YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 7:48-60

တမန်တော် 7:48-60 JBMLE

သို့​သော်​လည်း ကောင်း​ကင်​ဘုံ​သည် ငါ့​ပ​လ္လင်​ဖြစ်၏။- မြေ​ကြီး​သည် ငါ့​ခြေ​တင်​ရာ​ခုံ​ဖြစ်၏။ အ​ဘယ်​သို့​သော​ဗိ​မာန်​ကို ငါ့​အ​ဖို့ တည်​ဆောက်​ကြ​မည်​နည်း။ အ​ဘယ်​အ​ရပ်​သည် ငါ့​ကျိန်း​ဝပ်​ရာ​အ​ရပ်​ဖြစ်​မည်​နည်း။- ငါ့​လက်​သည် ဤ​အ​ရာ​အ​လုံး​စုံ​တို့​ကို ဖန်​ဆင်း​သည် မ​ဟုတ်​လော​ဟု ထာ​ဝ​ရ​ဘု​ရား၏ ဗျာ​ဒိတ်​တော်​အ​ချက်​ကို ပ​ရော​ဖက်​ပြန်​ကြား​သည်​နှင့်​အ​ညီ၊ အ​မြင့်​ဆုံး​သော​ဘု​ရား​သည် လူ​တို့​လက်​ဖြင့်​လုပ်​သော ဗိ​မာန်၌ ကျိန်း​ဝပ်​တော်​မူ​သည်​မ​ဟုတ်။ လည်​ပင်း​ခိုင်​မာ၍ နှ​လုံး​ဖြင့်​လည်း​ကောင်း၊ နား​ဖြင့်​လည်း​ကောင်း အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ​တို့၊ သင်​တို့​သည် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ကို အ​စဉ်​မ​ပြတ် ဆန့်​ကျင်​ဘက်​ပြု​လေ့​ရှိ​ကြ၏။ သင်​တို့​ဘိုး​ဘေး​များ၏ အ​လေ့​နှင့် သင်​တို့​အ​လေ့​တူ၏။- သင်​တို့​ဘိုး​ဘေး​များ​သည် အ​ဘယ်​ပ​ရော​ဖက်​ကို​မျှ မ​ညှဉ်း​ဆဲ​ဘဲ နေ​သ​နည်း။ ဖြောင့်​မတ်​သော​သူ ကြွ​လာ​တော်​မူ​မည်​အ​ကြောင်း​အ​ရာ​ကို ဟော​ပြော​ပြ​ညွှန်​သော သူ​တို့​ကို ကွပ်​မျက်​ကြ၏။ ထို​ဖြောင့်​မတ်​သော​သူ​ကို​ပင် ယ​ခု​လည်း သင်​တို့​သည် အပ်​နှံ၍ အ​သေ​သတ်​ကြ​ပြီ။- သင်​တို့​သည် ကောင်း​ကင်​တ​မန်​များ ခင်း​ကျင်း​သော​အား​ဖြင့် ပ​ညတ်​တ​ရား​တော်​ကို ခံ​ရ​သော်​လည်း မ​စောင့်​မ​ရှောက်​ကြ​ဟု သ​တေ​ဖန် မြွက်​ဆို၏။ ထို​စ​ကား​ကို​ကြား​လျှင် နှ​လုံး​ကွဲ​ပြတ်​မ​တတ်​ဖြစ်၍၊ သ​တေ​ဖန်၌ အံ​သွား​ခဲ​ကြိတ်​ခြင်း​ကို ပြု​ကြ​လေ၏။- သူ​သည်​လည်း သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့် ပြည့်​သ​ဖြင့်၊ ကောင်း​ကင်​သို့ စေ့​စေ့​ကြည့်​မျှော်၍ ဘု​ရား​သ​ခင်၏ ဘုန်း​တော်​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏ လက်​ယာ​တော်​ဘက်၌ ယေ​ရှု​ရပ်​နေ​သည်​ကို​လည်း​ကောင်း မြင်​လျှင်၊- ကြည့်​ပါ။ ကောင်း​ကင် ဖွင့်​လှစ်​သည်​ကို​လည်း​ကောင်း၊ လူ​သား​သည် ဘု​ရား​သ​ခင်၏​လက်​ယာ​တော်​ဘက်၌ ရပ်​နေ​သည်​ကို​လည်း​ကောင်း၊ ငါ​မြင်​သည်​ဟု ဆို၏။- ထို​သူ​တို့​သည် ပြင်း​စွာ​သော​အ​သံ​နှင့် ဟစ်​ကြော်၍ နား​ကို​ပိတ်​ဆို့​လျက် သူ့​ဆီ​သို့​ညီ​ညွတ်​စွာ တစ်​ဟုန်​တည်း​ပြေး၍၊- မြို့​ပြင်​သို့​နှင်​ထုတ်​ပြီး​မှ ကျောက်​ခဲ​နှင့် ပစ်​ကြ၏။ သက်​သေ​ခံ​တို့​သည်​လည်း မိ​မိ​တို့​အ​ဝတ်​ကို ရှော​လု​အ​မည်​ရှိ​သော လု​လင်၏​ခြေ​ရင်း၌ ထား​ကြ၏။- ကျောက်​ခဲ​နှင့်​ပစ်​ကြ​စဉ် သ​တေ​ဖန်​သည် ပ​တ္ထ​နာ​ပြု​လျက်၊ သ​ခင်​ယေ​ရှု၊ အ​ကျွန်ုပ်၏​ဝိ​ညာဉ်​ကို သိမ်း​ယူ​တော်​မူ​ပါ​ဟု လျှောက်​ဆို၏။- ဒူး​ထောက်​လျက်၊ သ​ခင်၊ ဤ​သူ​တို့​ပြု​သော ဒု​စ​ရိုက်​အ​ပြစ်​ကို မှတ်​တော်​မ​မူ​ပါ​နှင့်​ဟု ကြီး​သော​အ​သံ​နှင့် ကြွေး​ကြော်​ပြီး​မှ ကျိန်း​စက်​လေ၏။ သူ့​ကို ကွပ်​မျက်​သော​အ​မှု​ကို ရှော​လု​သည်​လည်း ဝန်​ခံ​လျက်​ရှိ၏။