YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 8:14-40

တမန်တော် 8:14-40 JBMLE

ရှ​မာ​ရိ​မြို့​သား​တို့​သည် ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ခံ​ယူ​ကြ​ပြီ​ဟု ယေ​ရု​ရှ​လင်​မြို့၌​ရှိ​သော တ​မန်​တော်​တို့​သည် သ​တင်း​ကြား​လျှင်၊ ပေ​တ​ရု​နှင့် ယော​ဟန်​တို့​ကို စေ​လွှတ်​ကြ၏။- ထို​မြို့​သူ​မြို့​သား​တို့​သည် သ​ခင်​ယေ​ရှု၏​နာ​မ၌ ဗ​တ္တိ​ဇံ​ကို ခံ​ရုံ​မျှ​သာ​ရှိ​သ​ဖြင့်၊- တစ်​စုံ​တစ်​ယောက်​သော​သူ​အ​ပေါ်၌ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သက်​ရောက်​တော်​မ​မူ​သေး​သည်​ဖြစ်၍၊ တ​မန်​တော်​တို့​သည် ရောက်​ကြ​လျှင်၊ ဝိ​ညာဉ်​တော်​ကို​ခံ​ရ​မည်​အ​ကြောင်း ထို​မြို့​သူ​မြို့​သား​တို့​အ​ဖို့ ဆု​တောင်း၍၊- ထို​သူ​တို့​အ​ပေါ်၌ လက်​ကို​တင်​သော​အား​ဖြင့် သူ​တို့​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ခံ​ရ​ကြ၏။ တ​မန်​တော်​တို့ လက်​ကို​တင်​သော​အား​ဖြင့် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် သက်​ရောက်​သည်​ကို ရှိ​မုန်​မြင်​လျှင်၊ ငွေ​ကို​ယူ​ဆောင်​ခဲ့၍၊- အ​ကျွန်ုပ်၏ လက်​တင်​ခြင်း​ကို​ခံ​ရ​သော​သူ​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ခံ​စေ​မည်​အ​ကြောင်း အ​ကျွန်ုပ်​အား အ​ခွင့်​ပေး​ပါ​ဟု တောင်း​သော်၊- ပေ​တ​ရု​က၊ ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​ကို ငွေ​နှင့်​ဝယ်​ယူ​မည်​ဟု အ​ကြံ​ရှိ​သော​ကြောင့်၊ သင်​နှင့်​တ​ကွ သင်၏​ငွေ​သည် ပျက်​စီး​ခြင်း​သို့ ရောက်​ပါ​စေ။- သင်​သည် ဤ​အ​မှု​အ​ရာ​နှင့် မ​ဆက်​ဆံ​သော​သူ​ဖြစ်၏။ အ​ကြောင်း​မူ​ကား၊ သင်၏​စိတ်​နှ​လုံး​သည် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ ဖြောင့်​မတ်​ခြင်း​မ​ရှိ။- ထို​ကြောင့် သင်၌ ယ​ခု​ဆိုး​ညစ်​သော​အ​မှု​ကို နောင်​တ​ရ​လော့။ သင်၏​စိတ်​နှ​လုံး၌ ကြံ​စည်​ခြင်း​အ​ပြစ်​ကို လွှတ်​ကောင်း​လွှတ်​လိမ့်​မည် ဖြစ်၍၊ ဘု​ရား​သ​ခင်​ကို တောင်း​ပန်​လော့။- သင်​သည် ခါး​စွာ​သော​သည်း​ခြေ​စွဲ​သည်​ဖြစ်၍၊ ဒု​စ​ရိုက်​အ​နှောင်​အ​ဖွဲ့​နှင့် မ​လွတ်​ကြောင်း​ကို ငါ​သိ​မြင်​သည်​ဟု​ဆို၏။- ရှိ​မုန်​က​လည်း၊ မိန့်​တော်​မူ​သော​အ​ရာ တစ်​စုံ​တစ်​ခု​မျှ အ​ကျွန်ုပ်​အ​ပေါ်​သို့ မ​ရောက်​ပါ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​ကို အ​ကျွန်ုပ်​အ​ဖို့ အ​လို​ငှာ ဆု​တောင်း​တော်​မူ​ကြ​ပါ​ဟု ပြန်​ပြော၏။- တ​မန်​တော်​တို့​သည် သက်​သေ​ခံ၍ သ​ခင်​ဘု​ရား၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟော​ပြီး​မှ၊ ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​သွား​ရာ၊ ရှ​မာ​ရိ​ရွာ​များ​တို့၌​လည်း ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော​ကြ၏။ တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ဖိ​လိ​ပ္ပု​အား၊ သင်​ထ၍ ယေ​ရု​ရှ​လင်​မြို့​မှ ဂါ​ဇ​မြို့​သို့​သွား​ရာ တော​လမ်း​တွင် တောင်​မျက်​နှာ​သို့ သွား​လော့​ဟု ဆို​သည်​အ​တိုင်း၊ ဖိ​လိ​ပ္ပု​သည် ထ၍​သွား​လေ၏။- ထို​အ​ခါ အဲ​သ​ယော​ပိ​ပြည်​ကို​အ​စိုး​ရ​သော မိ​ဖု​ရား​က​န္ဒက်​ထံ၌ ဘုန်း​ကြီး​သော​အ​မတ်​ဖြစ်၍၊ ဘ​ဏ္ဍာ​တော်​ရှိ​သ​မျှ​ကို အုပ်​စိုး​ရ​သော အဲ​သ​ယော​ပိ ပြည်​သား​တစ်​ယောက်​သည် ကိုး​ကွယ်​ခြင်း​ငှာ ယေ​ရု​ရှ​လင်​မြို့​သို့​သွား၍၊- ပြန်​စဉ်​တွင် မိ​မိ​ရ​ထား​ပေါ်၌​ထိုင်​လျက် ပ​ရော​ဖက်​ဟေ​ရှာ​ယ၏ ကျမ်း​စာ​ကို ဖတ်​လေ၏။- ဝိ​ညာဉ်​တော်​က​လည်း၊ ထို​ရ​ထား​သို့ ချဉ်း​ကပ်၍ မှီ​ဝဲ​လော့​ဟု ဖိ​လိ​ပ္ပု​အား ဗျာ​ဒိတ်​ပေး​တော်​မူ​သ​ဖြင့်၊- ဖိ​လိ​ပ္ပု​သည် ရ​ထား​သို့​ပြေး၍ ပ​ရော​ဖက်​ဟေ​ရှာ​ယ၏ ကျမ်း​စာ၌ ဖတ်​သည်​ကို​ကြား​လျှင်၊ ဖတ်​သော​အ​ရာ​ကို နား​လည်​ပါ၏​လော​ဟု မေး​မြန်း၏။- ထို​အ​မတ်​က​လည်း၊ သွန်​သင်​ပဲ့​ပြင်​သော​သူ​မ​ရှိ​လျှင် အ​ဘယ်​သို့ နား​လည်​နိုင်​မည်​နည်း​ဟု​ဆို​ပြီး​မှ မိ​မိ​နှင့်​အ​တူ ဖိ​လိ​ပ္ပု​တက်၍ ထိုင်​နေ​ပါ​မည်​အ​ကြောင်း တောင်း​ပန်၏။ ကျမ်း​စာ၌ ဖတ်​သော​အ​ချက်​ဟူ​မူ​ကား၊ အ​သေ​သတ်​ခြင်း​ငှာ ဆောင်​သွား​သော​သိုး​ကဲ့​သို့ သူ့​ကို​ဆောင်​သွား၍၊ သိုး​သ​ငယ်​သည် အ​မွေး​ညှပ်​သော​သူ​ရှေ့​မှာ မ​မြည်​ဘဲ နေ​သ​ကဲ့​သို့ သူ​သည်​နှုတ်​ကို​မ​ဖွင့်​ဘဲ နေ၏။- နှိမ့်​ချ​ခြင်း​ကို​ခံ​စဉ်​တွင် သူ​တစ်​ပါး​တို့​သည် ထို​သူ​ကို မ​တ​ရား​သ​ဖြင့် စီ​ရင်​ကြ၏။ ထို​သူ၏​အ​သက်​ကို မြေ​ကြီး​က သိမ်း​ရုပ်​သည်​ဖြစ်၍၊ သူ၏​အ​မျိုး​အ​နွယ်​ကို အ​ဘယ်​သူ​ပြ​ညွှန်​မည်​နည်း​ဟု ကျမ်း​စာ​လာ​သ​တည်း။- ထို​အ​မတ်​က​လည်း၊ ပ​ရော​ဖက်​သည် အ​ဘယ်​သူ​ကို ရည်​မှတ်၍ ဤ​သို့​ဆို​ပါ​သ​နည်း။ ကိုယ်​ကို​တည်း ဆို​လို​သ​လော။ သူ​တစ်​ပါး​ကို​တည်း ဆို​လို​သ​လော​ဟု တောင်း​ပန်​လျက်၊- ဖိ​လိ​ပ္ပု​အား မေး​မြန်း​လျှင်၊ ဖိ​လိ​ပ္ပု​သည် မိ​မိ​နှုတ်​ကို​ဖွင့်၍ ထို​ကျမ်း​စာ​ချက်​ကို အ​စွဲ​ပြု​လျက်၊ ယေ​ရှု၏​အ​ကြောင်း​တည်း​ဟူ​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​လေ၏။- ထို​သို့​လမ်း၌​သွား​ကြ​စဉ် ရေ​ရှိ​ရာ​သို့​ရောက်၍၊ အ​မတ်​က​လည်း ဤ​အ​ရပ်​တွင်​ရေ​ရှိ​ပါ၏။ အ​ကျွန်ုပ်​ကို ဗ​တ္တိ​ဇံ​မ​ခံ​စေ​ခြင်း​ငှာ မည်​သည့်​အ​ကြောင်း ဆီး​တား​ပါ​သ​နည်း​ဟု ပြော​ဆို​လျှင်၊- ဖိ​လိ​ပ္ပု​က၊ သင်​သည် စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ ယုံ​ကြည်​လျှင် ခံ​ရ​သည်​ဟု​ဆို​လေ၏။ အ​မတ်​က​လည်း၊ ယေ​ရှု​ခ​ရစ်​သည် ဘု​ရား​သ​ခင်၏ သား​တော်​ဖြစ်​တော်​မူ​ကြောင်း​ကို အ​ကျွန်ုပ်​ယုံ​ကြည်​ပါ​သည်​ဟု ဝန်​ခံ၍၊- ရ​ထား​ကို​ရပ်​စေ​ခြင်း​ငှာ စီ​ရင်​ပြီး​မှ၊ ဖိ​လိ​ပ္ပု​သည် ထို​အ​မတ်​နှင့်​တ​ကွ ရေ​ထဲ​သို့​ဆင်း၍ ဗ​တ္တိ​ဇံ​ကို​ပေး၏။- ရေ​ထဲ​က​တက်​ကြ​လျှင်၊ ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် ဖိ​လိ​ပ္ပု​ကို​ဆောင်​ယူ​တော်​မူ၍၊ အ​မတ်​သည် ဖိ​လိ​ပ္ပု​ကို နောက်​တစ်​ဖန် မ​တွေ့​မ​မြင်​ရ။ ဝမ်း​မြောက်​ဝမ်း​သာ​ခြင်း​နှင့် မိ​မိ သွား​ရ​သော​လမ်း​ကို သွား​လေ၏။- ဖိ​လိ​ပ္ပု​သည်​လည်း အာ​ဇုတ်​မြို့၌ ပေါ်​လာ၍၊ ထို​မြို့​မှ ကဲ​သ​ရိ​မြို့​တိုင်​အောင် မြို့​ရွာ​အ​စဉ်​အ​တိုင်း​လျှောက်​သွား၍ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​လေ၏။