YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 17:14-20

တရားဟောရာ 17:14-20 JBMLE

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ပြည်​ကို သင်​သည် ဝင်​စား၍​နေ​သော​အ​ခါ၊ သင်​က၊ ငါ့​ပတ်​လည်၌​နေ​သော တစ်​ပါး​သော​လူ​မျိုး​အ​ပေါင်း​တို့​နည်း​တူ၊ ငါ​သည် ရှင်​ဘု​ရင်​အ​ရာ၌ တစ်​စုံ​တစ်​ယောက်​ကို ချီး​မြှောက်​မည်​ဟု ဆို​လျှင်၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော​သူ၊ ညီ​အစ်​ကို အ​မျိုး​သား​ချင်း​ကို​သာ ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ရ​မည်။ ညီ​အစ်​ကို အ​မျိုး​သား​ချင်း​မ​ဟုတ်​သော တစ်​ပါး​အ​မျိုး​သား​ကို မ​ချီး​မြှောက်​ရ။ ထို​ရှင်​ဘု​ရင်​သည် ကိုယ်​အ​ဖို့ များ​စွာ​သော မြင်း​တို့​ကို မ​မွေး​ရ။ မြင်း​များ​ပြား​စေ​ခြင်း​ငှာ အဲ​ဂု​တ္တု​ပြည်​သို့ လူ​ကို​မ​ပြန်​စေ​ရ။ အ​ကြောင်း​မူ​ကား၊ ထို​လမ်း​သို့​မ​ပြန်​မ​သွား​ရ​ဟု ထာ​ဝ​ရ​ဘု​ရား အ​မိန့်​တော်​ရှိ၏။ သူ၏​စိတ်​နှ​လုံး​သည် ဖောက်​ပြန်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း များ​စွာ​သော မ​ယား​တို့​ကို မ​ယူ​ရ။ ရွှေ​ငွေ​ကို​လည်း များ​စွာ​မ​ဆည်း​ဖူး​ရ။ ထို​ရှင်​ဘု​ရင်​သည် သား​စဉ်​မြေး​ဆက်​နှင့်​တ​ကွ၊ ဣ​သ​ရေ​လ​အ​မျိုး၌ အ​သက်​တာ​ရှည်​စွာ စိုး​စံ​ခြင်း​အ​လို​ငှာ၊ သူ၏​ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့၍ ဤ​ပ​ညတ်​တ​ရား​စ​ကား​တော်​အ​လုံး​စုံ​တို့​ကို ကျင့်​စောင့်​အောင် သွန်​သင်​မည်​အ​ကြောင်း၊ သူ၏​ညီ​အစ်​ကို​တို့​ကို မ​ထီ​မဲ့​မြင်​ပြု၍ မာ​န​ထောင်​လွှား​သ​ဖြင့်၊ တ​ရား​လမ်း​မှ လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်​သို့ မ​လွှဲ​မည်​အ​ကြောင်း၊ နန်း​တော်​ပေါ်​မှာ ထိုင်​သော​အ​ခါ လေ​ဝိ​သား ယဇ်​ပု​ရော​ဟိတ်၌​ရှိ​သော ဤ​ဓ​မ္မ​ပ​ညတ်​တ​ရား​စာ​ကို​ရေး​ကူး၍ လက်​ခံ​စာ​ကို တစ်​သက်​လုံး စောင့်​ရှောက်​ကြည့်​ရှု ဖတ်​ရွတ်​ရ​မည်။

​တရားဟောရာ 17:14-20 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။