YouVersion လိုဂို
ရှာရန် အိုင်ကွန်

အာမုတ် 2:1-8

အာမုတ် 2:1-8 JBMLE

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ မော​ဘ​ပြည်​သည် ဧ​ဒုံ​ရှင်​ဘု​ရင်၏​အ​ရိုး​တို့​ကို ထုံး​ဖြစ်​စေ​ခြင်း​ငှာ မီး​နှင့်​ဖုတ်​သော အ​ပြစ်​သုံး​ပါး​မ​က၊ အ​ပြစ်​လေး​ပါး​ကြောင့် ငါ​သည် ဒဏ်​မ​ပေး​ဘဲ​မ​နေ။ မော​ဘ​ပြည်​အ​ပေါ်​သို့ မီး​ကို​လွှတ်၍၊ ကေ​ရုတ်​မြို့၏​ဘုံ​ဗိ​မာန်​တို့​ကို လောင်​စေ​မည်။ ကြီး​သော အ​သံ​ဗ​လံ​ပြု​ခြင်း၊ အော်​ဟစ်​ခြင်း၊ တံ​ပိုး​မှုတ်​ခြင်း​နှင့်​တ​ကွ မော​ဘ​ပြည်​သည် ဆုံး​ရှုံး​ရ​လိမ့်​မည်။ မော​ဘ​ပြည်​အ​လယ်၌ တ​ရား​သူ​ကြီး​ကို ငါ​ပယ်​ဖြတ်၍၊ သူ​နှင့်​တ​ကွ မှူး​မတ်​အ​ပေါင်း​တို့​ကို ကွပ်​မျက်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ယု​ဒ​အ​မျိုး​သည် ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မူ​ချက်​တို့​ကို​မ​စောင့်၊ ပ​ညတ်​တ​ရား​တော်​ကို စွန့်​ပစ်၍၊ ဘိုး​ဘေး​တို့ လိုက်​ဖူး​သော မိ​စ္ဆာ​ဒိ​ဌိ​အား​ဖြင့် မှား​ယွင်း​သော​အ​ပြစ်​သုံး​ပါး​မ​က၊ အ​ပြစ်​လေး​ပါး​ကြောင့် ငါ​သည် ဒဏ်​မ​ပေး​ဘဲ​မ​နေ။ ယု​ဒ​ပြည်​အ​ပေါ်​သို့ မီး​ကို​လွှတ်၍၊ ယေ​ရု​ရှ​လင်​မြို့၏​ဘုံ​ဗိ​မာန်​တို့​ကို လောင်​စေ​မည်။ တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သည် ဖြောင့်​မတ်​သော​သူ​ကို ငွေ​နှင့်​လည်း​ကောင်း၊ ဆင်း​ရဲ​သော​သူ​ကို ခြေ​နင်း​တစ်​ရံ​နှင့်​လည်း​ကောင်း ရောင်း​သော​အ​ပြစ်၊ ဆင်း​ရဲ​သော​သူ​တို့၏​ခေါင်း​ကို မြေ​မှုန့်​နှင့် ဖုံး​လွှမ်း​စေ​ခြင်း​ငှာ အ​လွန်​အ​လို​ကြီး၍၊ နှိမ့်​ချ​သော​သူ​ကို မ​တ​ရား​သ​ဖြင့် စီ​ရင်​သော​အ​ပြစ်၊ ငါ၏​နာ​မ​မြတ်​ကို​ရှုတ်​ချ​ခြင်း​ငှာ အ​ဘ​နှင့်​သား​သည် တစ်​ဦး​တည်း​သော​မိန်း​မ​ကို ပေါင်း​ဖော်​သော​အ​ပြစ်၊ ပေါင်​ထား​သော​အ​ဝတ်​ကို ခပ်​သိမ်း​သော ယဇ်​ပ​လ္လင်​တို့​အ​နား၌ ခင်း၍​အိပ်​သော​အ​ပြစ်၊ လျော်​ပြစ်​ငွေ​နှ​င့် ဝယ်​သော​စ​ပျစ်​ရည်​ကို သူ​တို့​ဘု​ရား၏​အိမ်၌ သောက်​သော​အ​ပြစ် သုံး​ပါး​မ​က၊ အ​ပြစ်​လေး​ပါး​ကြောင့် ငါ​သည် ဒဏ်​မ​ပေး​ဘဲ​မ​နေ။