YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 4:13-37

တမန်တော် 4:13-37 JBMLE

ထို​သူ​တို့​သည် ပေ​တ​ရု​နှင့် ယော​ဟန်​တို့၏ ရဲ​ရင့်​ခြင်း​သ​တ္တိ​ကို မြင်၍၊ လူ​တတ်​မ​ဟုတ်၊ လူ​သာ​မ​ည​သာ ဖြစ်​သည်​ကို သိ​မှတ်​သ​ဖြင့် အံ့​ဩ၍​နေ​ကြ၏။ ထို​သူ​နှစ်​ယောက်​တို့​သည် အ​ထက်​က​ယေ​ရှု​နှင့်​အ​တူ ရှိ​သည်​ကို သ​တိ​ရ၍​လည်း​ကောင်း၊- အ​နာ​ကင်း​လွတ်​သော​သူ​သည် ထို​သူ​တို့​နှင့်​အ​တူ ရှိ​နေ​သည်​ကို မြင်၍​လည်း​ကောင်း၊ ငြင်း​ခုံ​ဆို​ဖွယ်​ရာ မ​ရှိ​မ​တွေ့​ကြ။- တ​မန်​တော်​တို့​ကို လွှတ်​တော်​မှ ထွက်​သွား​စေ​ပြီး​လျှင်၊ ဤ​သူ​တို့​ကို အ​ဘယ်​သို့​ပြု​ရ​မည်​နည်း။- သူ​တို့​သည် ထင်​ရှား​စွာ​သော နိ​မိတ်​လ​က္ခ​ဏာ​ကို ပြ​ပြီး​သည်​ကို၊ ယေ​ရု​ရှ​လင်​မြို့၌​နေ​သော သူ​အ​ပေါင်း​တို့​သည် သိ​မြင်​ကြ၏။ ငါ​တို့​သည်​လည်း ငြင်း​ခုံ​ခြင်း​ငှာ မ​တတ်​နိုင်​ပြီ။- သို့​သော်​လည်း လူ​များ​အ​ထဲ၌ သာ၍ မ​နှံ့​မ​ပြား​စေ​ခြင်း​ငှာ၊ နောက်​တစ်​ဖန် ထို​နာ​မ​ကို အ​မှီ​ပြု​လျက် အ​ဘယ်​သူ​ကို​မျှ မ​ဟော​မ​ပြော​နှင့်​ဟူ၍ သူ​တို့​ကို ကျပ်​တည်း​စွာ ခြိမ်း​ခြောက်​ကြ​ကုန်​အံ့​ဟု အ​ချင်း​ချင်း​တိုင်​ပင်​ပြီး​မှ၊- တ​မန်​တော်​တို့​ကို​ခေါ်၍၊ ယေ​ရှု၏​နာ​မ​ကို အ​မှီ​ပြု​လျက် ဟော​ပြော​သွန်​သင်​ခြင်း​ကို အ​လျှင်း​မ​ပြု​နှင့်​ဟု အ​မိန့်​ရှိ​ကြ၏။ ပေ​တ​ရု​နှင့် ယော​ဟန်​တို့​က​လည်း၊ ဘု​ရား​သ​ခင်၏ စ​ကား​တော်​ကို​နား​ထောင်​သည်​ထက် သင်​တို့၏​စ​ကား​ကို သာ၍​နား​ထောင်​သော်၊ ဘု​ရား​သ​ခင့်​ရှေ့​မှာ ကောင်း​မည်​မ​ကောင်း​မည်​ကို ဆင်​ခြင်၍ စီ​ရင်​ကြ​လော့။- ငါ​တို့​သည် ကြား​လျက်၊ မြင်​လျက်​ရှိ​သော​အ​ရာ​တို့​ကို မ​ဟော​မ​ပြော​ဘဲ​မ​နေ​နိုင်​ဟု ထို​သူ​တို့​အား ဆို​ကြ၏။- ထို​အ​ခါ တ​မန်​တော်​တို့၌ အ​ပြစ်​ဒဏ်​ပေး​သင့်​သော​အ​ကြောင်း​ကို မ​တွေ့​သ​ဖြင့် တစ်​ဖန် ခြိမ်း​ခြောက်​ပြီး​လျှင် လွှတ်​ကြ၏။- အ​ကြောင်း​မူ​ကား၊ အ​နာ​ကင်း​ခြင်း နိ​မိတ်​လ​က္ခ​ဏာ​ကို ခံ​ရ​သော​သူ​သည် အ​သက်​လေး​ဆယ်​ကျော်​ရှိ​သည်​ဖြစ်၍ လူ​အ​ပေါင်း​တို့​သည် ထို​အ​မှု​ကို​ထောက်​လျက် ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ၏။ တ​မန်​တော်​တို့​သည် လွတ်​သော​အ​ခါ၊ မိ​မိ​တို့ အ​ပေါင်း​အ​သင်း ရှိ​ရာ​သို့​သွား၍၊ မိ​မိ​တို့​အား ယဇ်​ပု​ရော​ဟိတ် အ​ကြီး​တို့​နှင့် လူ​အ​ကြီး​အ​ကဲ​တို့ ပြော​ဆို​သ​မျှ​ကို ပြန်​ကြား​ကြ၏။- ထို​သူ​များ​တို့​သည်​ကြား​ရ​လျှင်၊ တ​ညီ​တ​ညွတ်​တည်း ဘု​ရား​သ​ခင့်​ထံ​သို့​အ​သံ​ကို​လွှင့်​လျက်၊ အ​စိုး​ရ​တော်​မူ​သေ​အ​ရှင်၊ ကိုယ်​တော်​သည် ကောင်း​ကင်၊ မြေ​ကြီး၊ သ​မု​ဒ္ဒ​ရာ​မှ​စ၍ ထို​အ​ရပ်​တို့၌ ရှိ​သ​မျှ​တို့​ကို ဖန်​ဆင်း​တော်​မူ​သော ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ၏။- ကိုယ်​တော်​က​လည်း၊ လူ​မျိုး​တို့​သည် အ​ဘယ်​ကြောင့် ရုန်း​ရင်း​ခတ်​ပြု​ကြ​သ​နည်း။ လူ​စု​တို့​သည် အ​ဘယ်​ကြောင့် အ​ချည်း​နှီး ကြံ​စည်​ကြ​သ​နည်း။- လော​ကီ​ရှင်​ဘု​ရင်​တို့​သည် ထ​ကြ၍၊ မှူး​မတ်​အ​ရာ​ရှိ​တို့​လည်း ထာ​ဝ​ရ​ဘု​ရား​နှင့် ခ​ရစ်​တော်​ကို ရန်​ဘက်​ပြု​လျက် စည်း​ဝေး​ကြ၏​ဟု ကိုယ်​တော်​ကျွန်​ဒါ​ဝိဒ်၏ နှုတ်​ဖြင့် ဗျာ​ဒိတ်​ထား​တော်​မူ​သည်​နှင့်​အ​ညီ၊- ဟေ​ရုဒ်​မင်း၊ ပု​န္တိ​ပိ​လတ်​မင်း​မှ​စ၍ ဣ​သ​ရေ​လ​အ​မျိုး​သား၊ တစ်​ပါး​အ​မျိုး​သား​တို့​သည်၊- ကိုယ်​တော်၏ အ​လို​ရှိ​သည်​အ​တိုင်း၊ ရှေး​မ​ဆွ​က လက်​တော်​ဖြင့် ခွဲ​ခန့်​မှတ်​သား​တော်​မူ​နှင့်​သ​မျှ​တို့​ကို ပြု​ခြင်း​ငှာ ဘိ​သိက်​ပေး​တော်​မူ​သော သား​တော်​မြတ်​ယေ​ရှု​ကို ဤ​မြို့၌​ရန်​ဘက်​ပြု၍ စည်း​ဝေး​ကြ​ပြီ၊ အ​မှန်​ဖြစ်​ပါ၏။- အို ထာ​ဝ​ရ​ဘု​ရား၊ ယ​ခု​အ​ခါ ထို​သူ​တို့၏ ခြိမ်း​ခြောက်​ခြင်း​ကို မှတ်​တော်​မူ​ပါ။- အ​နာ​ရော​ဂါ​ငြိမ်း​စေ​ခြင်း​ငှာ လက်​တော်​ကို ဆန့်​တော်​မူ၍၊ သန့်​ရှင်း​သော သား​တော်​ယေ​ရှု၏ နာ​မ​တော်​အား​ဖြင့် နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို ဖြစ်​စေ​တော်​မူ​စဉ်​တွင်၊ ကိုယ်​တော်၏​ကျွန်​တို့​သည် နှုတ်​က​ပတ်​တ​ရား​တော်​ကို ရဲ​ရင့်​စွာ ဟော​ပြော​ပါ​မည်​အ​ကြောင်း ကယ်​မ​သ​နား​တော်​မူ​ပါ​ဟု ဆု​တောင်း​ကြ၏။- ထို​သို့​ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ပြီး​မှ၊ စု​ဝေး​သော အ​ရပ်​သည် တုန်​လှုပ်၍၊ ထို​သူ​အ​ပေါင်း​တို့​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့် ပြည့်​သ​ဖြင့်၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ရဲ့​ရင့်​စွာ​ဟော​ပြော​ကြ၏။ ယုံ​ကြည်​သော​သူ​အ​ပေါင်း​တို့​သည် စိတ်​နှ​လုံး တ​ညီ​တ​ညွတ်​တည်း​ရှိ​ကြ၍၊ အ​ဘယ်​သူ​မျှ မိ​မိ​ဥ​စ္စာ​တစ်​စုံ​တစ်​ခု​ကို ငါ့​ဥ​စ္စာ​ဟူ၍​မ​ဆို​ဘဲ​လျက်၊ ရှိ​သ​မျှ​သော​ဥ​စ္စာ​တို့​ကို ဆက်​ဆံ​သ​ဖြင့် သုံး​ဆောင်​ကြ၏။- သ​ခင်​ယေ​ရှု ထ​မြောက်​တော်​မူ​ခြင်း​အ​ကြောင်း​ကို တ​မန်​တော်​တို့​သည် ကြီး​သော​တန်​ခိုး​နှင့် သက်​သေ​ခံ၍၊ ထို​သူ​အ​ပေါင်း​တို့​သည် ကြီး​သော​ကျေး​ဇူး​တော်​နှင့် ပြည့်​စုံ​ကြ၏။- ထို​သူ​တို့​တွင် ဆင်း​ရဲ​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။ အ​ကြောင်း​မူ​ကား၊ အိမ်၊ မြေ​ကွက်​ကို ပိုင်​သော​သူ​ရှိ​သ​မျှ​တို့​သည် ရောင်း​ပြီး​လျှင်၊ ရ​သော​အ​ဖိုး​ကို​ယူ​ဆောင်​ခဲ့၍၊- တ​မန်​တော်​တို့၏ ခြေ​ရင်း၌​ထား​ကြ​သ​ဖြင့်၊ လူ​များ​ဆင်း​ရဲ​သည်​အ​တိုင်း အ​သီး​အ​သီး​တို့​အား ဝေ​ငှ​ပေး​ကမ်း​ကြ၏။ ယော​သေ​အ​မည်​ရှိ၍ သက်​သာ​စေ​ခြင်း၏ သား​ဟု​ဆို​လို​သော ဗာ​န​ဗ​အ​မည်​သစ်​ကို တ​မန်​တော်​တို့ သ​မုတ်​ခြင်း​အား​ဖြင့်​ရ​သော ကု​ပ​ရု​ပြည်​သား လေ​ဝိ​လူ​တစ်​ယောက်​သည်၊- မိ​မိ​ပိုင်​သော မြေ​ကို​ရောင်း​ပြီး​လျှင်၊ ရ​သော​ငွေ​ကို​ယူ​ဆောင်​ခဲ့၍ တ​မန်​တော်​တို့၏ ခြေ​ရင်း၌ ထား​လေ၏။