YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒံယေလ 3:1-12

ဒံယေလ 3:1-12 JBMLE

တ​ရံ​ရော​အ​ခါ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​သည် အ​မြင့် အ​တောင်​ခြောက်​ဆယ်၊ အ​နံ​ခြောက်​တောင် ရှိ​သော ရွှေ​ရုပ်​တု​ကို လုပ်​ပြီး​မှ၊ ဗာ​ဗု​လုန် ကျေး​လက် ဒု​ရ​လွင်​ပြင်၌ တည်​ထား​တော်​မူ၍၊ စော်​ဘွား၊ မြို့​ဝန်၊ စစ်​ကဲ၊ တ​ရား​သူ​ကြီး၊ အ​ခွန်​တော်​ဝန်၊ တိုင်​ပင်​မှူး​မတ်၊ မြို့​စာ​ရေး၊ နိုင်​ငံ​တော် အ​ရာ​ရှိ​အ​ပေါင်း​တို့​သည် မင်း​ကြီး​တည်​ထား​တော်​မူ​သော ရုပ်​တု​ကို သာ​ဓု​အ​နု​မော​ဒ​နာ​ခေါ်​သော​ပွဲ​သို့ စု​ဝေး​စေ​ခြင်း​ငှာ အ​မိန့်​တော်​ရှိ၍၊ စော်​ဘွား၊ မြို့​ဝန်၊ စစ်​ကဲ၊ တ​ရား​သူ​ကြီး၊ အ​ခွန်​တော်​ဝန်၊ တိုင်​ပင်​မှူး​မတ်၊ မြို့​စာ​ရေး၊ နိုင်​ငံ​တော် အ​ရာ​ရှိ​အ​ပေါင်း​တို့​သည် စု​ဝေး​ရောက်​လာ၍၊ တည်​ထား​တော်​မူ​သော ရုပ်​တု​ရှေ့​မှာ ရပ်​နေ​ကြ၏။ ထို​အ​ခါ သံ​တော်​ဆင့်​တစ်​ယောက်​က၊ အ​သီး​သီး အ​ခြား​ခြား​သော ဘာ​သာ​စ​ကား​ကို​ပြော​သော လူ​အ​မျိုး​မျိုး​တို့၊ တံ​ပိုး၊ ခ​ရာ၊ စောင်း၊ ပု​လွေ၊ တ​ယော၊ ပတ်​သာ အ​စ​ရှိ​သော တူ​ရိ​ယာ​မျိုး​တီး​မှုတ်​ခြင်း​အ​သံ​ကို ကြား​သော​အ​ခါ၊ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​တည်​ထား​တော်​မူ​သော ရွှေ​ရုပ်​တု​ကို ပျပ်​ဝပ်​ကိုး​ကွယ်​ရ​ကြ​မည်။ မ​ပျပ်​ဝပ်​မ​ကိုး​ကွယ်​ဘဲ​နေ​သော​သူ မည်​သည်​ကို မီး​လောင်​လျက်​ရှိ​သော မီး​ဖို​ထဲ​သို့ ချက်​ချင်း​ချ​ပစ်​စေ​ဟု အ​မိန့်​တော်​မြတ်​ရှိ​သည်​ဟု ဟစ်​ကြော်၏။ ထို​ကြောင့်၊ လူ​အ​ပေါင်း​တို့​သည် တံ​ပိုး၊ ခ​ရာ၊ စောင်း၊ ပု​လွေ၊ တ​ယော၊ ပတ်​သာ အ​စ​ရှိ​သော တူ​ရိ​ယာ​မျိုး တီး​မှုတ်​ခြင်း​အ​သံ​ကို ကြား​သော​အ​ခါ၊ အ​သီး​သီး​အ​ခြား​ခြား​သော ဘာ​သာ​စ​ကား​ကို​ပြော​သော လူ​အ​မျိုး​မျိုး​အ​ပေါင်း​တို့​သည် ပျပ်​ဝပ်၍၊ နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး တည်​ထား​သော ရွှေ​ရုပ်​တု​ကို ကိုး​ကွယ်​ကြ၏။ ထို​အ​ခါ၊ ခါ​လ​ဒဲ​လူ​အ​ချို့​တို့​သည် နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ကြီး​ထံ​တော်​သို့ ချဉ်း​ကပ်​လျက်၊ အ​ရှင်​မင်း​ကြီး၊ အ​သက်​တော်​အ​စဉ်​အ​မြဲ ရှင်​ပါ​စေ။ တံ​ပိုး၊ ခ​ရာ၊ စောင်း၊ ပု​လွေ၊ တ​ယော၊ ပတ်​သာ အ​စ​ရှိ​သော တူ​ရိ​ယာ​မျိုး​တီး​မှုတ်​ခြင်း​အ​သံ​ကို ကြား​သော​သူ​ရှိ​သ​မျှ​တို့​သည် ရွှေ​ရုပ်​တု​ကို ပျပ်​ဝပ်​ကိုး​ကွယ်​ရ​ကြ​မည်။ မ​ပျပ်​ဝပ်​မ​ကိုး​ကွယ်​ဘဲ နေ​သော​သူ​မည်​သည်​ကို မီး​လောင်​လျက်​ရှိ​သော မီး​ဖို​ထဲ​သို့​ချ​ပစ်​စေ​ဟု အ​မိန့်​တော်​မြတ်​ရှိ​ပါ၏။ အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်​သည် ဗာ​ဗု​လုန်​နိုင်​ငံ​တွင် ဝန်​အ​ရာ၌ ခန့်​ထား​တော်​မူ​သော ယု​ဒ​လူ ရှာ​ဒ​ရက်၊ မေ​ရှက်၊ အ​ဗေ​ဒ​နေ​ဂေါ​အ​မည်​ရှိ​သော သူ​တို့​သည် အာ​ဏာ​တော်​ကို ပ​မာ​ဏ​မ​ပြု​ပါ။ ကိုယ်​တော်၏ ဘု​ရား​တို့​ကို ဝတ်​မ​ပြု​ပါ။ တည်​ထား​တော်​မူ​သော ရွှေ​ရုပ်​တု​ကို​လည်း မ​ကိုး​ကွယ်​ပါ​ဟု၊ ယု​ဒ​လူ​တို့​ကို အ​ပြစ်​တင်၍ လျှောက်​ထား​ကြ၏။