YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 14:1-21

တရားဟောရာ 14:1-21 JBMLE

သင်​တို့​သည် သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​သား​ဖြစ်​ကြ၏။ သေ​သော​သူ​အ​တွက် အ​သား​ကို​မ​ခုတ်​မ​ရှ​ရ။ မျက်​မှောင်​ကြား​မှာ အ​မွေး​ကို​မ​ရိတ်​ရ။ သင်​တို့​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ဖို့၊ သန့်​ရှင်း​သော​လူ​မျိုး ဖြစ်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ကြီး​ပေါ်​မှာ​ရှိ​သ​မျှ​သော လူ​မျိုး​ထက်၊ ကိုယ်​တော်​ပိုင်​ထိုက်​သော​အ​မျိုး​ဖြစ်​စေ​ခြင်း​ငှာ သင်​တို့​ကို ရွေး​ချယ်​တော်​မူ​ပြီ။ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော​အ​ရာ​ကို သင်​တို့​မ​စား​ရ။ စား​ရ​သော တိ​ရ​စ္ဆာန်​ဟူ​မူ​ကား၊ နွား၊ သိုး၊ ဆိတ်၊ သ​မင်၊ ဒ​ရယ်၊ ဆတ်၊ ဂျီ၊ ဒိ​ရှုန်၊ စိုင်၊ ဇ​မေ​ရ​အ​စ​ရှိ​သော၊ ခွာ​ကွဲ​ပြား၍ စား​မြုံ့​ပြန်​သော​သား​များ​ကို စား​ရ​သော​အ​ခွင့်​ရှိ၏။ သို့​သော်​လည်း စား​မြုံ့​ပြန်​သော​သား၊ ခွာ​ကွဲ​ပြား​သော​သား​တို့​တွင် မ​စား​ရ​သော သား​ဟူ​မူ​ကား၊ ကု​လား​အုတ်၊ အာ​ရ​န​ဘက်၊ ရှာ​ဖန်​တို့​သည် စား​မြုံ့​ပြန်​သော်​လည်း၊ ခွာ​မ​ကွဲ​ပြား​သော​ကြောင့် သင်​တို့၌ မ​စင်​ကြယ်။ ဝက်​သည် ခွာ​ကွဲ​ပြား​သော်​လည်း၊ စား​မြုံ့​မ​ပြန်​သော​ကြောင့် သင်​တို့၌​မ​စင်​ကြယ်။ အ​သား​ကို မ​စား​ရ။ အ​သေ​ကောင်​ကို​လည်း မ​ထိ​ရ။ ရေ၌​နေ​သော တိ​ရ​စ္ဆာန်​တ​ကာ​တို့​တွင် အ​ယက်​နှင့်​အ​ကြေး​ရှိ​သော တိ​ရ​စ္ဆာန်​ကို​သာ စား​ရ၏။ အ​ယက်​နှင့်​အ​ကြေး​မ​ရှိ​သော တိ​ရ​စ္ဆာန်​ကို မ​စား​ရ။ သင်​တို့၌ မ​စင်​ကြယ်။ စင်​ကြယ်​သော​ငှက်​အ​မျိုး​မျိုး​ကို စား​ရ​သော အ​ခွင့်​ရှိ၏။ မ​စား​ရ​သော​ငှက်​ဟူ​မူ​ကား၊ ရွှေ​လင်း​တ၊ ပင်​လယ်​လင်း​တ၊ လင်း​ယုန်၊ ဒါ​ဟ၊ စွန်၊ လင်း​တ​ကြမ်း​မျိုး၊ ကျီး​မျိုး​ရှိ​သ​မျှ၊ ကု​လား​အုတ်​ငှက်၊ ငှက်​ဆိုး၊ ဥ​ဗျိုင်း၊ သိမ်း​မျိုး၊ ဇီး​ကွက်၊ ဣ​ဗိတ်၊ ငှက်​ကျား၊ ဝံ​ပို၊ ဝံ​လို၊ ကြိုး​ကြာ၊ တော​ငန်း၊ ဒုံး​စပ်​မျိုး၊ ဒုံး​ကု​လား၊ လင်း​နို့​မှ​စ၍၊ အ​တောင်​ရှိ​လျက် တွား​တတ်​သော တိ​ရ​စ္ဆာန်​ရှိ​သ​မျှ​တို့​သည် သင်​တို့၌ မ​စင်​ကြယ်​သည်​ဖြစ်၍ အ​သား​ကို မ​စား​ရ။ စင်​ကြယ်​သော ငှက်​အ​မျိုး​မျိုး​ကို စား​ရ​သော အ​ခွင့်​ရှိ၏။ အ​လို​လို​သေ​သော​အ​ကောင်​ကို မ​စား​ရ။ သင်​တို့၌ တည်း​ခို​သော တစ်​ပါး​အ​မျိုး​သား​စား​စ​ရာ​ဖို့ ပေး​ရ​မည်။ သို့​မ​ဟုတ် တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​အား ရောင်း​ရ​မည်။ သင်​တို့​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ သန့်​ရှင်း​သော​လူ​မျိုး​ဖြစ်​ကြ၏။ ဆိတ်​သ​ငယ်​ကို အ​မိ​နို့​ရည်​နှင့် မ​ပြုတ်​မ​ချက်​ရ။