YouVersion လိုဂို
ရှာရန် အိုင်ကွန်

ကောလောသဲ 2:6-12

ကောလောသဲ 2:6-12 JBMLE

ထို​ကြောင့် သင်​တို့​သည် သ​ခင်​ယေ​ရှု​ခ​ရစ်​ကို ခံ​ယူ​ပြီး​သည်​ဖြစ်၍၊ ထို​သ​ခင်၌ စိုက်​ပျိုး​ခြင်း၊ တည်​ဆောက်​ခြင်း ရှိ​လျက်၊ နည်း​ဥ​ပ​ဒေ​သ​ကို ခံ​ပြီး​သည်​အ​တိုင်း ယုံ​ကြည်​ခြင်း၌ မြဲ​မြံ​စွာ​စွဲ​လမ်း​လျက်၊- ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ခြင်း​နှင့်​တ​ကွ ယုံ​ကြည်​ခြင်း တိုး​ပွား​ပြည့်​စုံ​လျက်၊ ထို​သ​ခင်၌ ကျင်​လည်​ကြ​လော့။ ခ​ရစ်​တော်၏​တ​ရား​ကို မ​လိုက်၊ လူ​အ​ဆက်​ဆက်​ခံ​သော နည်း​ဥ​ပ​ဒေ​သ​နှင့် လော​ကီ​တ​ရား​နု​ကို လိုက်၍၊ လော​ကီ​ပ​ညာ​နှင့် အ​ချည်း​နှီး​သော ပ​ရိ​ယာယ်​အား​ဖြင့် သင်​တို့​ကို အ​ဘယ်​သူ​မျှ မ​လု​ယူ​မ​ဖျက်​ဆီး စေ​ခြင်း​ငှာ သ​တိ​ပြု​ကြ​လော့။- အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်၏ ဇာ​တိ​အ​ဖြစ်​တော်၏ ပြည့်​စုံ​ခြင်း​အ​ပေါင်း​သည် ခ​ရစ်​တော်၌ ကိုယ်​ထင်​ရှား၍ ကျိန်း​ဝပ်​တော်​မူ၏။- အ​ထွတ်​အ​မြတ် အာ​ဏာ​စက်​ရှိ​သ​မျှ​ကို အုပ်​စိုး​တော်​မူ​သော ထို​သ​ခင်၌ သင်​တို့​သည် စုံ​လင်​ခြင်း​ရှိ​ကြ၏။- ခ​ရစ်​တော်၏ အ​ရေ​ဖျား​လှီး​ခြင်း​အား​ဖြင့် ဇာ​တိ​ပ​က​တိ​အ​ပြစ်၏ ကိုယ်​ကို​ပယ်​ရှင်း၍၊ လက်​ဖြင့်​မ​လုပ်​သော အ​ရေ​ဖျား​လှီး​ခြင်း​ကို ထို​သ​ခင်၌ သင်​တို့​သည် ခံ​ကြ​သည်​ဖြစ်၍၊- ဗ​တ္တိ​ဇံ​အား​ဖြင့် ထို​သ​ခင်​နှင့်​အ​တူ သင်္ဂြိုဟ်​ခြင်း​ကို ခံ​ကြ၏။ ခ​ရစ်​တော်​ကို သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သော ဘု​ရား​သ​ခင်၏ ပြု​ပြင်​အား​ထုတ်​တော်​မူ​ခြင်း​ကို ယုံ​ကြည်​သော​အား​ဖြင့်၊ ဗ​တ္တိ​ဇံ​ကို​ခံ၍ ထို​သ​ခင်​နှင့်​အ​တူ ထ​မြောက်​ခြင်း​သို့ ရောက်​ကြ၏။