YouVersion လိုဂို
ရှာရန် အိုင်ကွန်

ဒံယေလ 1:12-16

ဒံယေလ 1:12-16 JBMLE

အ​ကျွန်ုပ်​တို့ စား​သောက်​စ​ရာ​ဖို့ ဟင်း​သီး​ဟင်း​ရွက်​နှင့် ရေ​ကို​သာ ဆယ်​ရက်​ပတ်​လုံး​ပေး​စမ်း​ပါ။ ထို​နောက်၊ အ​ကျွန်ုပ်​တို့​မျက်​နှာ​နှင့်၊ ပွဲ​တော်​မှ ကြွင်း​သော အ​စာ​ကို​စား​သော လူ​ပျို​တို့၏​မျက်​နှာ​ကို သ​ခင်​ရှေ့၌ စစ်​တော်​မူ​ပါ​စေ။ ကိုယ်​တော်​တိုင်​မြင်​ပြီး​မှ၊ အ​ကျွန်ုပ်​တို့​ကို စီ​ရင်​တော်​မူ​ပါ​ဟု ပြော​လျှင်၊ စား​တော်​ကဲ​သည် ဝန်​ခံ၍ ဆယ်​ရက်​စုံ​စမ်း​လေ​၏။ ဆယ်​ရက်​စေ့​လျှင် သူ​တို့​မျက်​နှာ​သည်၊ ပွဲ​တော်​မှ ကြွင်း​သော​အ​စာ​ကို စား​သော လူ​ပျို​အ​ပေါင်း​တို့၏ မျက်​နှာ​ထက် အ​ဆင်း​လှ၍ ဖွံ့​ဝ​လျက်​ရှိ၏။ ထို​အ​ခါ စား​တော်​ကဲ​သည် သူ​တို့​အ​စာ​ကို​လည်း​ကောင်း၊ သူ​တို့​သောက်​ဖို့ စ​ပျစ်​ရည်​ကို​လည်း​ကောင်း ရုပ်​သိမ်း၍၊ ဟင်း​သီး ဟင်း​ရွက်​နှင့်​သာ ကျွေး​မွေး၏။