အစာကိုရှောင်လျက်၊ လျှော်တေအဝတ်ကို ဝတ်လျက်၊ ပြာနှင့် လူးလျက်၊ အရှင်ဘုရားသခင့်ထံတော်သို့ ချဉ်းကပ်၍ ဆုတောင်းပတ္ထနာ ပြု၏။ ထိုသို့ အပြစ်ကို ဖော်ပြတောင်းပန်၍ ငါကိုးကွယ်သော ဘုရားသခင် ထာဝရဘုရားထံ ငါပြုသောပတ္ထနာဟူမူကား၊ ကိုယ်တော်ကိုချစ်၍ ပညတ်တော်တို့ကိုစောင့်သော သူတို့အား သစ္စာတော်မပျက်၊ ကရုဏာတရားကို စောင့်တော်မူထသော၊ အလွန်ကြီးမြတ်၍ ကြောက်ရွံ့ဖွယ်ဖြစ်တော်မူသော အရှင်ဘုရားသခင်၊ အကျွန်ုပ်တို့သည် ပြစ်မှားမိပါပြီ။ ဒုစရိုက်ကို ပြုမိပါပြီ။ မတရားသဖြင့် ကျင့်မိပါပြီ။ ပုန်ကန်မိပါပြီ။ စီရင်ထုံးဖွဲ့တော်မူသော တရားလမ်းမှ လွှဲမိပါပြီ။ အကျွန်ုပ်တို့၏ ရှင်ဘုရင်၊ မင်းသား အသက်ကြီးသူမှစ၍ ပြည်သူပြည်သားအပေါင်းတို့အား ကိုယ်တော်၏အခွင့်နှင့်ဟောပြောသော ကိုယ်တော်၏ကျွန်၊ ပရောဖက်တို့၏စကားများကို အကျွန်ုပ်တို့သည် နားမထောင်ဘဲ နေကြပါပြီ။ အိုဘုရားရှင်၊ ကိုယ်တော်သည် တရားနှင့် ဆိုင်တော်မူ၏။ ကိုယ်တော်ကို ပြစ်မှားသောအပြစ်ကြောင့် နှင်ထုတ်တော်မူ၍ နီးသောပြည်၊ ဝေးသောပြည်၊ အရပ်ရပ်တို့၌နေရသော ယုဒပြည်သူ၊ ယေရုရှလင်မြို့သားမှစ၍ ဣသရေလလူအပေါင်းတည်းဟူသော အကျွန်ုပ်တို့သည် ယနေ့၌ရှိသည်အတိုင်း၊ မျက်နှာပျက်ခြင်းနှင့် ဆိုင်ကြပါ၏။ အိုဘုရားရှင်၊ ကိုယ်တော်ကို ပြစ်မှားသောကြောင့်၊ အကျွန်ုပ်တို့၏ရှင်ဘုရင်၊ မင်းသား၊ အသက်ကြီးသူမှစ၍ အကျွန်ုပ်တို့သည် မျက်နှာပျက်ခြင်းနှင့် ဆိုင်ကြပါ၏။ အကျွန်ုပ်တို့သည် ကိုယ်တော်ကို ပုန်ကန်သော်လည်း၊ အကျွန်ုပ်တို့အရှင် ဘုရားသခင်သည် ကရုဏာကိုပြခြင်း၊ အပြစ်ကို ဖြေရှင်းခြင်းအခွင့်နှင့် ဆိုင်တော်မူ၏။ အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရားသည် ကျွန်တော်ရင်း၊ ပရောဖက်တို့ဖြင့် အကျွန်ုပ်တို့၌ ထားတော်မူသော ပညတ်တရားတော်လမ်းသို့ လိုက်ခြင်းငှာ၊ ဗျာဒိတ်တော်အသံကို အကျွန်ုပ်တို့သည် နားမထောင်ဘဲနေကြပါပြီ။ အကယ်စင်စစ် ဣသရေလအမျိုးသားအပေါင်းတို့သည် ဗျာဒိတ်တော်အသံကို နားမထောင်၊ လွှဲသွား၍ ပညတ်တရားတော်ကို လွန်ကျူးကြပါပြီ။ သို့ဖြစ်၍၊ ကိုယ်တော်ကို ပြစ်မှားသောအပြစ်ကြောင့်၊ ကျိန်ဆိုတော်မူခြင်းတည်းဟူသော ဘုရားသခင်၏ကျွန်မောရှေ၏ ပညတ္တိကျမ်း၌ မှတ်သားသောအကျိန်ကို အကျွန်ုပ်တို့ အပေါ်သို့ သွန်းလောင်းတော်မူ၏။ အကျွန်ုပ်တို့တစ်ဖက်၊ အကျွန်ုပ်တို့ကိုအုပ်သော တရားသူကြီးတို့ တစ်ဖက်၌ မိန့်တော်မူသော စကားတော်ကို တည်စေ၍၊ အကျွန်ုပ်တို့အပေါ်မှာ ကြီးစွာသောဘေးဥပဒ်ကို ရောက်စေတော်မူပြီ။ အကြောင်းမူကား၊ ယေရုရှလင်မြို့၌ ဘေးရောက်သကဲ့သို့ ကောင်းကင်အောက်တွင် အဘယ်အရပ်၌မျှ မရောက်စဖူးပါ။ မောရှေ၏ပညတ္တိကျမ်းစာ၌ မှတ်သားသည်အတိုင်း၊ ဤဘေးဥပဒ်ရှိသမျှသည် အကျွန်ုပ်တို့အပေါ်မှာ ရောက်ပါပြီ။ အကျွန်ုပ်တို့သည် ဒုစရိုက်များကိုရှောင်၍ သမ္မာတရားတော်ကို နားလည်ခြင်းအလိုငှာ၊ အကျွန်ုပ်တို့ ဘုရားသခင်ထာဝရဘုရားထံတော်၌ မတောင်းပန်ဘဲ နေကြပါပြီတကား။ ထိုကြောင့် ထာဝရဘုရားသည် ဘေးဥပဒ်ကိုစောင့်၍၊ အကျွန်ုပ်တို့အပေါ်သို့ ရောက်စေတော်မူပြီ။ အကျွန်ုပ်တို့၏ ဘုရားသခင်ထာဝရဘုရားသည် ပြုတော်မူသမျှတို့၌ ဖြောင့်မတ်တော်မူ၏။ အကျွန်ုပ်တို့သည် ဗျာဒိတ်တော်အသံကို နားမထောင်ဘဲ နေကြပါပြီတကား။ တန်ခိုးကြီးသောလက်တော်ဖြင့် ကိုယ်တော်၏လူတို့ကို အဲဂုတ္တုပြည်မှနုတ်ဆောင်၍ ယနေ့၌ရှိသည်အတိုင်း အသရေတော်ကို ထင်ရှားစေတော်မူသော အကျွန်ုပ်တို့၏အရှင်ဘုရားသခင်၊ အကျွန်ုပ်တို့သည် ပြစ်မှားမိပါပြီ။ မတရားသဖြင့် ပြုမိပါပြီ။ အိုဘုရားရှင်၊ ဖြောင့်မတ်တော်မူခြင်း တရားတော်ရှိသမျှတို့နှင့် အညီ၊ သန့်ရှင်းသော တောင်တော်တည်းဟူသော ကိုယ်တော်၏ ယေရုရှလင်မြို့မှ ပြင်းစွာသော ဒေါသအမျက်တော်ကို လွှဲတော်မူပါဟု အကျွန်ုပ်တောင်းပန်ပါ၏။ အကြောင်းမူကား၊ အကျွန်ုပ်တို့ အပြစ်များမှစ၍ ဘိုးဘေးတို့၏အပြစ်များကြောင့်၊ ယေရုရှလင်မြို့နှင့် ကိုယ်တော်၏လူစုသည် ပတ်ဝန်းကျင်၌ရှိသော သူတို့တွင် ကဲ့ရဲ့စရာအကြောင်း ဖြစ်ပါ၏။ ယခုမူကား၊ အကျွန်ုပ်တို့ဘုရားသခင်၊ ကိုယ်တော်၏ကျွန်ပြုသော ပတ္ထနာစကားကို နားထောင်တော်မူပါ။ ဆိတ်ညံလျက်ရှိသော သန့်ရှင်းရာဌာနတော်ကို ဘုရားရှင်၏အကျိုးတော်ကြောင့်၊ မျက်နှာတော် ရောင်ခြည်ကို ထွန်းလင်းစေတော်မူပါ။ အကျွန်ုပ်၏ဘုရားသခင်၊ နားတော်ကိုလှည့်၍ နားထောင်တော်မူပါ။ မျက်စိတော်ကိုဖွင့်၍ အကျွန်ုပ်တို့ ပျက်စီးရာများကိုလည်းကောင်း၊ နာမတော်ဖြင့် သမုတ်သောမြို့ကိုလည်းကောင်း ကြည့်ရှုတော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်ကုသိုလ်ကို အမှီမပြု၊ မဟာကရုဏာတော်ကိုသာ အမှီပြု၍ ပတ္ထနာစကားကို ရှေ့တော်၌ ဆက်ကပ်ပါ၏။ အို ဘုရားရှင်၊ နားထောင်တော်မူပါ။ အို ဘုရားရှင်၊ အပြစ်ကိုလွှတ်တော်မူပါ။ အို ဘုရားရှင်၊ နားထောင်၍ ပြုတော်မူပါ။ အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်အတွက် ဖင့်နွှဲတော်မမူပါနှင့်။ ကိုယ်တော်၏မြို့၊ ကိုယ်တော်၏လူစုသည် နာမတော်ဖြင့် သမုတ်ခြင်းရှိပါသည်ဟု ဆုတောင်းပတ္ထနာပြု၏။
ဒံယေလ 9 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဒံယေလ 9:3-19
24 Days
A great way to build your prayer life is to learn from the prayers of others. This plan lets us listen in on prayers from Bible heroes in different situations and for different purposes, and is designed to accompany the message series Pray by Craig Groeschel. (You can watch it online at life.church) Don't pray alone; study this content together with your small group.
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ