယောက်ျား၏ အင်္ဂါ​လ​က္ခ​ဏာ​မ​စုံ​လင်၊ ချို့​တဲ့​သော​ယောက်ျား​သည် ထာ​ဝ​ရ​ဘု​ရား၏​ပ​ရိ​သတ်​တော်၌ အ​ပါ​အ​ဝင်​မ​ဖြစ်​ရ။ မျောက်​မ​ထား၍​ရ​သော​သား​သည် ထာ​ဝ​ရ​ဘု​ရား၏​ပ​ရိ​သတ်​တော်၌ အ​ပါ​အ​ဝင်​မ​ဖြစ်​ရ။ ဆယ်​ဆက်​မြောက်​အောင် မ​ဝင်​ရ။ အ​မ္မုန်​အ​မျိုး​သား၊ မော​ဘ​အ​မျိုး​သား​သည်​လည်း၊ ထာ​ဝ​ရ​ဘု​ရား၏ ပ​ရိ​သတ်​တော်၌ အ​ပါ​အ​ဝင်​မ​ဖြစ်​ရ။ ကာ​လ​အ​စဉ်​မ​ကုန်၊ ဆယ်​ဆက်​မြောက်​အောင် မ​ဝင်​ရ။ အ​ကြောင်း​မူ​ကား၊ သင်​သည် အဲ​ဂု​တ္တု​ပြည်​မှ ထွက်​လာ​သော​အ​ခါ၊ သူ​တို့​သည် မုန့်​နှင့်​ရေ​ကို​ဆောင်၍ ခ​ရီး​ဦး​ကြို​မ​လာ​ကြ။ သင့်​ကို ကျိန်​ဆဲ​စေ​ခြင်း​ငှာ၊ မေ​သော​ပေါ​တာ​မိ​ပြည်၊ ပေ​သော်​မြို့၌​နေ​သော ဗော​ရ​သား​ဗာ​လမ်​ကို ငှား​ကြ၏။ သို့​ရာ​တွင် သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ဗာ​လမ်​စ​ကား​ကို နား​မ​ထောင်။ သင့်​ကို​ချစ်​သော​ကြောင့် ကျိန်​ဆဲ​ခြင်း​ကို သင်၌ ကောင်း​ချီး​မင်္ဂ​လာ ဖြစ်​စေ​တော်​မူ၏။ သင်​သည် သူ​တို့​ချမ်း​သာ၊ သူ​တို့​စည်း​စိမ်​ကို တစ်​သက်​လုံး​အ​စဉ် မ​ပြု​စု​ရ။ ဧ​ဒုံ​အ​မျိုး​သား​ကို​မူ​ကား၊ မ​မုန်း​ရ။ သူ​သည် သင်၏​ညီ​အစ်​ကို ဖြစ်၏။ အဲ​ဂု​တ္တု​အ​မျိုး​သား​ကို​လည်း မ​မုန်း​ရ။ သူ၏​ပြည်၌ သင်​သည် ကျွန်​ခံ​ခဲ့​ဖူး​ပြီ။ သူ​တို့​အ​မျိုး​အ​နွယ်​သည် သုံး​ဆက်​မြောက်​မှ​သာ ထာ​ဝ​ရ​ဘု​ရား၏ ပ​ရိ​သတ်​တော်၌ အ​ပါ​အ​ဝင်​ဖြစ်​ရ​သော အ​ခွင့်​ရှိ၏။ ရန်​သူ​တို့​ကို စစ်​တိုက်​သွား​သော​အ​ခါ၊ မ​တ​ရား​သော​အ​မှု​ရှိ​သ​မျှ​ကို ရှောင်​လော့။ ည​အ​ချိန်၌ ရောက်​တတ်​သော မ​စင်​ကြယ်​သော အ​ကြောင်း​ကြောင့် မ​စင်​ကြယ်​သော​သူ​သည် သင်​တို့​တွင်​ရှိ​လျှင် သူ​သည်​တပ်​ပြင်​သို့ ထွက်​ရ​မည်။ တပ်​ထဲ​သို့ မ​ဝင်​ရ။ မိုး​ချုပ်​သော​အ​ခါ ရေ​ချိုး၍၊ နေ​ဝင်​ပြီး​မှ တပ်​ထဲ​သို့​ဝင်​ရ​မည်။ သင့်​ကျင်​ကြီး​စွန့်​ရာ အ​ရပ်​သည် တပ်​ပြင်၌​ရှိ​ရ​မည်။ တပ်​ပြင်​သို့​ထွက်၍ စွန့်​သော​အ​ခါ၊ ကိုယ်၌​ပါ​သော သစ်​သား​တူး​ရွင်း​နှင့် မြေ၌​တူး​ရ​မည်။ နောက်​တစ်​ဖန်​လှည့်၍ မ​စင်​ကို ဖုံး​အုပ်​ရ​မည်။ အ​ကြောင်း​မူ​ကား၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​ကယ်​တင်၍ ရန်​သူ​တို့​ကို သင့်​လက်၌​အပ်​ခြင်း​ငှာ၊ သင်၏​တပ်​ထဲ​မှာ သွား​လာ​တော်​မူ၏။ ထို​ကြောင့်၊ သင့်​အ​ထဲ၌ မ​စင်​ကြယ်​သော​အ​ရာ တစ်​စုံ​တစ်​ခု​ကို​မြင်၍ သင်​မှ ရှောင်​သွား​တော်​မ​မူ​မည်​အ​ကြောင်း၊ သင်၏​တပ်​သည် သန့်​ရှင်း​ရ​မည်။ မိ​မိ​သ​ခင်​ထံ​က​ပြေး၍ သင့်​ထံ​သို့​ရောက်​သော ကျွန်​ကို သ​ခင်၌​မ​အပ်​ရ။ ထို​ကျွန်​သည် အ​လို​အ​လျောက်​နေ​ချင်​သော အ​ရပ်၊ သင့်​နေ​ရာ​မြို့ တစ်​စုံ​တစ်​မြို့၌ သင့်​ထံ​မှာ​နေ​ရ​သော အ​ခွင့်​ရှိ၏။ သူ့​ကို မ​ညှဉ်း​ဆဲ​ရ။ ဣ​သ​ရေ​လ​အ​မျိုး​သ​မီး​တို့​တွင် ပြည့်​တန်​ဆာ​မ​ရှိ​ရ။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် ယောက်ျား​အ​လို​သို့ လိုက်​တတ်​သော မိန်း​မ​လျှာ​မ​ရှိ​ရ။ ပြည့်​တန်​ဆာ​လုပ်၍ ရ​သော​ငွေ၊ ခွေး​ကို​ရောင်း၍ ရ​သော​ငွေ​ကို သ​စ္စာ​က​တိ​ပြေ​စေ​ခြင်း​ငှာ၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​သို့ မ​သွင်း​ရ။ ထို​သို့​သော​ငွေ​ကို စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။