YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 19:15-21

တရားဟောရာ 19:15-21 JBMLE

လူ​သည် ပြု​မိ​သော​ဒု​စ​ရိုက်၊ ပြစ်​မှား​မိ​သော​အ​ပြစ်​ကို စစ်​ကြော​သော​အ​ခါ၊ သက်​သေ​ခံ​တစ်​ဦး​တည်း​ရှိ​လျှင် သူ၏​စ​ကား​မ​တည်​ရ။ သက်​သေ​ခံ​နှစ်​ဦး၊ သုံး​ဦး​အား​ဖြင့် စ​ကား​ရှိ​သ​မျှ​တို့​သည် တည်​ရ​လိမ့်​မည်။ မ​မှန်​သော သက်​သေ​ခံ​တစ်​ယောက်​သည်၊ သူ​တစ်​ပါး​တစ်​ဖက်၌ မ​မှန်​သော​သက်​သေ​ကို​ခံ​လျှင်၊ တ​ရား​တွေ့​သော​သူ​နှစ်​ယောက်​တို့​သည် ထာ​ဝ​ရ​ဘု​ရား ရှေ့​တော်​သို့​လည်း​ကောင်း၊ ထို​ကာ​လ၌​ရှိ​သော ယဇ်​ပု​ရော​ဟိတ်၊ တ​ရား​သူ​ကြီး​ရှေ့​သို့​လည်း​ကောင်း​လာ​သ​ဖြင့်၊ တ​ရား​သူ​ကြီး​တို့​သည် စေ့​စေ့​စစ်​ကြော၍ ထို​သက်​သေ​ခံ​သော​သူ​သည် မိ​မိ​အ​ဖော်​တစ်​ဖက်၌ မ​မှန်​သော​သက်​သေ​ကို​ခံ​ပြီး​လျှင်၊ မိ​မိ​အ​ဖော်၌​ပြု​မည်​ဟု အ​ကြံ​ရှိ​သည်​အ​တိုင်း သူ၌​ပြု​ရ​မည်။ ဒု​စ​ရိုက်​အ​ပြစ်​ကို သင်​တို့​အ​ထဲ​က ထို​သို့​ပယ်​ရှား​ရ​မည်။ ကြွင်း​သော​သူ​တို့​သည်​လည်း ထို​သ​တင်း​ကို​ကြား၍ ကြောက်​သော​ကြောင့်၊ နောက်​တစ်​ဖန် ထို​သို့​သော ဒု​စ​ရိုက်​ကို မ​ပြု​ဘဲ​နေ​ကြ​လိမ့်​မည်။ သင်၏​မျက်​စိ​သည် မ​သ​နား​ရ။ အ​သက်​အ​တွက် အ​သက်​ကို​လည်း​ကောင်း၊ မျက်​စိ​အ​တွက် မျက်​စိ​ကို​လည်း​ကောင်း၊ သွား​အ​တွက် သွား​ကို​လည်း​ကောင်း၊ လက်​အ​တွက် လက်​ကို​လည်း​ကောင်း၊ ခြေ​အ​တွက် ခြေ​ကို​လည်း​ကောင်း ဒဏ်​ပေး​ရ​မည်။