ငါနေဗုခဒ်နေဇာသည် နန်းတော်၌ ငြိမ်ဝပ်စွာနေ၍ စည်းစိမ်ကြီးစဉ်အခါ၊ ကြောက်မက်ဖွယ်သော အိပ်မက်ကိုမြင်၍၊ သလွန်ပေါ်မှာ အိပ်လျက် စိတ်ထဲ၌ အာရုံပြုသော ရူပါရုံအားဖြင့် တုန်လှုပ်ခြင်းသို့ ငါရောက်လေ၏။ ထိုကြောင့်၊ အိပ်မက်အနက်ကို ငါ့အားဖော်ပြစေခြင်းငှာ၊ ဗာဗုလုန်ပညာရှိအပေါင်းတို့ကို အထံတော်သို့ သွင်းစေဟု ငါအမိန့်တော်ရှိသည်အတိုင်း၊ မာဂုပညာရှိ၊ ဗေဒင်တတ်၊ ခါလဒဲဆရာ၊ အနာဂတ္တိဆရာတို့သည် ဝင်ကြလျှင်၊ ငါမြင်မက်သော အိပ်မက်ကို သူတို့အား ပြပြောသော်လည်း၊ သူတို့သည် အနက်ကို မဖော်မပြနိုင်ကြ။ နောက်မှ ငါကိုးကွယ်သောဘုရား၏ နာမအားဖြင့် ဗေလတရှာဇာဟုခေါ်သမုတ်၍၊ သန့်ရှင်းသော ဘုရားသခင်၏ဝိညာဉ်တော်နှင့် ပြည့်စုံသော ဒံယေလသည် ငါ့ထံသို့ဝင်လာလျှင်၊
ဒံယေလ 4 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဒံယေလ 4:4-8
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ