အိပ်ပျော်၍ မြင်မက်စဉ်၊ တစ်ဖန်ငါကြည့်ရှုပြန်လျှင်၊ သစ်ပင်စောင့်တည်းဟူသော သန့်ရှင်းသူတစ်ယောက်သည် ကောင်းကင်မှ ဆင်းလာ၍၊ သစ်ပင်ကို လှဲလော့။ အခက်တို့ကို ခုတ်လော့။ အသီးအရွက်တို့ကို လှုပ်ချွေလော့။ တိရစ္ဆာန်တို့သည် သစ်ပင်အောက်ကထွက်၍၊ ငှက်တို့သည်လည်း အကိုင်းအခက်ထဲက သွားကြစေ။ သို့သော်လည်း၊ မြေ၌စွဲသော အမြစ်နှင့်တကွ သစ်ငုတ်ကိုခြွင်းထား၍၊ သံကြိုး၊ ကြေးဝါကြိုးနှင့် ချည်နှောင်သကဲ့သို့ နုသောမြက်ပင်ထဲ၌ ရှိစေလော့။ ခုနစ်နှစ်ပတ်လုံး မိုးစွတ်ခြင်းကိုခံ၍၊ မြေတိရစ္ဆာန်တို့နှင့်အတူ မြက်ဝေစုကို စားစေလော့။ လူစိတ်သဘောပျောက်၍ တိရစ္ဆာန်စိတ်သဘောနှင့် ပြည့်စုံစေလော့။ အကြောင်းမူကား၊ အမြင့်ဆုံးသောဘုရားသည် လောကီနိုင်ငံကို အုပ်စိုးတော်မူသည်ကိုလည်းကောင်း၊ ပေးလိုသော သူတို့အား ပေးတော်မူသည်ကိုလည်းကောင်း၊ ယုတ်မာသော သူတို့ကို ချီးမြှောက်၍ နိုင်ငံကိုအပ်ပေးတော်မူသည်ကိုလည်းကောင်း သတ္တဝါတို့ သိနားလည်ရသော အခွင့်ရှိစေခြင်းငှာ၊ သစ်ပင်စောင့်တို့သည် ဤသို့စီရင်ကြပြီ။ သန့်ရှင်းသူတို့သည် အမိန့်တော်ကို ပေးကြပြီဟု ဟစ်ကြော်လေ၏။
ဒံယေလ 4 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ဒံယေလ 4:13-17
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ