YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 19:1-13

တရားဟောရာ 19:1-13 JBMLE

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော ပြည်၌​နေ​သော လူ​မျိုး​တို့​ကို သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပယ်​ဖြတ်​တော်​မူ​သ​ဖြင့်၊ သင်​သည် သူ​တို့​အ​ရာ၌ ဝင်​စား၍၊ သူ​တို့​မြို့၊ သူ​တို့​အိမ်၌​နေ​သော​အ​ခါ၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် အ​ပိုင်​ပေး​တော်​မူ​သော ထို​ပြည်​အ​တွင်း၌ မြို့​သုံး​မြို့​တို့​ကို ခွဲ​ထား​ရ​မည်။ လူ​အ​သက်​ကို သတ်​မိ​သော​သူ​အ​ပေါင်း​တို့​သည် ထို​မြို့​သို့ ပြေး​နိုင်​မည်​အ​ကြောင်း၊ သင့်​အ​မွေ​ခံ​စ​ရာ​ဖို့ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ပြည်​ကို သုံး​ပိုင်း​ပိုင်း၍ လမ်း​ခ​ရီး​ကို​လည်း ပြင်​ဆင်​ရ​မည်။ လူ​အ​သက်​ကို​သတ်​မိ၍၊ ကိုယ်​အ​သက် ချမ်း​သာ​စေ​ခြင်း​ငှာ၊ ထို​မြို့​သို့​ပြေး​ရ​သော သူ၏​အ​မှု​ဟူ​မူကား၊ လူ​သည် ထင်း​ခုတ်​ခြင်း​ငှာ အ​ဖော်​နှင့်​တော​သို့​သွား၍ သစ်​ပင်​ကို ခုတ်​လှဲ​စဉ်​အ​ခါ၊ ပု​ဆိန်​သည် အ​ရိုး​ကျွတ်၍ အ​ဖော်​ကို ထိ​သော​ကြောင့်၊ မိ​မိ​အ​ဖော်​သေ​အောင် ပြု​မိ​သော​သူ​နှင့်​တူ၍၊ ရန်​ငြိုး​ဖွဲ့​ခြင်း​မ​ရှိ​ဘဲ မိ​မိ​အ​ဖော်​ကို အ​မှတ်​တ​မဲ့​သတ်​မိ​သော​သူ​သည်၊ ထို​မြို့​တစ်​စုံ​တစ်​မြို့​သို့​ပြေး၍ အ​သက်​ချမ်း​သာ​ရ​လိမ့်​မည်။ သို့​မ​ဟုတ် သေ​စား​သေ​စေ​သော​သူ​သည် စိတ်​မာန်​ထ​စဉ်​အ​ခါ၊ လူ​သတ်​ကို​လိုက်​လျက် ခ​ရီး​ဝေး​သော​ကြောင့် မီ၍​သတ်​လိမ့်​မည်။ ထို​သို့ မ​သတ်​သင့်။ အ​ကြောင်း​မူ​ကား၊ ထို​သူ​သည် မိ​မိ​အ​ဖော်​ကို ရန်​ငြိုး​ဖွဲ့​ခြင်း​မ​ရှိ​သော​ကြောင့် အ​သေ​သတ်​ခြင်း​ကို မ​ခံ​ထိုက်။ ထို​ကြောင့် မြို့​သုံး​မြို့​ကို ခွဲ​ထား​ရ​မည်​ဟု ငါ​မှာ​ထား၏။ ယ​နေ့ ငါ​မှာ​ထား​သ​မျှ​သော ဤ​ပ​ညတ်​တော်​တို့​ကို ကျင့်​စောင့်၍၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ချစ်​သော​စိတ်​နှင့် အ​စဉ်​အ​မြဲ လမ်း​တော်​သို့​လိုက်​လျှင်​လည်း​ကောင်း၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်၏ ဘိုး​ဘေး​တို့​အား​ပေး​ခြင်း​ငှာ က​တိ​ထား​သော ပြည်​ရှိ​သ​မျှ​ကို သင့်​အား​ပေး​တော်​မူ၍၊ သင်၏​ဘိုး​ဘေး​တို့​အား ကျိန်​ဆို​သည်​အ​တိုင်း၊ သင့်​နေ​ရာ​ပြည်​ကို ကျယ်​ဝန်း​စေ​တော်​မူ​လျှင်​လည်း​ကောင်း၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အ​မွေ​ခံ​စ​ရာ​ဖို့ ပေး​တော်​မူ​သော​ပြည်၌ အ​သေ​မ​ခံ​ထိုက်​သော​သူ​သည် အ​သေ​ခံ၍ လူ့​အ​သက်​ကို သတ်​သော​အ​ပြစ်​သည် သင့်​အ​ပေါ်​မှာ မ​ရောက်​မည်​အ​ကြောင်း၊ ယ​ခု​ဆို​ခဲ့​ပြီး​သော မြို့​သုံး​မြို့​မှ​တစ်​ပါး၊ အ​ခြား​သော မြို့​သုံး​မြို့​ကို ထပ်၍​ခွဲ​ထား​ရ​မည်။ တစ်​နည်း​ကား၊ မိ​မိ​အ​ဖော်​ကို​ရန်​ငြိုး​ဖွဲ့​သ​ဖြင့် ချောင်း​မြောင်း၍ သေ​အောင်​တိုက်​သော​သူ​သည် ထို​မြို့ တစ်​စုံ​တစ်​မြို့​သို့​ပြေး၍ ရောက်​သော်​လည်း၊ သူ့​နေ​ရာ​မြို့၌ အ​သက်​ကြီး​သူ​တို့​သည် လူ​ကို​စေ​လွှတ်၍ ထို​သူ​ကို​ဆောင်​ခဲ့​သ​ဖြင့်၊ သေ​စေ​ခြင်း​ငှာ သေ​စား​သေ​စေ​သော​သူ၏​လက်၌ အပ်​လိုက်​ရ​ကြ​မည်။ သင်၏​မျက်​စိ​သည် သူ့​ကို​မ​သ​နား​ရ၊ သင်​သည် ချမ်း​သာ​ရ​မည်​အ​ကြောင်း၊ လူ​အ​သက်​သတ်​ခြင်း​အ​ပြစ်​ကို ဣ​သ​ရေ​လ​အ​မျိုး​မှ ပယ်​ရှင်း​ရ​မည်။