YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒံယေလ 4:1-18

ဒံယေလ 4:1-18 JBMLE

ငါ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး ကြား​မှာ​လိုက်​သည်။ မြေ​ကြီး​တစ်​ပြင်​လုံး၌ အ​ရပ်​ရပ်​နေ၍ အ​သီး​သီး အ​ခြား​ခြား​သော ဘာ​သာ​စ​ကား​ကို ပြော​သော​လူ​မျိုး​တ​ကာ​တို့၊ သင်​တို့၌ ငြိမ်​ဝပ်​ချမ်း​သာ​ခြင်း များ​ပြား​စေ​သော။ မြင့်​မြတ်​တော်​မူ​သော ဘု​ရား​သ​ခင်​သည် ငါ၌​ပြု​တော်​မူ​သော နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို ပြ​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။ နိ​မိတ်​လ​က္ခ​ဏာ​တော်​သည် အ​လွန်​ကြီး​ပေ၏။ အံ့​ဖွယ်​သော အ​မှု​တော်​လည်း တန်​ခိုး​နှင့်​ပြည်​စုံ​ပေ၏။ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သည် ထာ​ဝ​ရ​နိုင်​ငံ​ဖြစ်၏။ အာ​ဏာ​စက်​တော်​လည်း က​မ္ဘာ​အ​ဆက်​ဆက် တည်​တော်​မူ၏။ ငါ​နေ​ဗု​ခဒ်​နေ​ဇာ​သည် နန်း​တော်၌ ငြိမ်​ဝပ်​စွာ​နေ၍ စည်း​စိမ်​ကြီး​စဉ်​အ​ခါ၊ ကြောက်​မက်​ဖွယ်​သော အိပ်​မက်​ကို​မြင်၍၊ သ​လွန်​ပေါ်​မှာ အိပ်​လျက် စိတ်​ထဲ၌ အာ​ရုံ​ပြု​သော ရူ​ပါ​ရုံ​အား​ဖြင့် တုန်​လှုပ်​ခြင်း​သို့ ငါ​ရောက်​လေ၏။ ထို​ကြောင့်၊ အိပ်​မက်​အ​နက်​ကို ငါ့​အား​ဖော်​ပြ​စေ​ခြင်း​ငှာ၊ ဗာ​ဗု​လုန်​ပ​ညာ​ရှိ​အ​ပေါင်း​တို့​ကို အ​ထံ​တော်​သို့ သွင်း​စေ​ဟု ငါ​အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း၊ မာ​ဂု​ပ​ညာ​ရှိ၊ ဗေ​ဒင်​တတ်၊ ခါ​လ​ဒဲ​ဆ​ရာ၊ အ​နာ​ဂ​တ္တိ​ဆ​ရာ​တို့​သည် ဝင်​ကြ​လျှင်၊ ငါ​မြင်​မက်​သော အိပ်​မက်​ကို သူ​တို့​အား ပြ​ပြော​သော်​လည်း၊ သူ​တို့​သည် အ​နက်​ကို မ​ဖော်​မ​ပြ​နိုင်​ကြ။ နောက်​မှ ငါ​ကိုး​ကွယ်​သော​ဘု​ရား၏ နာ​မ​အား​ဖြင့် ဗေ​လ​တ​ရှာ​ဇာ​ဟု​ခေါ်​သ​မုတ်၍၊ သန့်​ရှင်း​သော ဘု​ရား​သ​ခင်၏​ဝိ​ညာဉ်​တော်​နှင့် ပြည့်​စုံ​သော ဒံ​ယေ​လ​သည် ငါ့​ထံ​သို့​ဝင်​လာ​လျှင်၊ အ​ချင်း​မာ​ဂု​ဆ​ရာ​ချုပ် ဗေ​လ​တ​ရှာ​ဇာ၊ သင်​သည် သန့်​ရှင်း​သော ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​တော်​နှင့် ပြည့်​စုံ​သည်​ကို​လည်း​ကောင်း၊ နက်​နဲ​သော​အ​ရာ​ရှိ​သ​မျှ​တို့​ကို ဖွင့်​ပြ​နိုင်​သည်​ကို​လည်း​ကောင်း ငါ​သိ၏။ သို့​ဖြစ်၍၊ ငါ​မြင်​မက်​သော အိပ်​မက်၏ အ​နက်​ကို ဖော်​ပြ​လော့။ ငါ​အိပ်​ပျော်​စဉ်​တွင် မြင်​မက်​သည်​ကား၊ ငါ​ကြည့်​ရှု၍ မြေ​ကြီး​အ​လယ်၌ အ​ရပ်​မြင့်​လှ​သော သစ်​ပင်​တစ်​ပင်​ရှိ၏။ ထို​အ​ပင်​သည် ကြီး​ပွား၍ ခိုင်​မာ​ခြင်း​သို့ ရောက်၏။ မိုး​ကောင်း​ကင်​သို့​ထိ၍ မြေ​ကြီး​စွန်း​တိုင်​အောင် ထင်​ရှား၏။ အ​ရွက်​လည်း​လှ၏။ သ​တ္တ​ဝါ​အ​ပေါင်း​တို့​စား၍ ဝ​လောက်​သော​အ​သီး​နှင့် ပြည့်​စုံ၏။ မြေ​တိ​ရ​စ္ဆာန်​တို့​သည် ထို​သစ်​ပင်​အ​ရိပ်၌ ခို​ကြ၏။ အ​ခက်​အ​လက်​တို့၌ ကောင်း​ကင်​ငှက်​တို့​သည် နား​နေ​ကြ၏။ အိပ်​ပျော်၍ မြင်​မက်​စဉ်၊ တစ်​ဖန်​ငါ​ကြည့်​ရှု​ပြန်​လျှင်၊ သစ်​ပင်​စောင့်​တည်း​ဟူ​သော သန့်​ရှင်း​သူ​တစ်​ယောက်​သည် ကောင်း​ကင်​မှ ဆင်း​လာ၍၊ သစ်​ပင်​ကို လှဲ​လော့။ အ​ခက်​တို့​ကို ခုတ်​လော့။ အ​သီး​အ​ရွက်​တို့​ကို လှုပ်​ချွေ​လော့။ တိ​ရ​စ္ဆာန်​တို့​သည် သစ်​ပင်​အောက်​က​ထွက်၍၊ ငှက်​တို့​သည်​လည်း အ​ကိုင်း​အ​ခက်​ထဲ​က သွား​ကြ​စေ။ သို့​သော်​လည်း၊ မြေ၌​စွဲ​သော အ​မြစ်​နှင့်​တ​ကွ သစ်​ငုတ်​ကို​ခြွင်း​ထား၍၊ သံ​ကြိုး၊ ကြေး​ဝါ​ကြိုး​နှင့် ချည်​နှောင်​သ​ကဲ့​သို့ နု​သော​မြက်​ပင်​ထဲ၌ ရှိ​စေ​လော့။ ခု​နစ်​နှစ်​ပတ်​လုံး မိုး​စွတ်​ခြင်း​ကို​ခံ၍၊ မြေ​တိ​ရ​စ္ဆာန်​တို့​နှင့်​အ​တူ မြက်​ဝေ​စုကို စား​စေ​လော့။ လူ​စိတ်​သ​ဘော​ပျောက်၍ တိ​ရ​စ္ဆာန်​စိတ်​သ​ဘော​နှင့် ပြည့်​စုံ​စေ​လော့။ အ​ကြောင်း​မူ​ကား၊ အ​မြင့်​ဆုံး​သော​ဘု​ရား​သည် လော​ကီ​နိုင်​ငံ​ကို အုပ်​စိုး​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ပေး​လို​သော သူ​တို့​အား ပေး​တော်​မူ​သည်​ကို​လည်း​ကောင်း၊ ယုတ်​မာ​သော သူ​တို့​ကို ချီး​မြှောက်၍ နိုင်​ငံ​ကို​အပ်​ပေး​တော်​မူ​သည်​ကို​လည်း​ကောင်း သ​တ္တ​ဝါ​တို့ သိ​နား​လည်​ရ​သော အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ၊ သစ်​ပင်​စောင့်​တို့​သည် ဤ​သို့​စီ​ရင်​ကြ​ပြီ။ သန့်​ရှင်း​သူ​တို့​သည် အ​မိန့်​တော်​ကို ပေး​ကြ​ပြီ​ဟု ဟစ်​ကြော်​လေ၏။ ထို​သို့ ငါ​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​သည် မြင်​မက်​ရ​ပြီ။ ယ​ခု​တွင် အ​ချင်း​ဗေ​လ​တ​ရှာ​ဇာ၊ ငါ​မြင်​သော အိပ်​မက်​အ​နက်​ကို ဖော်​ပြ​လော့။ ငါ့​နိုင်​ငံ​တွင် ပ​ညာ​ရှိ​အ​ပေါင်း​တို့​သည် အ​နက်​ကို ငါ့​အား မ​ဖော်​မ​ပြ​နိုင်​သော်​လည်း၊ သင်​သည် သန့်​ရှင်း​သော ဘု​ရား​သ​ခင်၏ ဝိ​ညာဉ်​နှင့်​ပြည့်​စုံ၍ ဖော်​ပြ​နိုင်​သည်​ဟု ငါ​သည် ကိုယ်​မြင်​သော အိပ်​မက်​ကို ဒံ​ယေ​လ​အား​ပြန်​ပြော၏။