သင်သည် ရန်သူတို့ကို စစ်တိုက်ခြင်းငှာ ချီသွားသောအခါ၊ ကိုယ်ထက်သာ၍များသောမြင်း၊ ရထား၊ လူတို့ကိုမြင်သော်လည်း မကြောက်နှင့်။ သင့်ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်သော သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်ဘက်၌ရှိတော်မူ၏။ စစ်တိုက်ချိန်နီးသောအခါ၊ ယဇ်ပုရောဟိတ်တို့သည်ချဉ်း၍၊ အိုဣသရေလအမျိုးသားတို့၊ ယနေ့ သင်တို့သည် စစ်တိုက်ခြင်းငှာ ရန်သူတို့ကိုချဉ်းကြပြီ။ သူတို့ကြောင့် စိတ်ပျက်ခြင်း၊ ကြောက်ရွံ့ခြင်း၊ တုန်လှုပ်ခြင်း၊ ထိတ်လန့်ခြင်း မရှိကြနှင့်။ အကြောင်းမူကား၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည် ရန်သူတို့ကိုစစ်တိုက်၍ သင်တို့ကို ကယ်တင်ခြင်းအလိုငှာ၊ သင်တို့နှင့်အတူ ကြွတော်မူသည်ဟု လူတို့အားပြောဆိုရကြမည်။
တရားဟောရာ 20 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: တရားဟောရာ 20:1-4
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ