YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောလောသဲ 3:8-13

ကောလောသဲ 3:8-13 JBMLE

ယ​ခု​မူ​ကား၊ ထို​အ​မှု​အ​လုံး​စုံ​တို့​ကို​လည်း​ကောင်း၊ အ​မျက်​ထွက်​ခြင်း၊ စိတ်​ဆိုး​ခြင်း၊ မ​နာ​လို​ခြင်း၊ သူ့​အ​သ​ရေ​ပျက်​အောင် ပြော​ဆို​ခြင်း၊ ညစ်​ညူး​သော စ​ကား​ကို သုံး​ခြင်း​တို့​ကို​လည်း​ကောင်း၊ သင်​တို့​နှုတ်​မှ ပယ်​ရှင်း​ကြ​လော့။- အ​ချင်း​ချင်း မု​သား​စ​ကား​ကို မ​ပြော​မ​သုံး​ကြ​နှင့်။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် လူ​ဟောင်း၏ အ​ကျင့်​တို့​နှင့် လူ​ဟောင်း၏​ကိုယ်​ကို ချွတ်​ပယ်၍၊- ဖန်​ဆင်း​တော်​မူ​သော​သူ၏ ပုံ​သ​ဏ္ဌာန်​နှင့်​အ​ညီ၊ မှန်​သော​ပ​ညာ​အား​ဖြင့် အ​သစ်​ပြု​ပြင်​သော လူ​သစ်​ကို ယူ​တင်​ဝတ်​ဆောင်​သော​သူ ဖြစ်​ကြ၏။- ထို​ဖန်​ဆင်း​ပြု​ပြင်​တော်​မူ​ရာ၌ ဟေ​လ​သ​လူ​မ​ရှိ၊ ယု​ဒ​လူ​မ​ရှိ၊ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ခံ​ခြင်း​မ​ရှိ၊ မ​ခံ​ခြင်း​မ​ရှိ၊ လူ​ရိုင်း​မ​ရှိ၊ သ​ကု​သိ​လူ​မ​ရှိ၊ ကျွန်​မ​ရှိ၊ လူ​လွတ်​မ​ရှိ၊ ခ​ရစ်​တော်​သည် အ​လုံး​စုံ​တို့၌ အ​လုံး​စုံ​ဖြစ်​တော်​မူ၏။ ထို​ကြောင့် သင်​တို့​သည် ဘု​ရား​သ​ခင် ရွေး​ကောက်​သော​သူ၊ သန့်​ရှင်း​သော​သူ၊ ချစ်​အပ်​သော​သူ​ကဲ့​သို့၊ သ​နား​စုံ​မက်​ခြင်း၊ ကျေး​ဇူး​ပြု​ခြင်း၊ စိတ်​နှိမ့်​ချ​ခြင်း၊ နူး​ညံ့​သိမ်​မွေ့​ခြင်း၊ စိတ်​ရှည်​ခြင်း​တို့​ကို ယူ​တင်​ဝတ်​ဆောင် ကြ​လော့။- တစ်​ယောက်၌​တစ်​ယောက် အ​ပြစ်​တင်​စ​ရာ​အ​ခွင့် ရှိ​လျှင်၊ အ​ချင်း​ချင်း​သည်း​ခံ၍ အ​ပြစ်​ကို လွှတ်​ကြ​လော့။ ခ​ရစ်​တော်​သည် သင်​တို့၏​အ​ပြစ်​ကို လွှတ်​တော်​မူ​သ​ကဲ့​သို့၊ ထို​နည်း​တူ​ပြု​ကြ​လော့။