YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 7:1-29

တမန်တော် 7:1-29 JBMLE

ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​မင်း​က၊ ဤ​စ​ကား​မှန်​သ​လော​ဟု မေး​သည်​ရှိ​သော်၊- သ​တေ​ဖန်​က၊ ညီ​အစ်​ကို အ​ဘ​တို့ နား​ထောင်​ကြ​ပါ​လော့။ ငါ​တို့​အ​ဘ​အာ​ဗြ​ဟံ​သည်၊ ခါ​ရန်​မြို့၌​မ​နေ​မီ၊ မေ​သော​ပေါ​တာ​မိတိုင်း၌ ရှိ​စဉ်​အ​ခါ၊ ဘုန်း​ကြီး​တော်​မူ​သော ဘု​ရား​သ​ခင်​သည် ထင်​ရှား​တော်​မူ၍၊- သင်​နေ​သော​ပြည်​နှင့်​တ​ကွ အ​မျိုး​သား​ချင်း များ​ထဲ​က​ထွက်​ပြီး​လျှင်၊ ငါ​ပြ​လ​တ္တံ့​သော​ပြည်​သို့ သွား​လော့​ဟု အာ​ဗြ​ဟံ​အား မိန့်​တော်​မူ၏။- ထို​အ​ခါ အာ​ဗြ​ဟံ​သည် ခါ​လ​ဒဲ​ပြည်​မှ​ထွက်၍ ခါ​ရန်​မြို့၌​နေ၏။ သူ၏​အ​ဘ သေ​လွန်​သည်​ရှိ​သော်၊ ယ​ခု​သင်​တို့​နေ​သော ဤ​ပြည်​သို့ ထို​မြို့​မှ ပြောင်း​စေ​တော်​မူ၏။- ဤ​ပြည်၌ ခြေ​နင်း​ရာ​ကို​မျှ အ​မွေ​ပေး​တော်​မ​မူ​သော်​လည်း၊ သူ​မှ​စ၍ သူ၏​သား​မြေး​တို့​အား ဤ​ပြည်​ကို အ​ပိုင်​ပေး​တော်​မူ​မည်​ဟု သား​တစ်​ယောက်​မျှ​မ​ရှိ​မီ က​တိ​ထား​တော်​မူ၏။- သင်၏​အ​မျိုး​အ​နွယ်​သည် သူ​တစ်​ပါး​ပိုင်​သော​ပြည်၌ ဧည့်​သည်​ဖြစ်​ကြ​သ​ဖြင့်၊ သူ​တစ်​ပါး​တို့၌ ကျွန်​ခံ​ခြင်း၊ နှိပ်​စက်​ညှဉ်း​ဆဲ​ခြင်း​ကို အ​နှစ်​လေး​ရာ​ပတ်​လုံး ခံ​ရ​ကြ​လိမ့်​မည်။- သူ​တို့​ကို စေ​ခိုင်း​သော​လူ​မျိုး​ကို​လည်း ငါ​စီ​ရင်​မည်။ ထို​နောက်​မှ သူ​တို့​သည်​ထွက်၍ ဤ​အ​ရပ်၌ ငါ့​အား ဝတ်​ပြု​ကြ​လိမ့်​မည်​ဟု ဗျာ​ဒိတ်​ထား​တော်​မူ၏။- ဘု​ရား​သ​ခင်​သည်​လည်း အ​ရေ​ဖျား​လှီး​ခြင်း​နှင့် ဆိုင်​သော ပ​ဋိ​ညာဉ်​တ​ရား​ကို အာ​ဗြ​ဟံ​အား ပေး​တော်​မူ၏။ ထို​သို့ ဣ​ဇာက်​ကို ဖွား​မြင်၍ ရှစ်​ရက်​မြောက်​သော​နေ့၌ အ​ရေ​ဖျား​လှီး​ခြင်း​ကို​ပေး​လေ၏။ ဣ​ဇာက်​သား ယာ​ကုပ်၊ ယာ​ကုပ်​သား​များ​ကား၊ အ​မျိုး၏ အ​ဘ တစ်​ကျိပ်​နှစ်​ပါး​တည်း။- အ​မျိုး၏​အ​ဘ​တို့​သည်​လည်း ငြူ​စူ​သော​စိတ်​ရှိ၍၊ ယော​သပ်​ကို အဲ​ဂု​တ္တု​ပြည်​သို့ ရောင်း​လိုက်​ကြ၏။ ဘု​ရား​သ​ခင်​သည် သူ့​ကို​စောင့်​မ​တော်​မူ​လျက်၊- အ​လုံး​စုံ​သော ဒု​က္ခ​ဆင်း​ရဲ​ထဲ​မှ ကယ်​နုတ်၍၊ အဲ​ဂု​တ္တု​ပြည်​ကို အ​စိုး​ရ​သော ဖာ​ရော​ဘု​ရင်​ထံ၌ မျက်​နှာ​ပွင့်​လန်း​ခြင်း​နှင့် ပ​ညာ​အ​တတ်​ကို​ပေး​တော်​မူ​သ​ဖြင့်၊ ထို​မင်း​ကြီး​သည် အဲ​ဂု​တ္တု​နိုင်​ငံ​အုပ်​အ​ရာ၊ နန်း​တော်​အုပ်​အ​ရာ၌ ယော​သပ်​ကို​ခန့်​ထား​လေ၏။- ခါ​နာန်​ပြည်​နှင့် အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး၌ အ​စာ​ခေါင်း​ပါး​ခြင်း၊ ကြီး​စွာ​သော​ဆင်း​ရဲ​ခြင်း​ရှိ၍ ငါ​တို့​အ​ဘ​များ၌ စား​စ​ရာ​ကုန်​သော​အ​ခါ၊ အဲ​ဂု​တ္တု​ပြည်​မှာ ဆန်​စ​ပါး​ရှိ​သည်​ဟု ယာ​ကုပ်​သည်​ကြား​လျှင်၊- ငါ​တို့​အ​ဘ​များ​ကို ပ​ထ​မ​အ​ကြိမ်​တွင် စေ​လွှတ်​လေ၏။- ဒု​တိ​ယ​အ​ကြိမ်​တွင် ယော​သပ်​သည် မိ​မိ​ညီ​အစ်​ကို​တို့​အား မိ​မိ​အ​ကြောင်း​ကို ဖော်​ပြ၍၊ ဖာ​ရော​ဘု​ရင်​သည် ယော​သပ်၏​အ​မျိုး​ကို သိ​တော်​မူ၏။- ထို​အ​ခါ ယော​သပ်​သည် စေ​လွှတ်၍ မိ​မိ​အ​ဘ​ယာ​ကုပ်​နှင့်​တ​ကွ အ​ရေ​အ​တွက်​အား​ဖြင့် ခု​နစ်​ကျိပ်​ငါး​ယောက်​သော မိ​မိ​အ​မျိုး​သား​ချင်း​အ​ပေါင်း​တို့​ကို ခေါ်​ပင့်​လေ၏။- ယာ​ကုပ်​သည်​လည်း အဲ​ဂု​တ္တု​ပြည်​သို့​သွား၍ ကိုယ်​တိုင်​မှ​စ​သော ငါ​တို့​အ​ဘ​များ​သည် သေ​လွန်​ကြ၏။- ထို​သူ​တို့​ကို​လည်း ရှေ​ခင်​မြို့​သို့ ပို့​ဆောင်​သ​ဖြင့်၊ ရှေ​ခင်၏​အ​ဘ​ဖြစ်​သော ဟာ​မော်၏​သား​တို့​အား အ​ဖိုး​ငွေ​ကို​ပေး၍​ဝယ်​ပြီ​ဖြစ်​သော သင်္ချိုင်း​တွင်း၌ ထား​ကြ၏။ အာ​ဗြ​ဟံ​အား ဘု​ရား​သ​ခင် ဓိ​ဋ္ဌာန်​တော်​မူ​သော က​တိ​တော်၏ အ​ချိန်​ရောက်​လု​သော​အ​ခါ၊- ထို​လူ​မျိုး​သည် အဲ​ဂု​တ္တု​ပြည်၌ တိုး​ပွား၍၊ ယော​သပ်​ကို မ​သိ​မ​ကျွမ်း​သော မင်း​ကြီး​တစ်​ပါး​ပေါ်​လာ​သည်​တိုင်​အောင် များ​ပြား​ကြ​လေ၏။- ထို​မင်း​ကြီး​သည် ငါ​တို့​အ​ဆွေ​အ​မျိုး​ကို ပ​ရိ​ယာယ်​ပြု​သ​ဖြင့်၊ သူ​ငယ်​များ​ကို အ​သက်​မ​ရှင်​စေ​ခြင်း​ငှာ ပစ်​ထား​ရ​မည်​အ​ကြောင်း ငါ​တို့ အ​ဘ​များ​ကို ညှဉ်း​ဆဲ​နှိပ်​စက်​လေ၏။- ထို​အ​ခါ အ​လွန်​အ​ဆင်း​လှ​သော မော​ရှေ​ကို ဖွား​မြင်​လျှင်၊ သုံး​လ​ပတ်​လုံး အ​ဘ၏​အိမ်​တွင် ကျွေး​မွေး​ကြ၏။- နောက်​မှ​ပစ်​ထား​သည်​ရှိ​သော်၊ ဖာ​ရော​ဘု​ရင်၏​သ​မီး​တော်​သည် ကောက်​ယူ၍ မိ​မိ​သား​အ​ရာ၌ မွေး​စား​လေ၏။- မော​ရှေ​သည်​လည် အဲ​ဂု​တ္တု အ​တတ်​ပ​ညာ အ​လုံး​စုံ​တို့​ကို​သင်၍၊ နှုတ်​သ​တ္တိ၊ လက်​သ​တ္တိ​ရှိ၏။- အ​သက်​လေး​ဆယ်​စေ့​သော​အ​ခါ ဣ​လ​ရေ​လ အ​မျိုး​သား​ဖြစ်​သော မိ​မိ​ညီ​အစ်​ကို​တို့​ကို အ​ကြည့်​အ​ရှု​သွား​မည်​ဟု အ​ကြံ​ရှိ၏။- အ​မျိုး​သား​ချင်း​တစ်​ယောက်​သည် ညှဉ်း​ဆဲ​ခံ​ရ​သည်​ကို မြင်​လျှင် သူ့​ဘက်​က​နေ၍ အဲ​ဂု​တ္တု​လူ​ကို ကွပ်​မျက်​သ​ဖြင့်၊ ထို​ညှဉ်း​ဆဲ​ခံ​ရ​သော သူ​အား အ​နိုင်​ပေး​လေ၏။- ဘု​ရား​သ​ခင်​သည် ဤ​သူ​လက်​ဖြင့် ငါ​တို့​ကို ကယ်​နုတ်​တော်​မူ​မည်​အ​ရာ​ကို ညီ​အစ်​ကို​တို့​သည် နား​လည်​လိမ့်​မည်​ဟု ထင်​မှတ်​သော်​လည်း၊ ထို​သူ​တို့​သည် နား​မ​လည်​ဘဲ​နေ​ကြ၏။- နက်​ဖြန်​နေ့၌ အ​ချင်း​ချင်း ခိုက်​ရန်​ပြု​ကြ​သော သူ​တို့​ရှိ​ရာ​သို့ သွား၍၊ အ​ချင်း​လူ​တို့၊ ညီ​အစ်​ကို​ချင်း ဖြစ်​လျက်​နှင့် အ​ဘယ်​ကြောင့် တစ်​ယောက်​ကို​တစ်​ယောက် ညှဉ်း​ဆဲ​ကြ​သ​နည်း​ဟု ဆို၍ ရန်​ငြိမ်း​ရာ​သို့ သွေး​ဆောင်​သည်​ရှိ​သော်၊- အိမ်​နီး​ချင်း​ကို ညှဉ်း​ဆဲ​သော​သူ​က၊ အ​ဘယ်​သူ​သည် သင့်​ကို ငါ​တို့​အ​ပေါ်​မှာ​အ​ကဲ​အ​မှူး တ​ရား​သူ​ကြီး​အ​ရာ၌ ခန့်​ထား​သ​နည်း။- မ​နေ့​က အဲ​ဂု​တ္တု​လူ​ကို သတ်​သ​ကဲ့​သို့ ငါ့​ကို​သတ်​လို​သ​လော​ဟု ဆို​လျက် မော​ရှေ​ကို​ပယ်၏။- ထို​စ​ကား​ကို​ကြား​လျှင်၊ မော​ရှေ​သည်​ပြေး၍ မိ​ဒျန်​ပြည်၌ ဧည့်​သည်​ဖြစ်​လျက်​နေ​သည်​တွင် သား​နှစ်​ယောက်​ကို မြင်​လေ၏။