YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 18:15-22

တရားဟောရာ 18:15-22 JBMLE

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်၏​အ​မျိုး​သား​ချင်း​တို့​အ​ထဲ၌ ငါ​နှင့်​တူ​သော ပ​ရော​ဖက်​တစ်​ပါး​ကို သင့်​အ​ဖို့ ပေါ်​ထွန်း​စေ​တော်​မူ​မည်။ ထို​ပ​ရော​ဖက်၏​စ​ကား​ကို နား​ထောင်​ရ​မည်။ ဟော​ရပ်​အ​ရပ်​တွင် စည်း​ဝေး​ကြ​သော​နေ့၌ သင်​က၊ နောက်​တစ်​ဖန် အ​ကျွန်ုပ်​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​အ​သံ​ကို မ​ကြား​ရ​ပါ​စေ​နှင့်။ ထို​ကြီး​စွာ​သော​မီး​ကို မ​မြင်​ရ​ပါ​စေ​နှင့်။ အ​ကျွန်ုပ်​သေ​မည်​ကို စိုး​ရိမ်​ပါ​သည်​ဟု သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ တောင်း​ပန်​သ​မျှ​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​က၊ သူ​တို့​စ​ကား​သည် လျောက်​ပတ်​ပေ၏။ သူ​တို့ အ​မျိုး​သား​ချင်း​တို့​အ​ထဲ၌ သင်​နှင့်​တူ​သော ပ​ရော​ဖက်​တစ်​ပါး​ကို သူ​တို့​အ​ဖို့ ငါ​ပေါ်​ထွန်း​စေ၍၊ ထို​ပ​ရော​ဖက်​နှုတ်၌ ငါ့​စ​ကား​ကို ငါ​အပ်​သ​ဖြင့် ငါ​မှာ​ထား​သ​မျှ​တို့​ကို သူ​တို့​အား ဆင့်​ဆို​ရ​လိမ့်​မည်။ ထို​ပ​ရော​ဖက်​သည် ငါ့​အ​ခွင့်​နှင့် ဟော​ပြော​သော ငါ့​စ​ကား​တို့​ကို အ​ကြင်​သူ​သည် နား​မ​ထောင်​ဘဲ​နေ​အံ့၊ ထို​သူ​ကို ငါ​စစ်​ကြော​မည်။ ငါ​မ​မှာ​ထား​ဘဲ ငါ့​အ​ခွင့်​ကို​ဆောင်၍ ရဲ​ရင့်​စွာ ဟော​ပြော​သော​ပ​ရော​ဖက်၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​အ​ခွင့်​နှင့် ဟော​ပြော​သော​ပ​ရော​ဖက်​သည် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​မည်​ဟု ငါ့​အား​မိန့်​တော်​မူ၏။ သင်​က​လည်း ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည် မ​မူ​သည်​ကို ငါ​တို့​သည် အ​ဘယ်​သို့​သိ​နိုင်​သ​နည်း​ဟု တွေး​တော​လျှင်၊ ပ​ရော​ဖက်​သည် ထာ​ဝ​ရ​ဘု​ရား၏​အ​ခွင့်​ကို​ဆောင်၍ ဟော​ပြော​သည်​အ​တိုင်း အ​မှု​မ​ဖြစ်၊ ဟော​ပြော​သော​စ​ကား မ​ပြည့်​စုံ​လျှင်၊ ထို​စ​ကား​ကို ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မ​မူ၊ ပ​ရော​ဖက်​သည် ရဲ​ရင့်​စွာ​ဟော​ပြော​ပြီ။ သူ့​ကို မ​ကြောက်​ရ။

​တရားဟောရာ 18:15-22 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။