YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒံယေလ 5:22-28

ဒံယေလ 5:22-28 JBMLE

အ​ရှင်​သား​တော် ဗေ​လ​ရှာ​ဇာ၊ ကိုယ်​တော်​သည် ထို​အ​မှု​အ​လုံး​စုံ​တို့​ကို သိ​သော်​လည်း၊ စိတ်​နှ​လုံး​ကို မ​နှိမ့်​ချ​ဘဲ၊ ကောင်း​ကင်​ဘုံ၏ အ​ရှင်​ကို ဆန့်​ကျင်​ဘက်​ပြု၍၊ ဗိ​မာန်​တော်၏ ဖ​လား​တို့​ကို ရှေ့​တော်​သို့ ယူ​ခဲ့​စေ၍၊ ကိုယ်​တော်​တိုင်​မှ​စ​သော မှူး​တော်​မတ်​တော်၊ မိ​ဖု​ရား၊ မောင်း​မ​မိဿံ​တို့​သည် ထို​ဖ​လား​တို့​နှင့် စ​ပျစ်​ရည်​ကို သောက်​ကြ​ပြီ​တ​ကား။ မျက်​စိ​မ​မြင်၊ နား​မ​ကြား၊ အ​ဘယ်​အ​ရာ​ကို​မျှ မ​သိ​သော ငွေ​ဘု​ရား၊ ရွှေ​ဘု​ရား၊ ကြေး​ဝါ​ဘု​ရား၊ သံ​ဘု​ရား၊ သစ်​သား​ဘု​ရား၊ ကျောက်​ဘု​ရား​တို့​ကို ချီး​မွမ်း၍၊ ကိုယ်​တော်၏ အ​သက်​သ​ခင်​တည်း​ဟူ​သော ကိုယ်​တော်၏​အ​မှု​အ​လုံး​စုံ​တို့​ကို စီ​ရင်​ပိုင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို မ​ချီး​မွမ်း​ဘဲ နေ​ပါ​ပြီ​တ​ကား။ ထို​ကြောင့်၊ လက်​ဖျား​ကို​စေ​လွှတ်၍ ထို​စာ​ကို ရေး​စေ​တော်​မူ၏။ စာ​ချက်​ဟူ​မူ​ကား၊ မေ​နေ​မေ​နေ၊ တေ​က​လ၊ ဖေ​ရက်​ဟု အ​က္ခ​ရာ​တင်​လျက်​ရှိ၏။ မေ​နေ၏ အ​နက်​အ​ဓိ​ပ္ပာယ်​ကား၊ ကိုယ်​တော်၏​နိုင်​ငံ​ကို ဘု​ရား​သ​ခင် ရေ​တွက်၍ ဆုံး​စေ​တော်​မူ၏။ တေ​က​လ၏ အ​နက်​အ​ဓိ​ပ္ပာယ်​ကား၊ ကိုယ်​တော်​ကို ချိန်​ခွင်​နှင့်​ချိန်၍ လျော့​ကြောင်း​ကို တွေ့​မြင်​တော်​မူ၏။ ဖေ​ရက်၏ အ​နက်​ဓိ​ပ္ပာယ်​ကား၊ နိုင်​ငံ​တော်​ကို​ခွဲ​ဝေ၍ မေ​ဒိ​လူ၊ ပေ​ရ​သိ​လူ​တို့​အား အပ်​ပေး​တော်​မူ၏​ဟု ဆို​လို​သ​တည်း​ဟု ဒံ​ယေ​လ​သည် အ​ထံ​တော်၌ ပြန်​ကြား​လျှောက်​ထား၏။